Wednesday, July 10, 2013

ကမ္ဘာ့အကြီးဆုံးနန်းတော်များ

ကမ္ဘာ့အကြီးဆုံးနန်းတော်များကို ၁ မှ ၁၀ အထိတင်ပေးပါမယ်။
မှတ်တမ်းများဟာ တစ်ခုနှင့်တစ်ခု မတူပဲကွဲပြားပါတယ်။အခုတင်ပြမှာက
အလှပဆုံး၊ အကျော်ကြားဆုံး ၊ စာရင်းမဟုတ်ပဲ တည်ဆောက်ထားတဲ့မြေနေရာနှင့်
အဆောက်အဦးတွေထဲမှာ အကြီးဆုံးနန်းတော် ၊ စံအိမ်များဖြစ်ပါတယ်။
ဒါတောင် wiki နှင့် Guinness  မှတ်တမ်းနှစ်ခုတွင် ကွဲလွဲနေပါသေးတယ်။
ဆက်လက်အားပေးကြပါအုံးနော်...
(၁) Louvre Palace

ပြင်သစ်နိုင်ငံမှာတည်ရှိပြီး ဘုရင့်နန်းတော်အဖြစ် နှစ်ပေါင်း ၃၀၀လောက်အသုံးပြုခဲ့ပါတယ်။
အခုအခါမှာတော့ ပြတိုက်အဖြစ် ဖွင့်လှစ်ထားပါတယ်။
210,000 square metres (2,260,421 sq ft) ကျယ်ဝန်းပြီး wiki စာရင်းတွင် နံပါတ်တစ်
ပေးထားပါတယ်။ သို့သော် ဂရင်းနစ်မှတ်တမ်းမှာတော့ အောက်က နန်းတော်ကိုသာ
ကမ္ဘာ့အကြီးဆုံးလို့မှတ်တမ်းတင်ထားတာကို တွေ့ရှိရပါတယ်။

(၂)  Istana Nurul Iman

ဂရင်းနစ်မှတ်တမ်းမှာတော့ နံပါတ်(၁) အဖြစ်မှတ်တမ်းတင်ထားပါတယ်။
ဘရုနိုင်း နိုင်ငံမှာတည်ရှိပြီး 200,000 square metres (2,152,782 sq ft) ကျယ်ဝန်းပါတယ်။
(၃) Apostolic Palace

ဗာတီကမ်စီးတီးလို့ ခေါ်တဲ့ ပုပ်ရဟန်းမင်း၏ အုပ်ချုပ်ရာ နေရာပါ။
Vatican Palace လို့အသိများကြပါတယ်။ပြတိုက်ပါတွဲဘက်ပါရှိပါတယ်။
162,000 square metres (1,743,753 sq ft) ကျယ်ဝန်းပါတယ်။
(၄) Forbidden City

ဒီနန်းတော်အကြောင်းကို တားမြစ်ထားသောမြို့တော် (The Forbidden City)
ဆိုတဲ့ခေါင်းစဉ်နှင့် ပိုစ့်ရေးထားပါတယ်။ တရုတ်ဧကရာဇ်နန်းတော်ဖြစ်ခဲ့ပြီး
မင်မင်းဆက် မှ ချင်မင်းဆက် (မန်းချူးမင်းဆက်) အထိ အသုံးပြုခဲ့တဲ့နန်းတော်တစ်ခုပါ။
ဧရိယာအားလုံးပေါင်းကတော့ 150,000 square metres (1,614,587 sq ft) ရှိပါတယ်။
(၅) Royal Palace of Madrid

စပိန်နိုင်ငံ မဒရစ်မြို့မှာတည်ရှိပြီး 135,000 square metres (1,453,128 sq ft)
ကျယ်ပါတယ်။
(၆) The Palace of Versailles

ပြင်သစ် မှ Versailles တွင်တည်ရှိပြီး 90,833 square metres (977,718 sq ft)
ကျယ်ပါတယ်။
(၇) Palace of Venaria
 
အီတလီ နိုင်ငံမြောက်ပိုင်းက Turin မှာတည်ရှိပါတယ်။ဘုရင့်တော်ဝင်နေရာအဖြစ်
သမိုင်းဝင်နေရာတစ်ခုဖြစ်ကာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပါတယ်။
80,000 square metres (861,113 sq ft) ကျယ်ပါတယ်။
(၈) Buckingham Palace 

နာမည်ကျော် အင်္ဂလန်နိုင်ငံ၏ ဘာကင်ဟမ်နန်းတော်ပါ။ကမ္ဘာပေးတွင် လက်ရှိ
ကိုယ်တိုင်နေထိုင်အုပ်ချုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံးနန်းတော် အဖြစ်မှတ်တမ်းဝင်ပါတယ်။
77,000 square metres (828,821 sq ft) ကျယ်ပါတယ်။
(၉) Topkapi Palace

တူရကီနိုင်ငံ အစ်စတန်ဘူမှာတည်ရှိပြီး လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော် ၊
အော်တိုမန်အင်ပါယာ အင်အားကောင်းစဉ်က လက်ရာတစ်ခုပါ။
70,000 square metres (753,474 sq ft) ကျယ်ဝန်းပါတယ်။
(၁၀) Quirinal Palace

ဒီနန်းတော်ဟာ Palazzo del Quirinale ဆိုသူကို အစွဲပြုပြီးအမည်ပေးထားတာပါ။
ဒါကြောင့် ကိုယ်ပိုင်နာမည်ပေးထားသော နန်းတော် အဆောက်အဦများတွင်
ကမ္ဘာ့အကြီးဆုံးလို့မှတ်တမ်းတင်ထားပါတယ်။အီတလီမှာပဲတည်ရှိပြီး အဆောက်အဦးကတော့
67,000 square metres (721,182 sq ft) ကျယ်ပါတယ်။
အဆောက်အဦပိုင်မြေ အကျယ်ကတော့ 87,728,720 square feet
(8,150,265 m2) (သို့) 2,014 acresအထိရှိပါတယ်။

သူငယ်ချင်းတို့အတွက် ကွဲလွဲမှုများကိုပါစုစည်းတင်ပေးလိုက်ပါတယ်။
နောင်အခါကျမှ အလှပဆုံး ၊ အကျော်ကြားဆုံး နန်းတော်အဆောက်အဦးများကို
စုစည်းပြီးထပ်တင်ပေးပါမယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............  နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...