Tuesday, August 15, 2017

ဒုတိယကမ္ဘာစစ် အတွင်းက ကွဲသွားသည့် ချစ်သူနှစ်ဦး သြစတြေးလျတွင် ပြန်လည် ပေါင်းစည်း

ရေစက် မကုန်သေးတော့ သံသရာ တစ်ကွေ့မှာ ပြန်လည် ဆုံတွေ့ကြတဲ့ ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။
နှစ်ပေါင်း ၇၀ ကျော်ကြာ ကွဲကွာသွားခဲ့ ပြီးနောက်မှာ အမေရိကန် ပြည်ထောင်စုက ၉၃နှစ် အရွယ် ဒုတိယ ကမ္ဘာစစ် စစ်ပြန်ကြီးဟာ ဗုဒ္ဓဟူးနေ့က စစ်အတွင်း တုန်းက ရည်းစားနဲ့ သြစတြေးလျမှာ ပြန်လည် ဆုံတွေ့ ပွေ့ဖက်နိုင် ခဲ့ကြပါတယ်။
ကာလရှည်ကြာ ပျောက်ဆုံးနေ ခဲ့တဲ့ ချစ်သူနဲ့ ပြန်လည် ဆက်သွယ်နိုင်ဖို့ ဗာဂျီးနီးယား ကနေ သြစတြေးလျ တောင်ပိုင်း မြို့ကလေးဖြစ်တဲ့ အဒဲလဒီကို အရေးတကြီး ပျံသန်း ရောက်ရှိ လာပြီးနောက် မှာ နောဝု သောမတ်စ်ဟာ ၈၈နှစ် အရွယ် ဂျွိုက် မောရစ်နဲ့ လက်ချင်းချိတ် ရယ်မောနိုင် ခဲ့ကြပြီပဲ ဖြစ်ပါတယ်။
‘ဖြစ်တောင့်ဖြစ်ခဲ အံ့သြစရာ အကောင်းဆုံး အရာတစ်ခု ဖြစ်လာ ခဲ့တာပါပဲ’လို့ သောမတ်စ်က ပြန်လည် ပေါင်းစည်းမှုကို ထုတ်လွှင့် တင်ဆက်နေတဲ့ ချဲနယ် ၁၀ ရဲ့ The Project အစီအစဉ်မှာ ပြောကြား ခဲ့ပါတယ်။

မိုးပျံပူဖောင်းနှင့် ပို့ခဲ့သည့် ၁၄၅ နှစ် သက်တမ်းရှိ စာတစောင် တွေ့ရှိ


ပြင်သစ်နိုင်ငံမှ အမျိုးသား တဦးက သူ့မိခင်ဆီ ရေးသား ခဲ့တဲ့ စာတစောင် မိုးပျံ ပူဖောင်းမှ တဆင့် ပို့လွှတ် ခဲ့တာကို သြစတြေးလျ နိုင်ငံမှာ တွေ့ရှိ ခဲ့ပြီး သက်ဆိုင်တဲ့ မိသားစုဝင်ကို သိချင်နေ ကြတယ်လို့ အမျိုးသား မော်ကွန်းတိုက်က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပြောပါတယ်။
၁၈၇၀ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်သစ် - ဂျာမနီ ဖရန်ကို - ဖရူရှန် စစ်ပွဲ ကာလတွင်း ဂျာမန် တပ်တွေ ၀န်းရံနေချိန် ခုလို မိုးပျံပူဖောင်းကို အသုံးပြုပြီး စာတွေကို ထောင်နဲ့ချီ ပေးပို့ ခဲ့ကြတာ ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြ ပါတယ်။
ခုတွေ့ရှိတဲ့စာကတော့ ၁၈၇၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့မှာ ချားလ်စ်မက်စ် မီယာ အမည်ရ အမျိုးသားက ပြင်သစ်နိုင်ငံ၊ နော်မန်ဒီ ကမ်းခြေဆီ လိပ်မူပြီး ဂရူဆင် အမည်ရတဲ့ အမျိုးသားမှ တဆင့် သူ့မိခင်ဆီ ပေးပို့ခဲ့တာပါ။
သြစတြေးလျ အမျိုးသားမော်ကွန်းဌာန လက်ထောက်အထွေထွေဒါရိုက်တာ လူးဝစ်စ်ဒွိုင်းလ်က “ဒါဟာ လူ့သမိုင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်” လို့ ပြောပါတယ်။

ကမ္ဘာ့မှတ်တမ်း ၂ ကြိမ်တင်နိုင်ခဲ့သည့် ခွေးမလေး


ပျူရင်ဟာ ဂျပန်နိုင်ငံမှ ခွေးမလေး တကောင်ဖြစ်ပြီး ခုချိန် မှာတော့ သူ့ရဲ့စွမ်းရည် တွေကြောင့် ကမ္ဘာ့ မှတ်တမ်း ၂ ကြိမ် တင်နိုင် ခဲ့ပါပြီ။
သူဟာ ဘောလုံးပေါ်တက်ကာ ခရီး အကွာ အဝေး ၁၀ မီတာထိ ရောက်အောင် အောက်ကို လိမ့်မကျဘဲ အချိန် ၁၁ ဒသမ ၉ စက္ကန့် ကြာအောင် စွမ်းရည် ပြသနိုင် ခဲ့လို့ ဂင်းနစ် ကမ္ဘာ့ မှတ်တမ်း ၀င်ခဲ့တာပါ။
ဒါဟာ ဒုတိယ အကြိမ် ကမ္ဘာ့မှတ်တမ်း ၀င်ခဲ့တာ ဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ခွေးကလေးများ နေ့မှာ ဒီဆုကို လက်ခံ ရရှိ ခဲ့တာပါ။
ပထမအကြိမ် ကမ္ဘာ့မှတ်တမ်း တင်နိုင်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာဖြစ်ပြီး ခုရရှိတဲ့ဆုနဲ့ မတူညီပါဘူး။
ပျူရင်ဟာ ပိုင်ရှင်ဖြစ်သူ မာကိုတို ကူမာဂိုင် ပစ်ပေးတဲ့ ဘောလုံး ၁၄ လုံးကို လက်သည်းတွေ အသုံးပြုပြီး ဂိုးကာကွယ်ပေးနိုင်ခဲ့လို့ ဂင်းနစ်မှတ်တမ်း တင်နိုင်ခဲ့တာပါ။
ဂင်းနစ် ကမ္ဘာ့မှတ်တမ်းအယ်ဒီတာချုပ် ခရေ့ဂ်ျဂလန်ဒေးက “ပျူရင်ဟာ အံ့သြလောက်စရာ အရည်အချင်းတွေနဲ့ မှတ်တမ်း ၂ ကြိမ်ဝင်ခဲ့ပြီး စူပါစတား ဖြစ်လာခဲ့ပြီ။ တကယ့်စွမ်းအားကြီးတဲ့ ဗုံးတလုံးလိုပဲ” လို့ ပြောပါတယ်။
Credit : DVD

ထူးခြားဆန်းသစ်သော အရိပ်ပန်းချီများ (၅)

စိတ်ကူးဆန်းသစ်မှု နှင့် ပန်းချီးပညာ ပေါင်းစပ်ဖန်တီးထားတဲ့ ပုံလေးတွေကို
တင်ပေးချင်ပါသည်။ ကြည့်လိုက်ကြပါအုံးနော်...

သဘာဝနှင့် လိုက်ဖက်သော ပုံသဏ္ဍာန်ရှိသည့် တိရိစ္ဆာန်များ

ကျွန်တော်တို့ ကမ္ဘာလောကကြီးရှိ သတ္တ၀ါများ အားလုံးသည် သဘာဝတရားနှင့် လိုက်ဖက်စွာ နေထိုင်အသက်ရှင်ရန် ဖွဲ့စည်းမှုပုံသဏ္ဍာန်များ ရှိတတ်ကြပါသည်။ ထိုသို့ သီးခြားလိုက်ဖက်သော ပုံစံအားဖြင့် ဖြစ်စေ ၊ အမွှေးအတောင် အသားအရေ အရောင်များဖြင့် ဖြစ်စေ မိမိကို အန္တရာယ်ပေးနိုင်သည့် အရာများကို ရှောင်ပုန်ခြင်း ၊ အနိုင်ယူခြင်းတို့ကို ပြုလုပ်နိုင်ကြပါသည်။ ထိုသို့ သဘာဝကပေးထားသော လက်ဆောင်များကို ကိုယ်စီရရှိထားကြပြီး မိမိတို့ အသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားလေ့ ရှိကြပါသည်။ ယခုနေခရမ်းတင်ပြမည့် တိရိစ္ဆာန်များကတော့ သဘာဝမှ ပေးထားသော ထူးခြားသော ပုံသဏ္ဍာန်နှင့် အသွေးအရောင်ရှိကြသော တိရိစ္ဆာန်များကို စုစည်းတင်ပေးလိုက်ခြင်းဖြစ်ပါသည်။ တစ်ချို့ တိရိစ္ဆာန်လေးများမှာ အမှန်ပင် ထူးခြားသော ပုံစံ နှင့် အသွေးအရောင်ရှိကြပြီး မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ထပ်တူကျနေကြပါသည်။

Dead Leaf Butterfly

သစ်ရွက်ခြောက်ပုံစံရှိ လိပ်ပြာလေး ဖြစ်ပါသည်။ အရောင်အသွေးစုံလင်လှပစွာ ရှိတတ်ကြသော လိပ်ပြာမျိုးများစွာ ရှိပေမယ့် ထိုလိပ်ပြာလေးရဲ့ ပုံစံကတော့ အမှန်ပင်ထူးခြားလှပါတယ်။

Leafy Seadragon

ရေအောက်ကမ္ဘာရှိ ရေမှော်ပင်များနှင့် ပုံစံတူနေသော ရေနဂါးလေးတစ်ကောင်ပါ။ ဒီအကြောင်းကို သီးခြားရေးတင်ပေးဖူးပါတယ်။သြစတြေးလျ သန္တာကျောက်တန်း ၊ ကျောက်ဆောင်တွေမှာ နေထိုင်ကြပါသည်။ တွေ့ရခဲသော ရှားပါးရေနေသတ္တ၀ါ တစ်မျိုး ဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...