Wednesday, September 26, 2012

ချစ်သူအဖြစ် အရွေးခံနိုင်ရန် မှန်ပေါင်သွင်းပြသ


ပြင်သစ်နိုင်ငံရှိ အချစ်အကျိုးဆောင် ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Adopteunmec.frသည် ပဲရစ်မြို့ရှိ ၎င်း၏စတိုးဆိုင်တွင် ပရိုမိုးရှင်းကာလအဖြစ် အမျိုးသား၁၀ဦးကို မှန်ပေါင်အတွင်း ထည့်သွင်းကာ အမျိုးသမီးများနှစ်သက်ရာ ချစ်သူအဖြစ် ရွေးချယ်နိုင်ရန် ပြသထားခဲ့ကြောင်း စက်တင်ဘာလ ၁၄ရက်သတင်း တစ်ရပ်တွင်ဖော်ပြခဲ့သည်။ အဆိုပါစတိုးဆိုင်သည် ယင်းသို့အမျိုးသားများ မှန်ပေါင်အတွင်း ထည့်သွင်းပြသခြင်းကို စက်တင်ဘာ၂၁ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ထိုပြင်သစ်နိုင်ငံအတွင်းရှိ လိုင်ယွန်နှင့် တူးလောက်မြို့အပါအ၀င် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့၊ တူရကီနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့ရှိ Adopteunmec.fr စတိုးဆိုင်များတွင် ယင်းကဲ့သို့ ထည့်သွင်း ပြသသွားမည်ဖြစ်သည်။ အဆိုပါဆိုင်များတွင် ပါဝင်ပြသနိုင်ရန် အမျိုးသားရာပေါင်းများစွာတို့က စာရင်းပေးသွင်းထားသည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...