Sunday, September 1, 2013

မိနစ် ၉၀ အတွင်း စိတ်ကြိုက် ဖန်တီး တည်ဆောက်နိုင်သည့် အိမ်များ


အိမ်တစ်လုံးကို မိနစ် ၉၀ အတွင်း အပြီးသတ် တည်ဆောက်နိုင်ကြောင်း အလာဘားမားရှိ အနုပညာရှင်များနှင့် ဒီဇိုင်းဆရာများက လက်တွေ့ သရုပ်ပြခဲ့ကြသည်။ ယင်းသို့ သရုပ်ပြချိန်တွင် ထိုအိမ်ကို လူ ၁၀၀ ဆံ့သော အငယ်စား ရုပ်ရှင်ရုံအဖြစ်ပါ အသွင်ပြောင်းပြီး ရုပ်ရှင်များ ပြသခဲ့ရုံမျှမက စတိတ်စင် ဆောက်ကာ ကပြ ဖျော်ဖြေခဲ့ကြသည်။ ထူးထူးခြားခြား အနေဖြင့် ယင်းသို့ အိမ်သစ်တစ်လုံး တည်ဆောက်ရာတွင် အများဆုံး အသုံးပြုသော ပစ္စည်းများမှာ အိမ်ဟောင်းများမှ စွန့်ပစ်ထားသော ပစ္စည်းများပင် ဖြစ်သည်။ အိုးပင်းဟောက်စ်ဟု အမည်ပေးထားသော အဆိုပါ အိမ်ကြီး၏ နံရံများနှင့် ကြမ်းပြင်များကို စိတ်ကြိုက် ပြုပြင် ပြောင်းလဲ တပ်ဆင်နိုင်သည်။ ယင်းသို့ အိမ်အဟောင်းမှ ပစ္စည်းများဖြင့် အိမ်သစ်တစ်လုံး တည်ဆောက်ရန် လွန်ခဲ့သည့် ခုနစ်လလောက် ကတည်းက ကြိုတင် စီစဉ်ခဲ့ကြသည်ဟု သိရသည်။ ယင်းတို့၏ ကြိုးစားမှုကြောင့် ယခုအခါ အိမ်ဟောင်းတစ်လုံးကို အိမ်သစ်တစ်လုံးအဖြစ် တစ်နာရီခွဲ အတွင်း အသွင်ပြောင်းရန် လူအရေအတွက် သုံးဦးသာ လိုကြောင်း လက်တွေ့သက်သေ ပြနိုင်ခဲ့ပြီ ဖြစ်သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...