
ပျူရင်ဟာ ဂျပန်နိုင်ငံမှ ခွေးမလေး တကောင်ဖြစ်ပြီး ခုချိန် မှာတော့ သူ့ရဲ့စွမ်းရည် တွေကြောင့် ကမ္ဘာ့ မှတ်တမ်း ၂ ကြိမ် တင်နိုင် ခဲ့ပါပြီ။
သူဟာ ဘောလုံးပေါ်တက်ကာ ခရီး အကွာ အဝေး ၁၀ မီတာထိ ရောက်အောင် အောက်ကို လိမ့်မကျဘဲ အချိန် ၁၁ ဒသမ ၉ စက္ကန့် ကြာအောင် စွမ်းရည် ပြသနိုင် ခဲ့လို့ ဂင်းနစ် ကမ္ဘာ့ မှတ်တမ်း ၀င်ခဲ့တာပါ။
ဒါဟာ ဒုတိယ အကြိမ် ကမ္ဘာ့မှတ်တမ်း ၀င်ခဲ့တာ ဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ခွေးကလေးများ နေ့မှာ ဒီဆုကို လက်ခံ ရရှိ ခဲ့တာပါ။
ပထမအကြိမ် ကမ္ဘာ့မှတ်တမ်း တင်နိုင်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာဖြစ်ပြီး ခုရရှိတဲ့ဆုနဲ့ မတူညီပါဘူး။
ပျူရင်ဟာ ပိုင်ရှင်ဖြစ်သူ မာကိုတို ကူမာဂိုင် ပစ်ပေးတဲ့ ဘောလုံး ၁၄ လုံးကို လက်သည်းတွေ အသုံးပြုပြီး ဂိုးကာကွယ်ပေးနိုင်ခဲ့လို့ ဂင်းနစ်မှတ်တမ်း တင်နိုင်ခဲ့တာပါ။
ဂင်းနစ် ကမ္ဘာ့မှတ်တမ်းအယ်ဒီတာချုပ် ခရေ့ဂ်ျဂလန်ဒေးက “ပျူရင်ဟာ အံ့သြလောက်စရာ အရည်အချင်းတွေနဲ့ မှတ်တမ်း ၂ ကြိမ်ဝင်ခဲ့ပြီး စူပါစတား ဖြစ်လာခဲ့ပြီ။ တကယ့်စွမ်းအားကြီးတဲ့ ဗုံးတလုံးလိုပဲ” လို့ ပြောပါတယ်။
Credit : DVD
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။