
လူသားတို့ နေထိုင်ရာ နေအဖွဲ့အစည်း၏ အစွန်ဆုံးက အရာဝတ္ထုကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း သုတေသီများက ဆိုလိုက်သည်။
ဂျပန်နိုင်ငံမှ ဆူဘာရု တယ်လီစကုပ်ဖြင့် လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရေခဲဖုံးနေသော ထိုအရာဝတ္ထုသည် နေမှ (၁၅ ဒသမ ၅) ဘီလီယံ ကီလိုမီတာ အဝေးတွင် တည်ရှိသည်။ နေနှင့်ပလူတို အကွာအဝေးထက် သုံးဆ ပိုဝေးသည်။ ထိုအရာဝတ္ထုကို ဠ၇၇၄၁၀၄ ဟု နာမည် ပေးထားသည်။ အရွယ်အစားအားဖြင့် အချင်း (၅၀၀) ကီလိုမီတာမှ (၁၀၀၀) ကီလိုမီတာ ကြားရှိမည်ဟု ခန့်မှန်းထားသည်။
နေအဖွဲ့အစည်း အတွင်း ဠ၇၇၄ ၁၀၄ လှည့်ပတ်နေသည့် လမ်းကြောင်းကို သိနိုင်အောင် အနည်းငယ် အချိန်ယူ လေ့လာဖို့ လိုနေသေးကြောင်း သိရသည်။ အမေရိကန် နိုင်ငံရှိ ကာနက်ဂျီ သိပ္ပံမှ စကော့ရှား ပါ့ဒ်နှင့် ဟာဝိုင်အီရှိ ဂီမီနီ အာကာသ လေ့လာရေး စခန်းမှ ချဒ်ထရူဂျီလိုတို့ ဦးဆောင်သော အာကာသ လေ့လာရေး အဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။