Sunday, September 1, 2013

ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးတွင် တစ်ပါး ပါဝင်သည့် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း


ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို လေ့လာ ခဲ့ကြသော ကျွမ်းကျင်သူများက သူတို့၏ အမြင်ကို တစ်ယောက် တစ်မျိုးစီ ဖော်ပြ ပေးခဲ့ကြသည်။
ဘားနက်ကမ်းပါးစ် (Bernet Kempers)က ''ဘောရော ဗုဒ္ဓေါဟာ ဘောရော ဗုဒ္ဓေါပါပဲ'' ဟု ဆိုသည်။ အဓိပ္ပာယ်မှာ သူ့နည်းလမ်း နှင့်သူ    အလွန် ထူးခြားနေကြောင်း၊  နောက်တစ်ဦးက  ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို အလွန်ကြီးမားသည့် ကြာပဒုမ္မာသည် ပွင့်အန်လာတော့မည့် အခြေအနေ အဆင့်ရှိနေပြီး ရေကန် တစ်ကန်ထဲမှာ ပေါလော မျောနေဟန် ဖြစ်ကြောင်း နီအူဝင်ကမ့် (Nieuwenkamp) က အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ 

သမင်ဖိုနှင့် အလွန်တူသော သစ်ပင်


ဓာတ်ပုံဝါသနာရှင် ဂျီအိုဖရေဆွေးသည် အင်္ဂလန် တောင်ပိုင်း ၀ှစ်ရှိုင်းယားဒေသရှိ မြင်းဖြူတောင်ကုန်းသို့ ရောက်ရှိစဉ် သမင်ဖိုတစ်ကောင်နှင့် တစ်ထေရာတည်း တူညီသော သစ်ပင်တစ်ပင်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးထားခဲ့သည်။ တစ်ကောင်နှင့် တစ်ထေရာတည်း တူညီသော သစ်ပင်တစ်ပင်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးထားခဲ့သည်။ ထိုသစ်ပင်သည် တစ်စုံတစ်ယောက်က ပြုပြင်ဖန်တီးထားခဲ့ခြင်း မဟုတ်ဘဲ သဘာဝ အလျောက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ထို့ပြင် ဂျွန်ရော်လေဆိုသူသည် ဟီရီဖို့ဒ်ရှိုင်းယားဒေသို့ ရောက်ရှိစဉ် ဒိုင်နိုဆောနှင့် တူသော သစ်ပင်ကို တွေ့ရှိရသဖြင့် ဓာတ်ပုံ ရိုက်ကူးထားခဲ့သည်။ ဒိုင်နိုဆော သစ်ပင်ဘေးတွင် ပေါက်ရောက်နေသော ချုံပုတ်နှစ်ခုက ဒိုင်နိုဆော၏ ခြေထောက်များနှင့် တူညီပြီး ဒိုင်နိုဆောရုပ်ပုံ ပိုမို ပီပြင်စေသည်ကို တွေ့ရသည်။

မိနစ် ၉၀ အတွင်း စိတ်ကြိုက် ဖန်တီး တည်ဆောက်နိုင်သည့် အိမ်များ


အိမ်တစ်လုံးကို မိနစ် ၉၀ အတွင်း အပြီးသတ် တည်ဆောက်နိုင်ကြောင်း အလာဘားမားရှိ အနုပညာရှင်များနှင့် ဒီဇိုင်းဆရာများက လက်တွေ့ သရုပ်ပြခဲ့ကြသည်။ ယင်းသို့ သရုပ်ပြချိန်တွင် ထိုအိမ်ကို လူ ၁၀၀ ဆံ့သော အငယ်စား ရုပ်ရှင်ရုံအဖြစ်ပါ အသွင်ပြောင်းပြီး ရုပ်ရှင်များ ပြသခဲ့ရုံမျှမက စတိတ်စင် ဆောက်ကာ ကပြ ဖျော်ဖြေခဲ့ကြသည်။ ထူးထူးခြားခြား အနေဖြင့် ယင်းသို့ အိမ်သစ်တစ်လုံး တည်ဆောက်ရာတွင် အများဆုံး အသုံးပြုသော ပစ္စည်းများမှာ အိမ်ဟောင်းများမှ စွန့်ပစ်ထားသော ပစ္စည်းများပင် ဖြစ်သည်။ အိုးပင်းဟောက်စ်ဟု အမည်ပေးထားသော အဆိုပါ အိမ်ကြီး၏ နံရံများနှင့် ကြမ်းပြင်များကို စိတ်ကြိုက် ပြုပြင် ပြောင်းလဲ တပ်ဆင်နိုင်သည်။ ယင်းသို့ အိမ်အဟောင်းမှ ပစ္စည်းများဖြင့် အိမ်သစ်တစ်လုံး တည်ဆောက်ရန် လွန်ခဲ့သည့် ခုနစ်လလောက် ကတည်းက ကြိုတင် စီစဉ်ခဲ့ကြသည်ဟု သိရသည်။ ယင်းတို့၏ ကြိုးစားမှုကြောင့် ယခုအခါ အိမ်ဟောင်းတစ်လုံးကို အိမ်သစ်တစ်လုံးအဖြစ် တစ်နာရီခွဲ အတွင်း အသွင်ပြောင်းရန် လူအရေအတွက် သုံးဦးသာ လိုကြောင်း လက်တွေ့သက်သေ ပြနိုင်ခဲ့ပြီ ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...