ဒတ်ခ်ျလူမျိုး သမိုင်းပညာရှင် Jo Hedwig Teeuwisse သည် ဒုတိယကမ္ဘာစစ်အတွင်းက
စစ်သားများ၊ အရပ်သားများ၏ လှုပ်ရှားသွားလာခဲ့သည့် သမိုင်းဝင်ဓာတ်ပုံများကို
ယနေ့လက်ရှိကာလ ဓာတ်ပုံများနှင့် ပေါင်းစပ်ဖန်တီးလျက် သူမ၏ Ghosts of War
စာတမ်းတွင် ဖော်ပြသည်။ Jo က ဒုတိယကမ္ဘာစစ်အတွင်း ဓာတ်ပုံများကို စုဆောင်းကာ
ထိုဓာတ်ပုံများတွင် ပါဝင်သည့် နေရာများ၏ ယနေ့လက်ရှိကာလ ဓာတ်ပုံများနှင့်
ပေါင်းစပ်ဖန်တီး ပြသခဲ့ခြင်းဖြစ်သည်။ “ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ
သမိုင်းဖြစ်ရပ်တွေ ရှိခဲ့၊ ဖြစ်ခဲ့တယ်ဆိုတာ သတိပြုမိအောင်
ကြိုးပမ်းခဲ့တာပါ”ဟု သူမကဆိုသည်။
နေခရမ်း....
|