Wednesday, August 15, 2018

တောင်ကမ်းပါးယံမှ ဈေးဆိုင်လေး

မြေပြင်ကနေ ပေ ၆၀၀၀ ကျော်အမြင့် ၊ မက်စောက်လှတဲ့ တောင်ကမ်းပါးယံထိပ်ပိုင်းတွင် ဖွင့်ထားတဲ့ ဒီဈေးဆိုင်လေးဟာ ဈေးဝယ်သူတွေ အနည်းပါးဆုံး ဈေးဆိုင်လေးတစ်ဆိုင်ဆိုလည်း မမှားပါဘူး။ ဒီဆိုင်လေးမှာ နို့နဲ့ ပေါင်မုန်းကဲ့သို့ အပေါ့စား အစားအစာများကို ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဈေးလာဝယ်တဲ့သူတွေကတော့ ဒီမက်စောက်လှတဲ့ တောင်ကမ်းပါးယံပေါ်ကို စွန့်စားတက်ရောက်ကြသူများပဲ ဖြစ်ပါတယ်။
ဒီဆိုင်လေးဟာ အမေရိကန်နိုင်ငံ Eldorado ချောက်ကမ်းပါးများတွင် တည်ရှိနေပြီး ခက်ခက်ခဲခဲ စွန့်စားတောင်တက်သူများ လာရောက်တက်ကြတဲ့ နေရာပါ။ ဒါကြောင့်လည်း ခက်ခဲစွာ တောင်ကမ်းပါးယံတစ်လျောက် တက်ရောက်လာကြသူများအနေနဲ့ ခေတ္တအနားယူရန်၊ ကိုယ်ခန္ဓာ နွေးထွေးအားပြည့်ပြီး တောင်ထိပ်အရောက် တက်ရောက်နိုင်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...