Wednesday, May 9, 2018

နေအဖွဲ့အစည်း အစွန်ဆုံး အရာကို ရှာဖွေတွေ့ရှိ


         လူသားတို့ နေထိုင်ရာ နေအဖွဲ့အစည်း၏ အစွန်ဆုံးက အရာဝတ္ထုကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း သုတေသီများက ဆိုလိုက်သည်။
          ဂျပန်နိုင်ငံမှ ဆူဘာရု တယ်လီစကုပ်ဖြင့် လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရေခဲဖုံးနေသော ထိုအရာဝတ္ထုသည် နေမှ (၁၅ ဒသမ ၅) ဘီလီယံ ကီလိုမီတာ အဝေးတွင် တည်ရှိသည်။ နေနှင့်ပလူတို အကွာအဝေးထက် သုံးဆ ပိုဝေးသည်။ ထိုအရာဝတ္ထုကို ဠ၇၇၄၁၀၄ ဟု နာမည် ပေးထားသည်။ အရွယ်အစားအားဖြင့် အချင်း (၅၀၀) ကီလိုမီတာမှ (၁၀၀၀) ကီလိုမီတာ ကြားရှိမည်ဟု ခန့်မှန်းထားသည်။
          နေအဖွဲ့အစည်း အတွင်း ဠ၇၇၄ ၁၀၄  လှည့်ပတ်နေသည့် လမ်းကြောင်းကို သိနိုင်အောင် အနည်းငယ် အချိန်ယူ လေ့လာဖို့ လိုနေသေးကြောင်း သိရသည်။ အမေရိကန် နိုင်ငံရှိ ကာနက်ဂျီ သိပ္ပံမှ စကော့ရှား ပါ့ဒ်နှင့် ဟာဝိုင်အီရှိ ဂီမီနီ အာကာသ လေ့လာရေး စခန်းမှ ချဒ်ထရူဂျီလိုတို့ ဦးဆောင်သော အာကာသ လေ့လာရေး အဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

          ယခင်က နေအဖွဲ့အစည်း အစွန်ဆုံး အရာဝတ္ထုအဖြစ် သတ်မှတ် ထားသည်မှာ Dysnomia  အမည်ရှိ လတစ်စင်း ဖြစ်ပြီး နေမှ (၁၄ ဒသမ ၆) ဘီလီယံ ကီလိုမီတာ အဝေးတွင် တည်ရှိသည်။
          ကမ္ဘာသည် နေမှကီလိုမီတာ (၁၄၉) သန်းအကွာတွင် တည်ရှိ သည်။ လူသားတို့ စေလွှတ်ထား သော ဂြိုဟ်တုများထဲတွင် Voyager 1သည် ကမ္ဘာမှ ကီလိုမီတာ (၂၀) ဘီလီယံ အကွာသို့ ရောက်ရှိနေကာ ခရီးအရောက်ဆုံး ဂြိုဟ်တုအဖြစ် စံချိန်တင်ထားသည်။ ဆက်၍လည်း အာကာသတွင်းသို့ တိုးချဲ့ ၀င်ရောက်လျက် ရှိသည်။
Source: BBC
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...