Friday, October 21, 2016

အရှေ့တောင်အာရှတွင် အမြင့်ဆုံး ခါကာဘိုရာဇီတောင်


အရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင်များတွင် မြန်မာပြည်မှ တောင်များသည်
အများဆုံးပါဝင်နေပါသည်။ ထိုအထဲကမှ အရှေ့တောင်အာရှ နှင့် မြန်မာပြည်တွင်
အမြင့်ဆုံးဖြစ်သော ခါကာဘိုရာဇီတောင် အကြောင်း တင်ပြချင်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%206/A-beautiful-scene-of-residences-seen-with-snow-capped-mountains-in-the-background-of-Khakaborazi-National-Park..jpg
တည်နေရာ
ခါကာဘိုရာဇီတောင်သည် အရှေ့တောင်အာရှ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံး တောင် ထိပ်ပဲ ဖြစ်ပါတယ်။
ခါကာဘိုရာဇီတောင်နှင့် ဂမ်လန်ရာဇီတောင်တို့သည် မြန်မာနိုင်ငံတွင် အမြင့်ဆုံး
တောင်များဖြစ်ပြီး ဆက်စပ်တည်ရှိနေကြပါသည်။
ခါကာဘိုရာဇီတောင် သည် ဟိမ၀န္တာတောင် တန်းနှင့်
ဆက်စပ်နေပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၅၈၈၁ မီတာ (၁၉၂၉၆ ပေ)မြင့်ပါသည်။
အချို့မှတ်တမ်း မူကွဲများတွင် ၁၉,၃၁၄ ပေ မြင့်သည်ဟု ဆိုကြပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%206/2494315_orig.jpg
မြောက်လတ္တီတွဒ် ၂၈°၁၈' နှင့် အရှေ့လောင်ဂျီတွဒ် ၉၇°၃၂' ကြားတွင်ရှိသည်။
မြန်မာနိုင်ငံမြောက်ဘက်စွန်း ကချင်ပြည်နယ်တွင် တည်ရှိသည်။
Related Posts Plugin for WordPress, Blogger...