Tuesday, April 9, 2013

စင်ဒရဲလား ဇာတ်ဝင်ခန်းကဲ့သို့ ဟိုတယ်ပုံစံ ဝေါလ်ဒစ္စနေမိသားစု ဖွင့်လှစ်ထား


စင်ဒရဲလား ကာတွန်းရုပ်ရှင် ဇာတ်ဝင်ခန်းများတွင် ပါဝင်သော ရဲတိုက်ကဲ့သို့ပုံစံတူ ဟိုတယ်နှင့် အိပ်ခန်းများကို ဝေါလ်ဒစ္စနေမိသားစုက အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဘူနာဗစ္စတာဒေသတွင် ဖွင့်လှစ်ထားခဲ့သည်။ ဟိုတယ်တွင်ကြီးမားသော အိပ်ခန်းများ သက်တောင့်သက်သာ ရှိစေမည့် ဆိုဖာများနှင့် ခန်းဝင်ဒီဇိုင်းများကို စင်ဒရဲလား ဇာတ်ဝင်ခန်းများအတိုင်း ဖန်တီးပြုလုပ်ထားသည်။ ထို့ပြင်ရွှေဖရုံသီး ရုပ်တုပေါင်းများစွာကိုလည်း ဟိုတယ်အတွင်း အလှထားရှိခဲ့သည်။
အဆိုပါဟိုတယ်ကို ဝေါလ်ဒစ္စနေရုပ်ရှင် ကုမ္ပဏီပိုင်ရှင် မစ္စတာဝေါလ်က စတင်ဆောက်လုပ်ခဲ့ပြီး မပြီးပြတ်သေးသော ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းများကို ကျန်ရစ်သူမိသားစုက ၂၀၀၅ခုနှစ်မှစတင်၍ ဆက်လက်လုပ်ကိုင်ခဲ့သည်။ထိုကဲ့သို့ ထူးခြားဆန်းပြားသော အတွေ့အကြုံများကိုအခြား ပြင်ပနေရာများတွင် ရရှိခံစားနိုင်ရန် လွယ်ကူမည်မဟုတ်ကြောင်း ၎င်းဟိုတယ်တွင် လာရောက်တည်းခိုသူတစ်ဦးက ABCသတင်းဌာနသို့ ၎င်း၏အတွေ့အကြုံကို ပြောပြသွားခဲ့သည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...