Sunday, December 31, 2017

မှတ်ဖွယ်စုံရာ သုတပဒေသာ (၂၅)


ဆန်းဆန်းပြားပြား Toilet အညွှန်းများ (၄)

ယခုတင်ပေးမှာကတော့ Toilet ကျား/မ ခွဲအညွှန်းပုံလေးများပါ။
တွေ့ နေကြမဟုတ်တဲ့ ပုံစံကွဲလေးတွေကိုတွေ့ မြင်ရမှာပါ။
တစ်ချို့ ပုံလေးတွေက ပြုံးချင်စရာလေးတွေပါ...

ပုလင်းခွံများဖြင့် တည်ဆောက်ထားသော ဘုရားကျောင်း

ဘုရားကျောင်းဝင်းအတွင်းရှိ အဆောက်အဦများကို အသုံးပြုပြီးသား ဘီယာပုလင်းခွံများဖြင့်သာ အသုံးပြုတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံအရှေ့မြောက်ဘက် ၊ Sisaket ရှိဘုန်းတော်ကြီးကျောင်းသည် တည်ဆောက်ပုံတစ်မူထူးလှသဖြင့် Wat Lan Kuad (ပုလင်းပေါင်း တစ်သန်းဖြင့် တည်ဆောက်ထားသော ဘုရားကျောင်း) ဟုအမည်ရ ကျော်ကြားလာပါသည်။

ယခုအခါ ထိုဘုရားကျောင်းဝင်း အတွင်း၌ အဆောက်အဦပေါင်း ၂၀ အထိရှိပြီး အဆောက်အဦတိုင်းသည် အသုံးပြုပြီးသား ဘီယာပုလင်း အခွံများဖြင့် ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဘီယာပုလင်းပေါင်း တစ်သန်းခွဲကျော် အထိစုစည်း တည်ဆောက်ထားပါသည်။

အသုံးပြုသည့် ဘီယာပုလင်းများတွင် အစိမ်းရောင်သည် Heineken ဘီယာပုလင်းအလွတ်များ ဖြစ်ပြီး အညိုရောင်ပုလင်းများသည် ထိုင်းနိုင်ငံထုတ် Chang ဘီယာပုလင်းအလွတ်များ ဖြစ်ပါသည်။

နှင်းပြင်ပေါ်မှ ကြီးမားလှသည့် ပုံကြီးများ

ယခင်ကလည်း သဲသောင်ပြင်ပေါ်မှ လက်ရာမြောက် ပုံကြီးများကို တင်ပြပေးခဲ့သလို ယခုဆောင်းတွင်းဘက်မို့ ရေခဲပြင် နှင်းပြင်ပေါ်မှ ပုံကြီးများကို ထပ်မံတင်ပေးလိုက်ပါတယ်။ ဒီလို သေသပ်ပြီး စကေးကိုက်လှသည့် ပုံကြီးများကို ဖန်တီးသူကတော့ Simon Beck ဟုအမည်ရတဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...