Saturday, August 4, 2018

ရောင်စုံကျောက်စရစ်ခဲလေးများနှင့်လှပနေသည့် McDonald ရေကန်ကြီး

ကြည်လင်အေးမြလွန်းတဲ့ ရေပြင် ၊ အရောင်စုံတည်ရှိနေတဲ့ ကျောက်စရစ်ခဲလေးများ ၊ ပတ်ဝန်းကျင်တစ်လျောက် လှပသော တောင်တန်းများ ၊ တောအုပ်များကြောင့် အမေရိကန်နိုင်ငံ ၊ မွန်တာနာပြည်နယ်ရှိ McDonald ရေကန်ကြီးဟာ ကျော်ကြားလှပါတယ်။

McDonald ရေကန်ကြီးဟာ Glacier National Park ဧရိယာအတွင်း အကြီးဆုံး သဘာဝကန်ကြီးဖြစ်ပြီး (၁၀ မိုင်) ၁၆ ကီလိုမီတာ ရှည်ပါတယ်။ အကျယ်အားဖြင့် တစ်မိုင်ကျော် (1.6 km) ရှိပြီး ၊ အနက်ဆုံးနေရာဟာ (၄၇၂ ပေ) 130 m အထိနက်ပါတယ်။ ရေပြင်ဧရိယာအားဖြင့် ၆၈၂၃ ဧက (27.6 km2 ) ရှိပါတယ်။

McDonald ရေကန်ကြီးရဲ့ ပတ်လည်တွင် ထင်ရူးပင်တောအုပ်များနဲ့ ၀န်းရံနေပြီး ရေကန်အတွင်း၌ trout ကဲ့သို့ ရေချိုငါးများနဲ့ အခြား ငါးမျိုးစိတ်များစွာလည်း ရှိကြပါတယ်။ ထို့ပြင် ၀က်ဝံများ ၊ သမင်များ၊ ချိုပြားဆတ်ကြီးမျိုးများသည်လည်း ကန်ပတ်ဝန်းကျင် တောအုပ်များတွင် နေထိုင်ကျက်စားကြပါတယ်။
Related Posts Plugin for WordPress, Blogger...