Tuesday, February 14, 2017

ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၁၃)

သူငယ်ချင်းတို့ ၁၈၄၀ ခုနှစ်ခန့်က အီဂျစ်တိုင်းပြည်က အဖြစ်အပျက်
လေးတစ်ခုကို တင်ပြချင်ပါတယ်။ ဒါကတော့ တစ်ချို့ကိစ္စတွေက
သက်သာမလားလို့ လုပ်လိုက်ပေမယ့် မြွေပါလည်းဆုံး ၊ သားလည်း
ဆုံး ဖြစ်သွားရတဲ့ အဖြစ်အပျက် တစ်ခုပါ။

ထိုအချိန်က စစ်မှုထမ်းရတဲ့ ဘဝဟာ အလွန်ကို ခက်ခဲပင်ပန်းဆင်းရဲ
ကြပါတယ်။ ဒါကြောင့်အီဂျစ်လူမျိုးတွေက စစ်မှုမထမ်း စစ်ထဲမဝင်လို
ကြလို့ သူတို့ ရဲ့မျက်လုံးတစ်လုံးကို ထိုးဖောက်ပြီး ကန်းအောင်လုပ်လိုက်
ကြပါတယ်။အင်္ဂါမစုံရင် စစ်မှုမထမ်းရတော့ဘူးပေါ့။
ဒါပေမယ့် အီဂျစ်ဘုရင် မိုဟာမက်အလီက တပ်ရင်းကြီးနှစ်ခု ကိုအသစ်
ဖွဲ့စည်းလိုက်ပါတယ်။ ဒီတပ်နှစ်တပ်မှာ မျက်စိတစ်ဘက် ကန်းနေတဲ့
သူတွေချည်းပဲပါဝင်ဖွဲ့စည်းလိုက်ပါတယ်။ဒီတပ်ရင်းနှစ်ခုဟာ နောင်နှစ်
ပေါင်း ငါးဆယ်ကြာ အောင်ဆက်လက်တည်ရှိခဲ့ပါတယ်။
စစ်ထဲဝင်ရမှာကြောက်လို့ မျက်စိတစ်လုံး ကန်းအောင် လုပ်မိလိုက်တာ
အပိုဖြစ်သွားရှာတာပေါ့နော်။
အခုဆက်လက်တင်ပြချင်တဲ့အကြောင်းလေးက မမျှော်လင့်ပဲတွေ့ရှိချက်
လေးတစ်ခုကြောင့် ရာဇဝတ်ပြစ်ဒဏ်သင့်ပြီး ဒုက္ခရောက်ရမယ့်ဘေးက
ကယ်ဆယ်နိုင်ခဲ့တဲ့အဖြစ်လေးပါ။


 (မာရီယာ ဖီယိုဒိုရီဝနာ နှင့် တတိယမြာက် အလက်ဇန္ဒား)
မာရီယာ ဖီယိုဒိုရီဝနာ ဟာ မမျှော်လင့်ဘဲသူမရဲ့ကြင်ယာတော်
တတိယမြာက် အလက်ဇန္ဒား ရဲ့ အမိန့် စာမှ မှတ်ချက်ကလေး
တစ်ခုကိုတွေ့မြင်လိုက်ရပါတယ်။
အဲဒါကတော့ အမိန့်စာရဲ့အောက်မှာဘုရင့်လက်ရေး
နဲ့ရေးထားတာပါ။ဒါကတော့……
Pardon impossible, to be sent to Siberia.
လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်မဖြစ်နိုင် | ဆိုက်ဗေးရီးယားသို့ ပို့ ရန်။
ဒီမှတ်ချက်လေးကို မာရီယာ မှ စာသားတွေကိုမပြောင်းလဲဘဲ ပုဒ်ဖြတ်
ကော်မာလေး ကို နေရာရွှေ့လိုက်ပါတယ်။ ဒီအခါ……
Pardon, impossible to be sent to Siberia.
လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုကိပါ။ ဆိုက်ဗေးရီးယားသို့ ပို့ရန်မဖြစ်နိုင်ပါ။
ဒီလိုပြောင်းလဲမှုကြောင့်ပဲ ရာဇဝတ်ပြစ်ဒဏ်ခံရမယ့် သူတွေဟာလွတ်
မြောက်ခဲ့ကြပါတယ်။ ဒါကတော့ ကောင်းမွန်တဲ့ အပြောင်းအလဲလေး
တစ်ခုပေါ့ဗျာ။
နောက်ထပ်အပိုင်းများကြမှပဲ ထူးခြားတဲ့အဖြစ်အပျက်လေးများကို
ဆက်လက်တင်ပြပေးပါအုံးမယ်။
Oct 31, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြပါသည်။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...