Monday, July 8, 2013

တောင်အာရှ၏ ပထမဆုံးသော ရေအောက် ငါးပြတိုက်ကြီး


တောင်အာရှ၏ ပထမဆုံးသော ရေအောက် ငါးပြတိုက်ကြီးကို သီရိလင်္ကာ နိုင်ငံတွင် ဖေဖော်ဝါရီ ၁၈ ရက် တွင် စတင်ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ Water Word အမည်ရှိ အဆိုပါ ငါးပြတိုက် အဆောက်အအုံကို နိုင်ငံ  အနောက်ပိုင်း ဘီယာဂါမာ ခရိုင် ကီလာနီ မြစ်ကမ်းရှိ ရှုခင်းသာယာ လှပသည့် ၅ ဧက အကျယ်နေရာတွင်
တည်ဆောက်ထားခြင်း ဖြစ်ပြီး ရေအောက်ပြတိုက်ကို ပေ ၃၀ အရှည်နှင့် အကျယ် ၃၇ ပေရှိ ဥမင်လိုဏ် ခေါင်း အတွင်း တည်ဆောက်ထားသည်။ ပြတိုက်တွင် အသုံးပြုထားသည့် မှန်များမှာ ၃ လက်မ အထူရှိ သည့် ဂျပန် နိုင်ငံလုပ် မှန်များဖြစ်သည်။ ပြတိုက် တည်ဆောက်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်း ပစ္စည်းများကို ကနေဒါနှင့် ထိုင်းနိုင်ငံတို့မှ မှာယူခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် နယူးဇီလန် နိုင်ငံတို့က နည်းပညာ အကူအညီများ ထောက်ပံ့ပေး ခဲ့သည်။ ဥမင်လိုဏ်ခေါင်း တစ်ခုကို ၄၇ ပေ ရှည်လျားသည့် ကွန်ကရစ် လူသွားလမ်းအပေါ်တွင် တည်ဆောက်ထားပြီး ကုန်ကျ စရိတ်မှာ ရူးပီး သန်း ၆၀ ကုန်ကျခဲ့သည်။

အဆိုပါ ရေအောက်ငါးပြတိုက်၏ ဥမင်လိုဏ်ခေါင်းကို တည်ဆောက်ရန် သုံးနှစ်နီးပါး စီစဉ်ခဲ့ရသော်လည်း လက်တွေ့ တည်ဆောက်ရာတွင် ၁၃ လသာ ကြာမြင့်ခဲ့သည်။ ပြတိုက် အတွင်း ပြသ ထား သည့် ငါးမျိုးစိတ် ၅၀၀ ကျော်ကို ဒေလီဝါယာ၊ မာတာရာ၊ နေငွန်ဘို၊ ဂေးလ်၊ ထရင်ကိုမာလီနှင့် ဘတ်တီကာလိုအာ စသည့် ဒေသများမှ ဖမ်းဆီး လာခဲ့ခြင်းဖြစ်သည်။ ဥမင်လိုဏ်ခေါင်း အထက်ရှိ ပင်လယ်ရေ ပမာဏမှာ လီတာပေါင်း ၂၀၀၀၀၀ ခန့်ရှိပြီး ယခုကဲ့သို့ ရေအောက် ငါးပြတိုက်ကြီးကို အပြီးတည်ဆောက် ဖွင့်လှစ် နိုင်ခဲ့ခြင်းကြောင့်  လာရောက် လည်ပတ်မည့် သူများအတွက် ငွေေ ကြး အကုန်အကျ သက်သာစွာဖြင့် အတွေ့အကြုံသစ် တစ်မျိုးကို ခံစားရတော့မည် ဖြစ်သည်။ Water Word ရေအောက် ငါးပြတိုက်တွင် ရေချို၊ ရေငန်နှင့် ပင်လယ်မျိုးရင်း တိရိစ္ဆာန်များ အပြင် အပင်များ ကိုလည်း ပြသထားသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...