Tuesday, April 9, 2013

ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းတစ်ကောင်တွေ့ရှိ


မေးရိုးနှစ်ခုပါရှိသော ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းတစ်ကောင်ကို မက္ကဆီကို ပင်လယ်ကွေ့အနီးတွင် အမေရိကန် ငါးဖမ်းသမားများက ဖမ်းဆီးရမိခဲ့ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက မတ်လ၂၆ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။  မီချီဂန်ပြည်နယ်အခြေစိုက် အမေရိကန် သိပ္ပံပညာရှင်များသည် တွေ့ရှိချက်များအရ အဆိုပါဘူးလ်ငါးမန်းတွင် ခေါင်းနှစ်လုံးပါရှိသည့်အပြင် နှလုံးနှစ်ခုနှင့် အစာအိမ်နှစ်ခုပါရှိပြီး အမြီးတစ်ခုသာ ပါရှိသည်ကိုတွေ့ရသည်။
၂၀၁၁ခုနှစ်ဝန်းကျင် မက္ကဆီကိုပင်လယ်ကွေ့အတွင်း ကမ်းလွန်ပင်လယ်ရေနံ တူးဖော်ရေးလုပ်ငန်းမှ ရေနံယိုစိမ့်မှုများအကြီးအကျယ်ဖြစ်ပွားပြီးနောက်ပိုင်း ထိုဒေသအတွင်း ပင်လယ်သတ္တ၀ါများနှင့် ငါးမန်းမျိုးစိတ်အခိျု့သည် ခေါင်းနှစ်လုံးပါရှိသော ရေနေသတ္တ၀ါများ မွေးဖွားလာသည်ကို တွေ့ရသည်။ လူသားများကို အန္တရာယ်ပေးနိုင်သည့် ဘူးလ်ငါးမန်းမျိုးစိတ်များအနက် ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းကို ထိုသို့တွေ့ရှိရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ထိုခေါင်းနှစ်လုံးနှင့် နွားငါးမန်းကို ဖလော်ရီဒါကီး ကွန်မြူနတီကောလိပ်နှင့် မီချီဂန်ပြည်နယ် ဇီဝဗေဒဆိုင်ရာ ငါးမျိုးစိတ်လေ့လာရေး သုတေသနပညာရှင် မစ္စတာဝက်ဂ်နာက စူးစမ်းလေ့လာနေစဉ် သေဆုံးသွားခဲ့ရကြောင်း သိရသည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...