
အစ္စရေး နိုင်ငံသား မျက်လှည့်ဆရာ နှင့် ခံနိုင်ရည် ကို ပြသသူ ဟီဇီဒင်း သည် ကမ္ဘာ့စံချိန် ချိုးရန် အတွက် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ ရာဘင်ရင်ပြင် ရှိ ၈၉ ပေ မြင့်သည့် မျှော်စင်ထိပ်ဖျား သို့ မေလ ၁၈ ရက်နေ့ နံနက် တွင် ၀န်ချီ စက် ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။ သူသည် ယင်းနေရာ ၌ ၃၅ နာရီ ကျော်ကြာ မတ်တတ် ရပ်ပြမည် ဖြစ်သည်။ ဟီဇီဒင်း သည် အမေရိကန်နိုင်ငံသား မျက်လှည့်ဆရာ နှင့် ခံနိုင်ရည် ပြသသူ ဒေးဗစ်ဘလိန်း တင်ထားသည့် ကမ္ဘာ့စံချိန် ကို ချိုးရန် ရည်ရွယ်ကြောင်း သိရသည်။ ဒေးဗစ်ဘလိန်း သည် ၂၀၀၂ ခုနှစ် က နယူးယောက် စီးတီးမြို့ ဘရိုင်ယင် ရင်ပြင် ရှိ မျှော်စင်တစ်ခုပေါ် ၌ ၃၅ နာရီ ကြာ နေပြကာ စံချိန် တင်ထား သောကြောင့် ဒင်းက ယင်းစံချိန် ကို ချိုးရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ref: ပြည်မြန်မာ
