Tuesday, February 14, 2017
အသက်ဝင်လှပသော 3D ပန်းချီများ (၄)
ဒီတစ်ခါ တင်ပေးမှာကတော့ Stefan Pabst ဆိုသူ ပန်းချီပညာရှင်
တစ်ဦး၏ လက်ရာမြောက်လှသော 3D ပုံလေးများပါ။
ဒီလိုပုံလေးမျိုးများကို ဖန်တီးရေးဆွဲပုံ Video File ကိုလည်း
သီးခြားတင်ပေးဖူးပါတယ်။ အားပေးကြည့်ရှု့လိုက်ရအောင်….
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၁၃)
သူငယ်ချင်းတို့ ၁၈၄၀ ခုနှစ်ခန့်က အီဂျစ်တိုင်းပြည်က အဖြစ်အပျက်
လေးတစ်ခုကို တင်ပြချင်ပါတယ်။ ဒါကတော့ တစ်ချို့ကိစ္စတွေက
သက်သာမလားလို့ လုပ်လိုက်ပေမယ့် မြွေပါလည်းဆုံး ၊ သားလည်း
ဆုံး ဖြစ်သွားရတဲ့ အဖြစ်အပျက် တစ်ခုပါ။
ထိုအချိန်က စစ်မှုထမ်းရတဲ့ ဘဝဟာ အလွန်ကို ခက်ခဲပင်ပန်းဆင်းရဲ
ကြပါတယ်။ ဒါကြောင့်အီဂျစ်လူမျိုးတွေက စစ်မှုမထမ်း စစ်ထဲမဝင်လို
ကြလို့ သူတို့ ရဲ့မျက်လုံးတစ်လုံးကို ထိုးဖောက်ပြီး ကန်းအောင်လုပ်လိုက်
ကြပါတယ်။အင်္ဂါမစုံရင် စစ်မှုမထမ်းရတော့ဘူးပေါ့။
ဒါပေမယ့် အီဂျစ်ဘုရင် မိုဟာမက်အလီက တပ်ရင်းကြီးနှစ်ခု ကိုအသစ်
ဖွဲ့စည်းလိုက်ပါတယ်။ ဒီတပ်နှစ်တပ်မှာ မျက်စိတစ်ဘက် ကန်းနေတဲ့
သူတွေချည်းပဲပါဝင်ဖွဲ့စည်းလိုက်ပါတယ်။ဒီတပ်ရင်းနှစ်ခုဟာ နောင်နှစ်
ပေါင်း ငါးဆယ်ကြာ အောင်ဆက်လက်တည်ရှိခဲ့ပါတယ်။
စစ်ထဲဝင်ရမှာကြောက်လို့ မျက်စိတစ်လုံး ကန်းအောင် လုပ်မိလိုက်တာ
အပိုဖြစ်သွားရှာတာပေါ့နော်။
အခုဆက်လက်တင်ပြချင်တဲ့အကြောင်းလေးက မမျှော်လင့်ပဲတွေ့ရှိချက်
လေးတစ်ခုကြောင့် ရာဇဝတ်ပြစ်ဒဏ်သင့်ပြီး ဒုက္ခရောက်ရမယ့်ဘေးက
ကယ်ဆယ်နိုင်ခဲ့တဲ့အဖြစ်လေးပါ။
Atlantic သမုဒ္ဒရာ ရေနက်ပိုင်းမှ ပင်လယ်ရေသတ္တ၀ါများ
Atlantic သမုဒ္ဒရာကြီး၏ ရေနက်ပိုင်းတွင် အနေများသော အသစ်တွေ့ရှိသော
ထူးခြားလှသည့် ပင်လယ်ရေသတ္တ၀ါဆန်းလေးများကို တင်ပေးလိုက်ပါသည်။
ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ ( ၁ )
ဆဌမအာရုံ ၊ တစ်နည်းအားဖြင့် စိတ်စွမ်းအင်၏ အစွမ်းသတ္တိများသည် ဆန်းကြယ်လှပါသည်။
ဆဋ္ဌမအာရုံဖြင့် ပတ်သက်၍ ပထမဦးဆုံး သိပ္ပံနည်းကျစမ်းသပ်မှုကို မြောက်ကာရိုလိုင်းနား ၊
Duke University မှ ပါမောက္ခရိုင်း မှ စတင်စမ်းသပ်ခဲ့ပါသည်။ လူများစွာကို နှစ်လေးဆယ်ကြာ
စမ်းသပ်စစ်ဆေးခဲ့ပြီး နောက်ဆုံးကောက်ချက်ချ သုံးသပ်မှု ပြုခဲ့ပါသည်။
(ပါမောက္ခ J.B.Rhine နှင့် Hubert Pearce တို့ ဆဋ္ဌမအာရုံအကြောင်း သုတေသနပြုနေစဉ်)
အခုဆက်လက်ပြီး စိတ်စွမ်းအင်နှင့်ပတ်သက်ပြီး ထင်ရှားတဲ့အဖြစ်များကို တင်ပြချင်ပါသည်။
တစ်ချိန်က ရုပ်ဝါဒကြီးစိုးရာ ကွန်မြူနစ်ရုရှားပြည်မှ အဖြစ်အပျက်ပါ။ ၁၉၆၆ ခုနှစ်တွင် ရုရှား
သိပ္ပံပညာရှင်များသည် အဝေးတစ်နေရာမှ စိတ်ဖြင့်ဆက်သွယ်ခြင်းကို စမ်းသပ်ခဲ့ကြပါသည်။
ပုံစံတူသေတ္တာများစွာထဲမှ ချိတ်ပိတ်ထားသော တစ်လုံးကိုကျရာ ရွေးယူလိုက်ပါသည်။
အရက်သောက်ခြင်း နှင့် ယောဂကျင့်ခြင်း တို့တူညီပုံများ
အရက်သောက်၍အမူးလွန်သွားချိန်တွင် ဖြစ်ပေါ်လာပုံ အနေအထားများ နှင့် ယောဂကျင့်နည်းများ မှ
ပုံသဏ္ဍန်များကို နှိုင်းယှဉ်ပြထားတာပါ။ ဟာသသဘော နှင့် နှိုင်းယှဉ်ပြထားတာပါ။
ပုံလေးတွေကြည့်ပြီး အကဲခတ်လိုက်ရအောင်ဗျာ…
Related Posts Plugin for WordPress, Blogger...