Thursday, February 25, 2016
ကြမ္မာဆိုးများနှင့် ပြိုင်ကားလေးဘတ်စ်တတ်
2913858
ကံကြမ္မာဆိုးများနှင့် နာမည်ကျော်ကြာတဲ့ ပြိုင်ကားလေး ဘတ်စ်တတ် အကြောင်းကို
တင်ပြခြင်ပါတယ်။ ဒီပြိုင်ကားလေး၏ မူလပထမပိုင်ရှင်ဟာ နာမည်ကျော်ကြားသော
သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျိမ်းစ်ဒင်း ပါ။ သူဟာ သရုပ်ဆောင်အလုပ်တွင်မက
ပြိုင်ကား စီးရ ၊ မောင်းရတာကိုလည်း ကြိုက်ပါတယ်။ ဒါကြောင့် သူနောက်ဆုံးဝယ်
လိုက်တဲ့ ပြိုင်ကားလေးကို little Bastard လို့အမည်ပေးလိုက်ပါတယ်။
သူ ဒီကားကိုဝယ်ယူစဉ်မှာ နာမည်ကျော်ကြားသော ဆာ အလက် ဂီးနက်စ် က
အရှိန်ပြင်းစွာ မောင်းနိုင်တဲ့ ကားကြောင့် ဂျိမ်းစ်ဒင်း တစ်ယောက်သေနိုင်တယ် လို့
နိမိတ်ဖတ် ဟောကိန်းထုတ်လိုက်ပါတယ်။
3803685
        ဂျိမ်းစ်ဒင်း      
ကမ္ဘာ့အရှည်ဆုံး ရေအောက်လှိုဏ်ခေါင်းကြီးများ
ကမ္ဘာ့အရှည်ဆုံး ရေအောက်လှိုဏ်ခေါင်းကြီးများ အကြောင်းကို
စုစည်းတင်ပြလိုက်ပါသည်။ တစ်နေရာမှ တစ်နေရာသို့ကူးလူးသွားလာကြရာတွင်
အသုံးပြုကြသော ပင်လယ်ရေအောက်လှိုဏ်ခေါင်းများပါ။ ၁ မှ ၁၀ အထိ တင်ပြပေးလိုက်ပါသည်။
(၁) Seikan Tunnel – 53.9 km
800px Seikan Tunnel Entrance Honshu side
ဒီလှိုဏ်ခေါင်းကြီးသည် ရေအောက်တွင် ၃၃.၄ မိုင် ( ၅၃.၉ ကီလိုမီတာ) အထိအရှည်ရှိပါသည်။
ကမ္ဘာပေါ်တွင် အရှည်ဆုံး ရေအောက်လှိုဏ်ခေါင်း အဖြစ်ရော အရှည်ဆုံးရေအောက် မီးရထားလှိုဏ်ခေါင်း
အဖြစ်ပါ စံချိန်နှစ်ခု တင်ထားပါသည်။ဂျပန်နိုင်ငံတွင် တည်ရှိပြီး ဟွန်းရှူးကျွန်း နှင့် ဟော့ကိုင်းဒိုးကျွန်း
တို့ကို ဆက်သွယ်ပေးထားပါသည်။နှစ်ပေါင်း ၂၅ နှစ်လောက် အချိန်ယူ တည်ဆောက်ခဲ့ရပြီး
၁၉၈၈ ခု မတ်လ မှာတည်ဆောက်မှု ပြီးစီးခဲ့ပါသည်။
800px Seikan Tunnel profile diagram svg
Saturday, February 20, 2016
အမှတ်တမဲ့ အလွဲများ ( ၄၉ )
ဒီတစ်ပါတ်အတွက် အပိုင်းသစ်လေးတင်ပေးလိုက်ပါတယ်။
ပြုံးရွှင် ကြည်နူးနိုင်ကြပါစေ ခင်ဗျာ...
ဟူး... ပင်ပန်းတယ်ကွာ...
181 8 78171ef9bb838329f76a401dce66e028
သမ္မတကြီး တော်တော်နောက်
FB IMG 1445957161069
သဘာဝကျကျရိုက်မလို့ဆို၊ လာကြလေ...
FB IMG 1450340443346
တိရိစ္ဆာန်ကူး ခုံးကျော်တံတား
FB IMG 1450338327892
ကဲ... ဆွဲမယ် ။ လာထား
FB IMG 1449673768811
တောက်... အမြင်ကိုကပ်တယ်
FB IMG 1450348862115
ကိုယ်ပိုင် ရေစိမ်ကန်
FB IMG 1447816140178
သေပြီဆြာ...
FB IMG 1450349722062
မီးက မျက်ရည်လွယ်လို့ပါ...
FB IMG 1450349683146
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
စက်ဘီးနင်းရင်း GPS စနစ်ဖြင့် ပန်ချီရေးဆွဲသူ
FB IMG 1455875217279
ကနေဒီယန် ပန်းချီအနုပညာရှင် Stephen Lund သည် အများနှင့်မတူသော စိတ်ကူးစိတ်သန်းများဖြင့်
ပန်းချီရေးဆွဲရန် စိတ်ကူးခဲ့ပါသည်။ သူ၏စိတ်ကူးမှာ ဂြိုလ်တုလမ်းပြစနစ်ဖြစ်သော GPS ကို
အခြေခံကာ စက်ဘီးစီးရင်း အလွန်ကြီးမားသော ပုံကြီးများကို ရေးဆွဲရန်ပင်ဖြစ်ပါသည်။
ထိုသို့သူ၏စက်ဘီးကို အသုံးပြုလှည့်လည်နင်းကာ GPS ပေါ်တွင် ပေါ်နေသော မျဉ်းအနီများကို
အသုံးပြုပြီး ကျော်ကြားသော နိုင်ငံ အထိမ်းအမှတ်ရုပ်ပုံများ နှင့် အခြားသော ပုံကြမ်းများကို
မြောက်များစွာ ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။
FB IMG 1455875220474
Friday, February 19, 2016
ကမ္ဘာ့ အကြီးဆုံးမိုးရာသီ သစ်တောဥယျာဉ်တုကြီး
ဒီနေရာသည် Tropical Islands Resort : World's Largest Indoor Rainforest
ဟုလူသိများကြပါသည်။
tropical island resort 02
အပူပိုင်းဒေသ မှာတည်ရှိပေမယ့် တကယ့်ကိုစိမ်းလန်းစိုပြေပြီး သဘာဝဥယျာဉ်လေး
အတိုင်းဖြစ်တည်လာအောင် ဖန်တီးယူထားရတာပါ။
ဒီသစ်တောဥယျာဉ်နှင့် ရေကန်သာလေးဟာ အောက်ကအဆောက်အဦး ထဲမှာ
တည်ရှိပါတယ်။
tropical island resort 16
Monday, February 15, 2016
ထူးခြားဆန်းသစ်သော အရိပ်ပန်းချီများ
FB IMG 1455274367031ဒီတစ်ခါတင်ပြပေးချင်တာက စိတ်ကူးဆန်းဆန်းနဲ့ တီထွင်ဖန်တီးထားတဲ့
အရိပ်ပန်းချီပုံလေးတွေပါ။သာမာန် ပုံစံတစ်ခုကို အလင်းဖြင့်ထိုးပြီး ဖြစ်ပေါ်လာတဲ့
အရိပ်ပုံများမဟုတ်ပဲ ပစ္စည်းအတိုအစ ၊ စာရွက် အပိုင်းအစများကို စုပုံထားပြီး
ဖန်တီးထားတဲ့ လက်ရာမြောက် အရိပ်ပန်းချီတွေမို့လို့ ဆန်းသစ်နေတာပါ။
ဒီအရိပ်ပန်းချီများကို ဗြိတိန်နိုင်ငံမှ Tim Noble နှင့် Sue Webster တို့နှစ်ယောက်ပေါင်းပြီး
တီထွင်ဖန်တီးထားတာပါ။ သူတို့ရဲ့ Studio Website ထဲမှ တစ်ချို့ပုံများကို တင်ပြပေးလိုက်ပါတယ်။
အားပေးကြည့်ရှု့လိုက်ပါအုံးဗျာ……..
FB IMG 1455274234649
Saturday, February 13, 2016
မြန်မာနိုင်ငံမှ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် နေရာများ
1
ယူနက်စကိုမှ ကမ္ဘာဒေသအသီးသီး၏ နေရာဒေသများနှင့် သမိုင်းတန်ဖိုးကြီးမားသော
အရာဝတ္တုများကို နှစ်စဉ် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်များ (World Heritage Sites) ၊
ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်များ ( Memory of The World Register )
အဖြစ် ခွဲခြားသတ်မှတ်ကာထိမ်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြပါသည်။
အခုတင်ပြမှာကတော့ မြန်မာပြည်မှ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် နေရာ နှစ်ခုအကြောင်း
နှင့် မြန်မာပြည်တွင် မရှိပေမယ့် မြန်မာတို့နှင့်သက်ဆိုင်နေသော အရာတစ်ခုအကြောင်းပဲ ဖြစ်ပါသည်။
ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ဆိုသည်မှာ စာကြည့်တိုက် ၊ ပြတိုက် နှင့် မော်ကွန်းတိုက်များ
ဆိုင်ရာတွင် စုဆောင်းထိမ်းသိမ်းထားသော ကျောက်စာ ၊ လက်ရေးစာ ၊ တန်ဖိုးမဖြတ်နိုင်သော
စာအုပ်စာတမ်းများ ၊ သတင်းစာ ၊ ဓာတ်ပုံ ၊ ပန်ချီကား စသည်တို့ဖြစ်ကြပါသည်။
ထိုများစွာသော ရှေးဟောင်း ပစ္စည်းများစွာထဲမှ သမိုင်းဆိုင်ရာ တန်ဖိုး အလွန်ကြီးမားသော
အရာများကို ရွေးချယ်ကာ၁၉၉၂ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း အဖြစ်သတ်မှတ်
ခဲ့ကြပါသည်။ယခုအချိန်အထိ အမွေအနှစ်ပေါင်း ၃၅၀ ခန့်သတ်မှတ်ခဲ့ပြီး မြန်မာပြည်မှ
ကုသိုလ်တော်ဘုရားကျောက်စာ နှင့် မြစေတီကျောက်စာ များကိုပါ ထည့်သွင်းသတ်မှတ်ခဲ့ကြပါသည်။
ကုသိုလ်တော်ဘုရားကျောက်စာများ
IMG 20160208 092831
ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် နာမည်ကျော်လှသော မဟာလောကမာရဇိန်စေတီ
ကုသိုလ်တော်ဘုရား မှ ကျောက်စာများကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်ဖြစ်ရန်
၂၀၁၂ ခုနှစ်၊ မတ်လ (၃၁) ရက် နေ့က စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင် 
တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အစည်း အဝေးတွင် အတည်ပြုချက် ရရှိ ခဲ့သည်။
ထိုကုသိုလ်ဘုရားကျောက်စာများမှာ ပဥ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏
ကောင်းမှုဖြစ်ပြီး မန္တလေးတောင်ခြေတွင် တည်ရှိပါသည်။ နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိပြီး
ဗုဒ္ဓ ဘာသာဝင်များ အတွက် အတုမရှိ တန်ဖိုးထားအပ်သော ပိဋကတ်တော်များဖြစ်သကဲ့သို့ (၁၉)
ရာစုခေတ်မြန်မာနိုင်ငံ၏ သမိုင်းနှင့် ယဉ်းကျေးမှုကို ဖော်ပြနေပါသည်။
IMG 20160208 092343
 မန္တလေးမြို့တည်  နန်းတည်ဘုရင်မင်းတုန်းမင်းကြီးသည် ၁၈၇၁ ခုနှစ်တွင်
ပဉ္စမသင်္ဂါယနာတင်မှု ပြုလုပ်ခဲ့ပြီး၊       ပိဋကတ် သုံးပုံ စာသားများကို
ကျောက်စာချပ် (၇၂၉) ချပ်တွင် ကျောက်ထက် အက္ခရာ တင်ရေးထိုးခဲ့ပြီး၊   ကျောက်စာ တစ်ချပ်ချင်း စီကို 
ကျောက်စာရုံ အတွင်း ထားရှိကာ   ကုသိုလ်တော်ဘုရားဝင်းအတွင်း ကျောက်စာရုံ  (၇၂၉) ဆူ စိုက်ထူ
ထားခဲ့ပါသည်။
IMG 2133
ဝိနည်း၅ကျမ်းပါဠိတော်က  ချပ်ရေ……………………….၁၁၁ချပ်
အဘိဓမ္မာ၇ကျမ်းပါဠိတော်ကချပ်ရေ…………………….၂၀၈ချပ်
နိကာယ်၅ကျမ်း၊သုတ်၃ကျမ်းပါဠိတော်ကချပ်ရေ……..၄၁၀ချပ်
စသည်ဖြင့် ၇၂၉ ချပ် ရှိပါသည်။ထိုကျောက်စာများကို ကုသိုလ်တော်ဘုရားဝင်း အတွင်း၊
တံတိုင်း ၃ ဆင့် အထဲ၌ အစီအရီ စိုက်ထူးထားခြင်းဖြစ်ပါသည်။
IMG 2137
တံတိုင်းသုံးဆင့် တံခါးသုံးထပ်မှ ရှေးဟောင်း ကျွန်းတံခါးများ
ထို့ကြောင့် ကုသိုလ်တော် ဘုရားကျောက်စာများသည် ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး အဖြစ်
ကမ္ဘာကျော်ခဲ့သလို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် မြန်မာပြည်မှ ပထမဆုံး အသိအမှတ်ပြုခံ
ရသည့် နေရာ ဌာနတစ်ခုပင် ဖြစ်ပါသည်။
မြစေတီ ကျောက်စာ
အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ၂၀၁၅-ခုနှစ်၊ အောက်တိုဘာလ( ၄ ) ရက်မှ
အောက်တိုဘာလ ( ၆ ) ရက်နေ့ အထိ ကျင်းပသော ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အစီအစဉ် တွင် ကမ္ဘာ့
အမွေအနှစ် စာရင်းဝင်ရန် လျှောက်ထားမှုပေါင်း (၈၈) ခုအနက်မှ မြစေတီကျောက်စာ နှင့်
ဟန်နိုဗာမြို့ Gottfried Wihelm Leibniz Library ရှိ အလောင်းမင်း တရားကြီး ၏ ရွှေပေလွှာ မှတ်တမ်း
အမွေအနှစ် တို့အား ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
IMG 20160206 151118
မြစေတီကျောက်စာ ဟူသည်မှာ ကျန်စစ်သားမင်းကြီး၏ သားတော် ရာဇကုမာရ်မင်းသား၏
အလျှူမှတ်တမ်းအကြောင်း ရေးထိုးထားသော ကျောက်စာပင်ဖြစ်ပါသည်။
ထိုကျောက်စာအား သက္ကရာဇ်(၄၇၅) (အေဒီ-၁၁၁၃)ခုတွင် ရေးထိုးခဲ့ပါသည်။
IMG 20160206 151221
ပုဂံမြို့တောင်ဘက် မြင်းကပါရွာရှိ မြစေတီ ဘုရားအနီး တွေ့ရှိခဲ့ခြင်းကို
အကြောင်းပြု၍ မြစေတီ ကျောက်စာဟု ခေါ်ဆိုခြင်းဖြစ်ပြီး တစ်ချို့ကလည်း ဂူပြောက်ကြီးကျောက်စာ
ဟုလည်းခေါ်ကြပါသည်။
အကြောင်းမှာ ရာဇကုမာရ်ကျောက်စာမှာ ကျောက်စာတိုင် နှစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး
တစ်ခုကို ဂူပျောက်ကြီး ဘုရားအတွင်းမှ သုံးပိုင်းပြတ်လျက်တွေ့ရှိရခြင်းကြောင့်ဖြစ်ပါသည်။
IMG 1777
ကျောက်စာ တစ်ခုအားတွေ့ရှိရာ ဂူပျောက်ကြီးဘုရား
မြစေတီ ဘုရားအနီးတွေ့ရှိသော ကျောက်စာကို ယခုအခါ ပုဂံပြတိုက်တွင် ထားရှိခဲ့ပါသည်။
3
ပုဂံပြတိုက်ရှိ ရာဇကုမာရ်ကျောက်စာ တစ်ခု
ပုဂံပြတိုက်ရှိ ကျောက်စာတိုင်မှာ အမြင့် ၅ ပေ ၁၁ လက်မ ရှိ၍ လေးဘက် မျက်နှာပြင် အကျယ်ညီသည်။
စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်မ ခန့်ရှိပြီး ပါဠိဘာသာဖြင့် ၄၁ ကြောင်း၊
မြန်မာစာဖြင့် ၃၉ ကြောင်း၊ မွန်စာဖြင့် ၃၃ ကြောင်း၊ ပျူစာဖြင့် ၂၆ ကြောင်း ရေးထိုး ထားသည်။ ယင်း
ကျောက်စာတိုင်ကို အစိုးရ တွဲဖက်ကျောက်စာဝန် ပါဠိ ပါမောက္ခ ဂျာမန် ပညာရှင် ဒေါက်တာ ဖိုရှမ်းမား ဆိုသူက
စတင် ၍ မြစေတီ ခြေရင်း၌ ကပ်လျက်တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
IMG 20160206 151731
မြစေတီ ရင်ပြင်မှ ကျောက်စာတိုက်
ယခုလက်ရှိ မြစေတီရင်ပြင်ပေါ်ရှိ ကျောက်စာတိုင်မှာမတ်ရပ် လေးထောင့် ကျောက်တိုင် ဖြစ်ပြီး ကျောက်စာ
မျက်နှာပြင် နှစ်ဘက်သည် ပိုမို ကျယ်ပြန့်သည်။ ကျန် ၂ ဘက်မှာ ကျဉ်းသည်။ အကျယ်ဘက် ၂ ဘက်သည်
၁ပေ ၈ လက်မခန့်ရှိပြီး အကျဉ်းဘက်၌ ၁၀ လက်မခွဲမှ ၁၂ လက်မ အထိရှိကြောင်း၊ အကျယ် မျက်နှာပြင်ဘက်၌
စာမျက်နှာပြင် အမြင့် ၄ ပေ ၄ လက်မခန့်ရှိပြီး ၁ ပေ ၇ လက်မခွဲ အကျယ်ရှိကြောင်း၊ ပါဠိ စာကြောင်းရေ ၄၀၊
မြန်မာစာကြောင်းရေ ၃၄ ၊ မွန် စာကြောင်းရေ ၄၆ နှင့် ပျူ စာကြောင်းရေ ၂၉ ရှိကြောင်း မြန်မာ့
စွယ်စုံကျမ်းတွင်ဖော်ပြထားပါသည်။
IMG 20160206 151526
မွန်ဘာသာ
မြစေတီကျောက်စာသည် မွန်၊ မြန်မာ ၊ ပျူ နှင့် ပါဠိ ဘာသာ လေးမျိုးဖြင့် ရေးထိုးထားသဖြင့်
ပျူဘာသာကဲ့သို့ ရှေးဟောင်းဘာသာများကို လေ့လာရာတွင် များစွာ အကျိုးကျေးဇူးများခဲ့ရပါသည်။
IMG 20160206 151559
ပျူ ဘာသာ
ယခင်က အဓိပ္ပါယ် မဖော်နိုင်ခဲ့သော ပျူဘာသာကို မြစေတီကျောက်စာမှ ဘာသာလေးမျိုးကို
နှိုင်းယှဉ်လေ့လာပြီး အဓိပ္ပါယ်ဖော်နိုင်ခဲ့သဖြင့် သမိုင်းတန်ဖိုး လွန်စွာ ကြီးမားပါသည်။
IMG 20160206 151541
မြန်မာ ဘာသာ
ထို့ပြင် ထိုကျောက်စာပါ အချက်အလက်များကြောင့် ပုဂံမင်းဆက်များ၏ သက်တမ်း
ခုနှစ်များကိုလည်း မှန်ကန်အောင် သိရှိခဲ့ကြရပါသည်။
IMG 20160206 151614
ပါဠိ ဘာသာ
ယခင်က ပုဂံခေတ်နှင့်ပတ်သက်လျှင် မြစေတီကျောက်စာကို အစောဆုံးဟု ယူဆကြသော်လည်း
မကြာသေးမီက မြစ်သားမြို့နယ်၌ စောလူး မင်း ကျောက်စာဟု ယူဆသည့် ကျောက်စာတချပ်
ထပ်မံတွေ့ရှိရသည့်အတွက် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း သုတေသန ဌာန (Archaeological Survey of
India)၏ အကူအညီဖြင့် စစ်ဆေးလျက် ရှိသည်။
အလောင်းမင်းတရားကြီး ၏ ရွှေပေလွှာ2
ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း သို့ တင်သွင်းမှု များအနက် မြန်မာဘုရင် အလောင်း ဘုရား က ဗြိတိန်
ဘုရင်ဂျော့-၂ ထံသို့ ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးသားထားသည့် ရွှေပေလွှာကို ဂျာမနီနိုင်ငံ က ကမ္ဘာ့
မှတ်တမ်းအမွေ အနှစ်စာရင်းသို့ တင်သွင်း ခဲ့ပါသည်။ မြန်မာနိုင်ငံ ဘက်သို့ သဘောထား တောင်းခံပြီး
မြန်မာနိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့ ပူးတွဲတင်ပြခြင်း ဖြစ်ပါသည်။
အလောင်းမင်းတရားကြီး ၏ ရွှေပေလွှာ သည် အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်း မင်းတရားကြီး
က ဗြိတိန်ဘုရင်ဂျော့-၂ ထံသို့ ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ရန် အတွက် အင်္ဂလိပ် ကုန်သည် အဖွဲ့အား
ဟိုင်းကြီးကျွန်းပေါ်တွင် နေထိုင်ခွင့်ပြုထားကြောင်း၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာဖြင့် လွတ်လပ်သော
ပြည်ထောင် မင်းအချင်းချင်း တန်းတူညီမျှဖြင့် ပေးပို့သော သဝဏ်လွှာ ဖြစ်ပြီး ဗြိတိန်ဘုရင်ဂျော့-၂ က ၎င်း
မွေးဖွားရာ ဇာတိဖြစ်သော ဟန်နိုဗာမြို့စာကြည့်တိုက် သို့ လွဲပြောင်း ပေးခဲ့၍ ထိန်းသိမ်း ထားခဲ့ခြင်းဖြစ်ပါသည်။
ရွှေပေရွက်လွှာ မှာ အရည်အသွေး ကောင်းသော ရွှေ ကို ပါးလွှာအောင် အပြားခတ် ထားပြီး မြန်မာဘာသာဖြင့်
ကညစ်ခြစ် ရေးသားထားကာ ဆင်စွယ် ဖြင့်ပြု လုပ်ထားသော ကြုတ်အတွင်းလိပ်၍ ထည့်သွင်းထားပါသည်။
ရွှေပေရွက်လွှာ သည် အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာ ရှိပြီး အစွန်းနှစ်ဘက် ထိပ်တွင် ပတ္တမြား
(၁၂) လုံးစီ စုစုပေါင်း (၂၄)လုံး တပ်ဆင် ထားပါသည်။သဝဏ်လွှာ ၏ ထိပ်တစ်ဖက်တွင် ဘုရင့်တံဆိပ်တော်
ဟင်္သာပုံ ကို ဖောင်းကြွခတ် နှိပ်ထား ပါသည်။ရွှေပေရွက်လွှာ တွင် စာကြောင်းရေ (၁၀) ကြောင်းပါရှိသည်။
ရွှေပေရွက်လွှာ ပေးပို့သော ရက်စွဲမှာ ၁၇၅၆ ခု၊ မေလ (၇) ရက်နေ့ ဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်များ ( Memory of The World Register ) တွင်
မြန်မာနိုင်ငံတွင်းမှ နှစ်ခုနှင့် မြန်မာနိုင်ငံ နှင့် ပတ်သက်နေသော ဂျာမနီနိုင်ငံမှ တစ်ခုတို့ကို
ထည့်သွင်းသတ်မှတ် ပေးခြင်းခံခဲ့ရပါသည်။
ထို့ပြင် ယခုအခါတွင် ဗိဿနိုး ၊ သရေခေတ္တရာ နှင့် ဟန်လင်း ရှေးဟောင်းဒေသ များကိုလည်း
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ (World Heritage Sites) အဖြစ် သတ်မှတ်ခဲ့ပါသည်။
ထိုအကြောင်းများကိုတော့ နောက်ပိုင်းမှ ဆက်လက်တင်ပြပေးပါမည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ပါစေ...................................  နေခရမ်း
Wednesday, February 10, 2016
သုံးဘီးဆိုင်ကယ် (ခေါ်) တုတ်တုတ်ယာဉ် နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်
tuk2 2350052b jpg?itok=8r Lzacq1
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထုများ
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထုများ( Tallest Statues in the World )
အကြောင်းကို တင်ပြပေးပါမယ်။
အမြင့်ဆုံး အတော်များများ မှာ ဘာသာရေးဆိုင်ရာ ရုပ်ပွားတော် များဖြစ်ပြီး ၊
အခြား အမှတ်တရ အထိမ်းအမှတ် ရုပ်ထုများလည်း ပါဝင်ကြပါတယ်။
အားပေးကြပါအုံး သူငယ်ချင်းတို့...
(၁)Spring Temple Buddha
Capture
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထု ကတော့ တရုတ်နိုင်ငံ ၊  Henan ပြည်နယ်
မှာတည်ရှိပါတယ်။ မှတ်တမ်းတင်  အမြင့် 128 m (420 ပေ) ရှိသော်လည်း ၊ ကြာဖူး
ပလ္လင် အမြင့်နှင့် အောက်ခံ တွေပါဆို စုစုပေါင်း 208 m (682 ပေ) ဟု ဆိုကြပါတယ်။
ရုပ်ပွားတော်၏ အောက်တွင် ဘုန်တော်ကြီးကျောင်းကို တွဲစပ်တည်ဆောက်ထားပါတယ်။
spring temple buddhaa271e399b05e80d1e48b
ကြည်ညိုဖွယ်အဝေးမှမြင်ရပုံပါ...
ဒီရုပ်ပွားတော် သည် ကြေးသွန်းရုပ်ပွားတော် ဖြစ်ပြီး ကြေးတန်ချိန် 1,000 ဖြင့်
တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်အထိ
အာဖဂန်နစ်စတန် မှ တာလီဘန်တို့ ဗုံးခွဲဖြိုချခြင်းခံရတဲ့ Buddhas of Bamiyan
ရုပ်ပွားတော်သည် ကမ္ဘာ့အမြင့်ဆုံးပါ။ ထိုအကြောင်းကို နောင် သက်သက် ပိုစ့်အတို
ရေးပါမည်။
Related Posts Plugin for WordPress, Blogger...