Friday, February 16, 2018

တရုတ်နိုင်ငံမှ ရေခဲဟော်တယ်

ထူးထူးခြားခြားတည်းခိုခြင်သူများအတွက် ရေခဲဟော်တယ်တစ်ခုကို တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရှိ Hulunbuir တွင်ဖွင့်လှစ်ပေးခဲ့ပါသည်။ အကျယ်အ၀န်း ၁၀၀၀ စတုရန်းမီတာအထိရှိပြီး ရေခဲတန်ချိန်ပေါင်း ၁၅၀၀ တန်အထိ အသုံးပြုတည်ဆောက်ထားပါသည်။ ကမ္ဘာပေါ်ရှိ အလွန်အေးသော တိုင်းပြည်များတွင် ရေခဲဟော်တယ်များ ရှိခဲ့ကြသည့်နည်းတူ ယခုတရုတ်နိုင်ငံမှ ရေခဲဟော်တယ်သည်လည်း နွေးထွေစွာအိပ်စက်နိုင်မည့် အိပ်ယာများကို စီစဉ်ပေးထားပါသည်။ ထို့ပြင် လာရောက်တည်းခိုသူများ အနေဖြင့် နှင်းကိုက်နာကဲ့သို့ ရောဂါများ မဖြစ်ပွားရအောင် စီစဉ်ပေးထားသလို သတိပေးနှိုးဆော်ခြင်းကဲ့သို့ ၀န်ဆောင်မှုများကိုလည်း ပေးထားပါသည်။ ရေခဲဟော်တယ်ဆိုသည်နှင့်အညီ နွေးထွေးသောလများတွင် ရေခဲများအရည်ပျော်သွားတတ်ပြီး ရေခဲစေသည့် လများတွင် တစ်နှစ်တစ်ကြိမ် ပြန်လည်တည်ဆောက်ရပါသည်။

Related Posts Plugin for WordPress, Blogger...