Tuesday, April 9, 2013

မော်ရိုကို နိုင်ငံ အတွင်းသို့ ကျရောက်ခဲ့သည့် ကျောက်တုံးသည် နှစ်ပေါင်း ၄ ဒသမ ၅၆ ဘီလီယံ သက်တမ်းရှိ ဗုဒ္ဓဟူး ဂြိုဟ်မှ ဥက္ကာခဲ ဖြစ်နိုင်ကြောင်း


ဝုဒ်လန်း  မတ်  ၃၁
မော်ရိုကို နိုင်ငံ အတွင်းသို့ ၂ဝ၁၂ ခုနှစ်က ကျရောက်ခဲ့သော NWA 7325 ဟု အမည် ပေးထားသည့် အစိမ်းရောင် ကျောက်တုံးသည်
နေနှင့် အနီးဆုံးဂြိုဟ် ဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်မှ ဖြစ်နိုင်ပြီး အက်စ်တီရွိုက် သို့မဟုတ် အင်္ဂါဂြိုဟ်မှ မဟုတ်ကြောင်း ဥက္ကာခဲ သိပ္ပံပညာရှင် အန်ထော်နီ အဲဗင်းက ယခုလ အတွင်း တက်စ်ဆက် ပြည်နယ်  ဝုဒ်လန်းမြို့တွင် ပြုလုပ်သော (၄၄) ကြိမ်မြောက် လနှင့်ဂြိုဟ်များ ဆိုင်ရာ သိပ္ပံပညာ ဆွေးနွေးပွဲတွင် လေ့ လာ တွေ့ရှိမှု အသစ်တစ်ရပ် အဖြစ် ထုတ်ဖော် ပြသခဲ့သည်။

စပိန်နိုင်ငံရှိ အယ်လ်ဟီယာရိုကျွန်း ငလျင်လှုပ်ရှားမှုကြောင့် ရွေ့လျားလျက်ရှိဟု ဆို


မက်ဒရစ်   ဧပြီ   ၁
မကြာသေးမီ ရက်ပိုင်းအတွင်းက မြေငလျင် လှုပ်ခတ်မှုကြောင့် စပိန်နိုင်ငံရှိ အယ်လ်ဟီယာရို ကျွန်းသည်
အရှေ့ဘက်သို့ ရွေ့လျား သွားပြီး ၁၁ စင်တီမီတာ အမြင့်သို့ မြင့်တက် သွားကြောင်း ပြည်တွင်း သတင်း ဌာနက မတ် ၃ဝ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ဈေး အကြီးဆုံး စိန်စီရှူးဖိနပ်


လန်ဒန် ဧပြီ  ၂
စတာလင်ပေါင် ၂၇၆ဝဝဝ တန်ဖိုးရှိ "The Diamond Shoe" အမည်ရှိ စိန်စီရှူးဖိနပ် သည် ကမ္ဘာ့ဈေး အကြီးဆုံး ရှူးဖိနပ် အဖြစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။
နယူးဇီလန် နိုင်ငံမှ ဒီဇိုင်နာ ကာသာရင် ဝီလ်ဆင်က ယင်းဖိနပ်အား ပေါင်တစ်သန်း တန်ဖိုးရှိ စိန်ဖြူလေးပုံ တစ်ပုံခန့်ကို အသုံးပြု၍ Sarah Hutchings of Auckland's Orsini Fine ကျောက်မျက်ရတနာ ကုမ္ပဏီ၏ အကူ အညီဖြင့် ဖန်တီးခဲ့သည်။

သင်းခွေချပ်အကြောင်း သိကောင်းစရာ



  သင်းခွေချပ် (Pangolin) သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ ခန္ဓာကိုယ်ကို မာကျောသော အကြေးခွံ များဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တခုနှင့်တခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပ အန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာ ဝတ်စုံ သဖွယ် ဖန်တီးပေး ထားသည်။ အန္တရာယ်နှင့် ကြုံလာသောအခါ သင်းခွေချပ် များသည် ဘောလုံးသဖွယ် ကိုယ်ကို လုံးလိုက်ခြင်း အားဖြင့် မာကျောသော အလုံးကြီး ဖြစ်သွားသည်။

ခွဲစိတ် ကုသမှုကြောင့် မျက်နှာပြင် တစ်ခြမ်း ဆုံးရှုံးသွားခဲ့သည့် အမျိုးသားတစ်ဦး အတွက်3D မျက်နှာပြင် ဗြိတိသျှ ဆရာဝန်များ ဖန်တီး


လန်ဒန်  ဧပြီ  ၂
လွန်ခဲ့သော လေးနှစ်ခန့်က ဗြိတိန် နိုင်ငံမှအဲရစ် မော်ဂျာအမည်ရှိ အမျိုးသားတစ်ဦး၏ မျက်နှာပြင် အရေပြားအောက်တွင် တင်းနစ်ဘောလုံး အရွယ်ရှိ အသားပိုများ ထွက်ရှိလာမှုကို ဆရာဝန်များက ရှာဖွေတွေ့ ရှိခဲ့ပြီး ၎င်းအသား ပိုများအား အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရသည်ဟု သိရသည်။
ထိုသို့ ခွဲစိတ် ကုသမှုပြုရာတွင် ဆရာဝန်များက အဆိုပါ အမျိုးသား၏ မျက်နှာဘယ်ဘက်ခြမ်းရှိ မျက်လုံး၊ ပါးစောင်ရိုးနှင့် မေးရိုးများ ဖယ်ရှားပစ်ခဲ့ရသည်။

လူမျက်နှာ အရွယ်အစားရှိ အဆိပ်ရှိ ပင့်ကူ မျိုးစိတ်သစ် တစ်မျိုး သီရိလင်္ကာ နိုင်ငံတွင် တွေ့ရှိ


ကိုလံဘို  ဧပြီ  ၅
လူမျက်နှာ အရွယ်အစား ရှိသော Ta-Rantula အမျိုးအစား အဆိပ်ရှိ ပင့်ကူ မျိုးစိတ်သစ် တစ်မျိုးကို သီရိ လင်္ကာ နိုင်ငံတွင် ဇီဝမျိုးကွဲ လေ့လာရေးနှင့် သုတေသန အဖွဲ့ (BER) မှ သိပ္ပံပညာရှင် များက ရှာဖွေတွေ့ရှိ ခဲ့ကြသည်။
အဆိုပါ ပင့်ကူ၏ ခြေထောက်များသည် ၂ဝ စင်တီမီတာအထိ ရှည်လျားပြီး ၎င်းပင့်ကူကြီး၏ အမည်ကို သုတေသန အဖွဲ့အား လမ်းပြပေးခဲ့သော ထိပ်တန်း ရဲအရာရှိ မိုက်ကယ်ရာဂျာ ကူမာပူရာ ဂျက်ရှ်ကို ဂုဏ်ပြု သောအားဖြင့် Poecilotheria rajaei ဟု အမည် ပေးထားကြောင်း သိရသည်။

အင်တာနက်ဂိမ်းဆိုင်တွင် တရုတ်ဂိမ်းဝါသနာရှင်တစ်ဦးက ခြောက်နှစ်ကျော် နေ့ရောညပါ ဂိမ်းကစားခဲ့


တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်ပြည်နယ် ချောင်ချန်မြို့မှ တရုတ်ဂိမ်းဝါသနာရှင်တစ်ဦးသည် ခြောက်နှစ်ကျော်ကြာအောင် အင်တာနက်ဂိမ်းဆိုင်တွင် နေ့ရောညပါ ဂိမ်းကစားခဲ့သည်။ ၎င်းသည် စားချိန်နှင့် ရေချိုးချိန်များတွင် ပြင်ပသို့ ခဏတဖြုတ် ထွက်ချိန်မှလွဲ၍ ဂိမ်းကစားရင်း အိပ်ချိန်များကိုပင်  ၎င်းဂိမ်းဆိုင်အတွင်း၌သာ ခဏတဖြုတ်အိပ်စက် အနားယူလေ့ရှိသည်။

ဖောက်ထွင်းဝိဇ္ဇာ ခေါင်းစွပ်မေ့ကျန်ခဲ့


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဈေးဆိုင်တစ်ဆိုင်ကို နှင်းများထူထပ်နေသော ညဥ့်အချိန်၌ ဖောက်ထွင်းရန်ကြံစည်သူ ဖောက်ထွင်းဝိဇ္ဇာတစ်ဦးသည် ဆိုင်ခန်းအတွင်း မ၀င်ရောက်မီ ခေါင်းစွပ်မေ့ကျန်ခဲ့သော ကြောင့်တစ်ခေါက် ပြန်လည်ယူဆောင်နေ ပုံ ကိုဆိုင်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာမှတစ်ဆင့် တွေ့ရှိရသည်။

ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းတစ်ကောင်တွေ့ရှိ


မေးရိုးနှစ်ခုပါရှိသော ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းတစ်ကောင်ကို မက္ကဆီကို ပင်လယ်ကွေ့အနီးတွင် အမေရိကန် ငါးဖမ်းသမားများက ဖမ်းဆီးရမိခဲ့ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက မတ်လ၂၆ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။  မီချီဂန်ပြည်နယ်အခြေစိုက် အမေရိကန် သိပ္ပံပညာရှင်များသည် တွေ့ရှိချက်များအရ အဆိုပါဘူးလ်ငါးမန်းတွင် ခေါင်းနှစ်လုံးပါရှိသည့်အပြင် နှလုံးနှစ်ခုနှင့် အစာအိမ်နှစ်ခုပါရှိပြီး အမြီးတစ်ခုသာ ပါရှိသည်ကိုတွေ့ရသည်။

စင်ဒရဲလား ဇာတ်ဝင်ခန်းကဲ့သို့ ဟိုတယ်ပုံစံ ဝေါလ်ဒစ္စနေမိသားစု ဖွင့်လှစ်ထား


စင်ဒရဲလား ကာတွန်းရုပ်ရှင် ဇာတ်ဝင်ခန်းများတွင် ပါဝင်သော ရဲတိုက်ကဲ့သို့ပုံစံတူ ဟိုတယ်နှင့် အိပ်ခန်းများကို ဝေါလ်ဒစ္စနေမိသားစုက အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဘူနာဗစ္စတာဒေသတွင် ဖွင့်လှစ်ထားခဲ့သည်။ ဟိုတယ်တွင်ကြီးမားသော အိပ်ခန်းများ သက်တောင့်သက်သာ ရှိစေမည့် ဆိုဖာများနှင့် ခန်းဝင်ဒီဇိုင်းများကို စင်ဒရဲလား ဇာတ်ဝင်ခန်းများအတိုင်း ဖန်တီးပြုလုပ်ထားသည်။ ထို့ပြင်ရွှေဖရုံသီး ရုပ်တုပေါင်းများစွာကိုလည်း ဟိုတယ်အတွင်း အလှထားရှိခဲ့သည်။

ကမ္ဘာ့အသေးဆုံး ဖုန်းအားသွင်းစက်ကို အမေရိကန်နိုင်ငံက တီထွင်


အလျားတစ်လက်မ ကျော်ခန့်သာရှိသော ဖုန်းအားသွင်းစက်တစ်ခုကို မက်ဆာချူးဆက်ပြည်နယ်ရှိ Devotecစက်ရုံမှ တီထွင်လိုက်ကြောင်း သိရသည်။ ယင်းဖုန်းအားသွင်းစက်သည် သော့ချိတ်တစ်ခု အရွယ်အစားခန့်သာရှိပြီး တစ်ခါအားသွင်းလျှင် စကားပြောချိန် မိနစ်၂၀မှ ၃၀အထိ ဘက်ထရီအားကို ဖြည့်ပေးနိုင်ကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ ခရီးသွားဧည့်သည်များ စွန့်စွန့်စားစား သွားရောက်ကြည့်ရှု


ရုရှားနိုင်ငံ အရှေ့ဖျားဒေသရှိ ပလိုစကီတိုလ်ဘာချစ်ခ် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ ခရီးသွားဧည့်သည်များ စွန့်စွန့်စားစား သွားရောက်ကြည့်ရှုနေသည်ကို ရုရှားဓာတ်ပုံဆရာ ဒင်းနစ်ဘူနောဖ်က မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ဘူနောဖ်သည် မီးတောင်ပေါက်ကွဲမှုကဲ့သို့ ထူးဆန်းအံ့သြဖွယ် ဖြစ်ရပ်များကို လှည့်လည်ရှာဖွေကာ ဓာတ်ပုံရိုက်ကူးသူ ၀ါသနာရှင်တစ်ဦးဖြစ်သည်။

၁၅ပေါင်နှင့် ၇အောင်စ အလေးချိန်ရှိသော ကလေးကြီး ဗြိတိန်၌ဖွားမြင်


အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ဂလော်စတာရှိုင်းယားပြည်နယ် ချယ်လ်တင်ဟမ်မြို့တွင် ၁၅ပေါင်နှင့် ၇အောင်စ အလေးချိန်ရှိသော အံ့ဖွယ်ကလေးကြီးကို ဖွားမြင်ခဲ့သည်။ ဂျော့ခ်ျအမည်ရှိ ၎င်းကလေးသည် ဖွားမြင်စဉ်ကပင် ၂ပေနှင့်၂လက်မ ရှည်လျားပြီး အသက်ရှင်လျက် ဖွားမြင်နိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း စိန့်မီလ်ရှယ်ဆေးရုံမှ သားဖွားဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

ဆော်ဒီအာရေးဘီးယား လူစွန့်စားများက ဘီးနှစ်ဘီးဖြင့်ကားမောင်းပြီး စတန့်အမျိုးမျိုးပြသခဲ့ကြ


ဆော်ဒီအာရေးဘီးယား နိုင်ငံမြောက်ပိုင်း ဟာအိုင်းအယ်လ်မြို့တွင် ဆော်ဒီစတန့် အဖွဲ့တစ်ဖွဲ့သည် ကားတစ်စီးပေါ်တွင် စတန့်အဖွဲ့သားများ လိုက်ပါစီးနင်းပြီး ဘီးနှစ်ဘီးနှင့် ကားမောင်းကာ စတန့်အမျိုးမျိုးပြသခဲ့ကြသည်။ ယင်းစတန့်အဖွဲ့သည် ဘီးနှစ်ဘီးဖြင့် ကားမောင်းနေရုံမျှမက ကျန်တစ်ဖက်တစ်ချက်မှာ ကားဘီးများကိုလဲလှယ်ခြင်း၊ မတ်တတ်ရပ်ပြခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုး စတန့်ပြသခဲ့ရာ ပရိသတ်များက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။
ref:ပြည်မြန်မာ

ကြက်ဥထက်အဆပေါင်း ရာချီကြီးမားသည့် ငှက်ဥ



အမြင့်၃၀စင်တီမီတာ (၁၂လက်မ)၊ အချင်း၂၁စင်တီမီတာ (၈လက်မ)အထိ ကြီးမားလှသည့် ငှက်ဥကိုစတာလင်ပေါင် သုံးသောင်းဖြင့် လေလံတင် ရောင်းချနေပြီဖြစ်သည်။ အလေးချိန်၈၈၀ ပေါင်(၄၀၀ကီလိုဂရမ်)မျှရှိသည့် အဆိုပါငှက်ဥသည် ကြက်ဥထက် အဆပေါင်း ၁၆၀အထိ ကြီးမားပြီး ရာစုနှစ်ပေါင်းများစွာ ကတည်းကပင် မျိုးသုဉ်းပျောက်ကွယ်သွားသော ဆင်ငှက် ElephantBird၏ ဥပင်ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...