တောင်အာရှ၏ ပထမဆုံးသော ရေအောက်
ငါးပြတိုက်ကြီးကို သီရိလင်္ကာ နိုင်ငံတွင် ဖေဖော်ဝါရီ ၁၈ ရက် တွင်
စတင်ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ Water Word အမည်ရှိ အဆိုပါ ငါးပြတိုက်
အဆောက်အအုံကို နိုင်ငံ အနောက်ပိုင်း ဘီယာဂါမာ ခရိုင် ကီလာနီ မြစ်ကမ်းရှိ
ရှုခင်းသာယာ လှပသည့် ၅ ဧက အကျယ်နေရာတွင်
တည်ဆောက်ထားခြင်း ဖြစ်ပြီး
ရေအောက်ပြတိုက်ကို ပေ ၃၀ အရှည်နှင့် အကျယ် ၃၇ ပေရှိ ဥမင်လိုဏ် ခေါင်း
အတွင်း တည်ဆောက်ထားသည်။ ပြတိုက်တွင် အသုံးပြုထားသည့် မှန်များမှာ ၃ လက်မ
အထူရှိ သည့် ဂျပန် နိုင်ငံလုပ် မှန်များဖြစ်သည်။ ပြတိုက် တည်ဆောက်ရေးအတွက်
လိုအပ်သည့် ကုန်ကြမ်း ပစ္စည်းများကို ကနေဒါနှင့် ထိုင်းနိုင်ငံတို့မှ
မှာယူခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် နယူးဇီလန် နိုင်ငံတို့က နည်းပညာ
အကူအညီများ ထောက်ပံ့ပေး ခဲ့သည်။ ဥမင်လိုဏ်ခေါင်း တစ်ခုကို ၄၇ ပေ
ရှည်လျားသည့် ကွန်ကရစ် လူသွားလမ်းအပေါ်တွင် တည်ဆောက်ထားပြီး ကုန်ကျ စရိတ်မှာ
ရူးပီး သန်း ၆၀ ကုန်ကျခဲ့သည်။