Sunday, September 1, 2013

သမင်ဖိုနှင့် အလွန်တူသော သစ်ပင်


ဓာတ်ပုံဝါသနာရှင် ဂျီအိုဖရေဆွေးသည် အင်္ဂလန် တောင်ပိုင်း ၀ှစ်ရှိုင်းယားဒေသရှိ မြင်းဖြူတောင်ကုန်းသို့ ရောက်ရှိစဉ် သမင်ဖိုတစ်ကောင်နှင့် တစ်ထေရာတည်း တူညီသော သစ်ပင်တစ်ပင်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးထားခဲ့သည်။ တစ်ကောင်နှင့် တစ်ထေရာတည်း တူညီသော သစ်ပင်တစ်ပင်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးထားခဲ့သည်။ ထိုသစ်ပင်သည် တစ်စုံတစ်ယောက်က ပြုပြင်ဖန်တီးထားခဲ့ခြင်း မဟုတ်ဘဲ သဘာဝ အလျောက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ထို့ပြင် ဂျွန်ရော်လေဆိုသူသည် ဟီရီဖို့ဒ်ရှိုင်းယားဒေသို့ ရောက်ရှိစဉ် ဒိုင်နိုဆောနှင့် တူသော သစ်ပင်ကို တွေ့ရှိရသဖြင့် ဓာတ်ပုံ ရိုက်ကူးထားခဲ့သည်။ ဒိုင်နိုဆော သစ်ပင်ဘေးတွင် ပေါက်ရောက်နေသော ချုံပုတ်နှစ်ခုက ဒိုင်နိုဆော၏ ခြေထောက်များနှင့် တူညီပြီး ဒိုင်နိုဆောရုပ်ပုံ ပိုမို ပီပြင်စေသည်ကို တွေ့ရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...