Monday, January 23, 2017

ထူးခြားဆန်းပြား ပီရူးနိုင်ငံမှ နက်ဇ်ကာလိုင်းများ

ဒီတစ်ခါတင်ပြချင်တဲ့ အကြောင်းအရာက ကမ္ဘာ့ထူးဆန်းတဲ့ဒေသတွေမှာ

တစ်ခုအပါအ၀င်ဖြစ်တဲ့ ပီရူးနိုင်ငံ က နက်ဇ်ကာလိုင်း (Nazca Lines) များ

အကြောင်းပါ။

ဒီလိုကြီးမားပြီး စနစ်ကျတဲ့ လမ်းကြောင်းတွေ ရုပ်ပုံတွေ ရှိကြောင်း စတင်

သတိထားမိကြတာ ၁၉၂၀ ခုနှစ်၊ ပီရူးလေယာဉ်လိုင်း ပထမဆုံး စတင်ပြေး

စွဲချိန်ကြမှပါ။ လေယာဉ်ကောင်းကင်ပေါ်ရောက်မှ အောက်က ပီရူးလွင်ပြင်ကြီး

ပေါ်မှာ ရုပ်ပုံကြီးတွေ ပေါ်ပေါက်နေတယ်ဆိုတာ တွေ့မြင်ကြရပါတယ်။

တစ်ချို့ပုံများမှာ ကြီးမားကြသဖြင့် မြေပြင်မှာလမ်းလျှောက်ရင်းကြည့်လျှင်

လမ်းကြောင်းကြီးတွေ အဖြစ်သာ မြင်ရမှာပါ။


ပီရူးလွင်ပြင်ဆိုတာ သဲကန္တာရဆန်တဲ့ လွင်ပြင်ဒေသဖြစ်ကာ ကျောက်တောင်

ကုန်းတောင်တန်း များတည်ရှိပြီး လူသူအရောက်အပေါက်လည်း နည်းလှပါတယ်။

ဒီ ရုပ်ပုံကြီးနှင့်လမ်းကြောင်းကြီးများဟာ တစ်ခုနှစ်ခု သာမဟုတ်ပဲ စတုရန်း

ကီလိုမီတာ ၄၅၀ မျှ ကျယ်ဝန်းတဲ့ လွင်ပြင် အနှံများစွာ တည်ရှိနေကြတာပါ။

တွေ့ရှိပြီးနောက်ပိုင်း ပညာရှင်အသီးသီး၏ ရှာဖွေဖေါ်ထုတ် မှတ်တမ်းတင်မှု

အရ  ဖြောင်းတန်းသော လမ်းကြောင်းကြီးတွေတင်မက အလွန်ကြီးမားသော

ရုပ်ပုံကြီးများကို ဂျီသြမေတြီ ပညာရပ်ဆန်ဆန် ရေးဆွဲထားတာကို အံ့သြဖွယ်

တွေ့ရှိခဲ့ကြပါတယ်။

(၄၆) မီတာရှည်တဲ့ ပင့်ကူပုံစံ ၊ (၅၅) မီတာ ရှည်တဲ့ မျောက်ပုံစံ ၊ 

(၂၈၀)မီတာရှည်တဲ့ ငှက်ပုံစံ ၊ (၅၀)မီတာရှိ အခြားငှက်ပုံစံ တစ်ခု၊ (၁၈၀)မီတာ ရှိ ပုတ်သင်ညို

ကဲ့သို့ ပုံစံ ၊ (၆၅)မီတာရှိ ဝေလငါးပုံစံ စသည်ဖြင့် များစွာရှိကြပြီး အကြီးဆုံးမှာ

၂၈၅ မီတာရှိ ငန်းတစ်ကောင်ပုံစံ ရေးဆွဲထားမှုများကို တွေ့ရှိရပါတယ်။

ရုပ်ပုံများသည် မြေပြန့်လွင်ပြင် တွင်သာမက တောင်ကုန်းတောင်တန်းတွေအပေါ်

မှာပါ ခက်ခက်ခဲခဲ ရေးဆွဲထားတာ တွေ့မြင်ကြရပါတယ်။ ကောင်းကင်ပေါ်မှ

ကြည့်မှသာ ထင်ရှားစွာတွေ့မြင်ရပါတယ်။ 

ထို့ပြင် လူပုံစံကဲ့သို့ ရေးဆွဲထားမှုများ၊ ခွေးပုံစံများ၊

သစ်ပင်ပုံစံများနှင့် အမျိုးအမည်ခွဲခြားရခက်သော ပုံများကိုပါ

တွေ့ရှိရပါတယ်။ 
ရှင်းလင်းကျယ်ပြန့်ပြီး ဖြောင့်တန်းနေသော လေယာဉ်ပြေးလမ်း

ကဲ့သို့ လမ်းကြောင်းကြီးများနှင့် ရှုပ်ထွေးသော လမ်းကြောင်းများကိုပါ တွေ့မြင်

ကြရပါတယ်။ ပုံများစုစုပေါင်း ၃၀၀ ခန့် ရှိပါတယ်။

ပညာရှင်များ၏ သတ်မှတ်ခန့်မှန်းမှုများအရ ဒီလမ်းကြောင်းရုပ်ပုံကြီးများသည်

BC 500 မှ AD 500 ကြားဟု သတ်မှတ်ခဲ့ကြပါတယ်။ တစ်ချို့ကတော့ AD200

လောက်ဟုသတ်မှတ်ကြပါတယ်။ သည်ဒေသ တွင် နေထိုင်သွားကြသော ရှေး

နက်ဇ်ကာမျိုးနွယ်စုများ၏ ဘာသာရေးယုံကြည်မှုကြောင့် ဆွဲသားထားချက်ဟု

ခန့်မှန်းခဲ့ ကြပါတယ်။

ဆွဲသားထားသည့် ရုပ်ပုံများသည် ကြီးမားလှသလို ဂျီသြမေတြီ စနစ်ကျစွာ

အချိုးညီအောင် ထိုခေတ်အချိန်က မည်သည့် ပညာရပ်မျိုးသုံပြီး ဖန်တီးခဲ့ကြ

သနည်း။ မည်သည့်ရည်ရွယ်ချက်မျိုးဖြင့် ကြီးမားသော လွင်ပြင်အနှံ့ ခက်ခဲစွာ

ဖန်တီးခဲ့ကြပါသနည်း။ 
အချို့ပုံများသည် အခြားကမ္ဘာမှပုံများကဲ့သို့ ဘာကြောင့်

ဆွဲထားကြပါသနည်း။လူအင်အား အများအပြား သုံးမှ ရမည့် သည်ဖန်တီးထားမှု

များကို မည်သည့်အင်အား၊ အချိန်ဘယ်လောက်ကြာအောင် ဖန်တီးခဲ့ကြရပါ

သနည်း။… စသည်ဖြင့် မွေးခွန်းပေါင်းများစွာ ဖြင့် ပဟေဠိဆန်ဆန် တည်ရှိနေပါတယ်။

ထို့ပြင် ထိုဒေသရှိ ဒဏ္ဍာရီဆန်ဆန် ပုံပြင်များကလည်း ထူးဆန်းလှသလို ၊

ရှေးဟောင်းပညာရှင်များ၏ ရှာဖွေတူးဖေါ်မှု အချက်အလက်များကလည်း ထူးခြား

လှပါတယ်။ 

ထပ်ပြီး ပဟေဠိဆန်တဲ့ တူးဖေါ်တွေ့ရှိမှုဖြစ်သော ကြီးမားသော

ဦးခေါင်းခွံ ရုပ်ကြွင်းများအကြောင်းလည်းအဖြေရှာရခက်ပါတယ်။ 
 
နက်ဇ်ကာဒေသတွင် တွေ့ရှိခဲ့သော ဦးခေါင်းကြီးမံမီရုပ်အလောင်း
 
ထို့ကြောင့် ရှေးလူသားတို့ ဖန်တီးတည်ဆောက်ထားတဲ့ ထူးခြားအံ့ဖွယ်ကောင်းသော

နက်ဇ်ကာလိုင်းများကတော့ ကမ္ဘာလှည့်ခရီးသွားများနှင့် ပညာရှင်များ၏ သွား

ရောက်လည်ပတ် စူးစမ်းရာ ဒေသတစ်ခု ဖြစ်နေပါတယ်။

ဒီဒေသကို ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်ထိမ်းသိမ်းရာဒေသအဖြစ် ၁၉၉၄ ခုနှစ်မှာ

သတ်မှတ်ခဲ့ပါတယ်။ တည်ရှိတဲ့ ရုပ်ပုံ စာရင်း အချို့ကို တင်ပြပေးလိုက်ပါတယ်။

1.Killer Whale     2. Wing
3. Bird               4. Animal
5. Spiral             6. Lizard
7. Tree               8. Hands
9. Spiral            10. Spider
11. Flower         12. Dog

13. Astronaut     14. Triangle
15. Whale          16. Trapazoids
17. Star             18. Pelican
19. Bird             20. Trapazoid
21. Hummingbird    22. Trapezoid
23. Monkey            24. Llama
25. Trapezoids

 ၂၀၁၆ တွင် အသစ်တွေ့ရှိခဲ့သော ပုံကြီးများ
တွေ့ရှိမှုများသည် မပြီးဆုံးသေးဘဲ နောက်ဆုံး ၂၀၁၆ ခုနှစ်အတွင်း တွင်ပင်
နောက်ထပ် ရုပ်ပုံကြီးများကို ရှာဖွေတွေ့ရှိခဲ့ပါသည်။
 ၂၀၁၆ တွင် အသစ်တွေ့ရှိခဲ့သော ပုံကြီးများ

 နက်ဇ်ကာဒေသတွင် အရုပ်ပုံများ ပြန်ကျဲနေပုံ

 နက်ဇ်ကာဒေသတွင် အရုပ်ပုံများ ပြန်ကျဲနေပုံ

နက်ဇ်ကာလိုင်းများ တည်ရှိနေပုံကို ဂြိုလ်တုမှ ရိုက်ထားသောပုံ  
Feb 3, 2014 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...