စုစည်းတင်ပြလိုက်ပါသည်။ တစ်နေရာမှ တစ်နေရာသို့ကူးလူးသွားလာကြရာတွင်
အသုံးပြုကြသော ပင်လယ်ရေအောက်လှိုဏ်ခေါင်းများပါ။ ၁ မှ ၁၀ အထိ တင်ပြပေးလိုက်ပါသည်။
(၁) Seikan Tunnel – 53.9 km

ဒီလှိုဏ်ခေါင်းကြီးသည် ရေအောက်တွင် ၃၃.၄ မိုင် ( ၅၃.၉ ကီလိုမီတာ) အထိအရှည်ရှိပါသည်။
ကမ္ဘာပေါ်တွင် အရှည်ဆုံး ရေအောက်လှိုဏ်ခေါင်း အဖြစ်ရော အရှည်ဆုံးရေအောက် မီးရထားလှိုဏ်ခေါင်း
အဖြစ်ပါ စံချိန်နှစ်ခု တင်ထားပါသည်။ဂျပန်နိုင်ငံတွင် တည်ရှိပြီး ဟွန်းရှူးကျွန်း နှင့် ဟော့ကိုင်းဒိုးကျွန်း
တို့ကို ဆက်သွယ်ပေးထားပါသည်။နှစ်ပေါင်း ၂၅ နှစ်လောက် အချိန်ယူ တည်ဆောက်ခဲ့ရပြီး
၁၉၈၈ ခု မတ်လ မှာတည်ဆောက်မှု ပြီးစီးခဲ့ပါသည်။

(၂) Channel Tunnel – 37.9 km

ပြင်သစ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံ တို့အကြား ဆက်သွယ်ထားသော လှိုဏ်ခေါင်းကြီးပါ။
ပင်လယ်ရေအောက် လှိုဏ်ခေါင်းကြီးများတွင် တည်ဆောက်ထားမှု အကောင်းဆုံး အဖြစ်
သတ်မှတ်ထားကြပါသည်။ အခြားနိုင်ငံများမှ ရေအောက်လှိုဏ်ခေါင်းများ တည်ဆောက်မည်
ဆိုလျှင် သည်လှိုဏ်ခေါင်းကို လေ့လာ အတုယူပြီး တည်ဆောက်ရသည်ဟု ဆိုကြပါသည်။
world's longest undersea portion railway tunnel အဖြစ်လည်း စံချိန်တင်ထားပါသည်။
1988 မှာ 1994 တွင် ပြီးစီးခဲ့ပါသည်။

(၃) Tokyo Bay Aqua line

ဂျပန်နိုင်ငံတွင် တည်ရှိပြီး ၁၉၈၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၉၇ တွင် ဖွင့်လှစ်
နိုင်ခဲ့ပါသည်။(9.6 km) ရှည်ပြီး ကားလမ်း လှိုဏ်ခေါင်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့်ပင်
world's longest undersea portion road tunnel ဟု စံချိန်တင်ခဲ့ပါသည်။

(၄) Bomlafjord Tunnel – 7.8 km

နော်ဝေနိုင်ငံတွင် တည်ရှိပြီး ၇.၈ ကီလိုမီတာရှည်ပါသည်။ ကားလမ်းရေအောက်လှိုဏ်ခေါင်း
ဖြစ်ပါသည်။ ၁၉၉၇ တွင် စတင်ခဲ့ပြီး ၂၀၀၀ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

(၅) Eiksund Tunnel – 7.7 km

နော်ဝေနိုင်ငံတွင် တည်ရှိပြီး ၂၀၀၈ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ကားလမ်းအမျိုးအစားပါ။
ကမ္ဘာ့ပင်လယ်ရေအောက်အနက်ဆုံး ကားလမ်းလှိုဏ်ခေါင်းအဖြစ် စံချိန်တင်ထားပါသည်။
(၆) North Cape Tunnel – 6.8 km

နော်ဝေနိုင်ငံတွင် တည်ရှိပြီး ကားလမ်းအမျိုးအစားရေအောက်လှိုဏ်ခေါင်းပါ။
၁၉၉၃ တွင် စတင်ခဲ့ပြီး ၁၉၉၉ တွင် ပြီးစီးခဲ့ပါသည်။
(၇) Severn Tunnel – 3.62 km

ဗြိတိန်နိုင်ငံတွင် တည်ရှိပြီး ရှေးဟောင်း ရေအောက်လှိုဏ်ခေါင်းတစ်ခုပါ။
1873 မှာ စတင်ခဲ့ပြီး 1886 တွင် ပြီးစီးခဲ့ပါသည်။
(၈) Vardo Tunnel – 2.9 km

ရေအောက်လှိုဏ်ခေါင်းတွေများသည့်နော်ဝေ နိုင်ငံတွင် ဒီရေအောက်လှိုဏ်ခေါင်းသည်
နော်ဝေ တွင် ရှေးအကျဆုံးဖြစ်ပါသည်။ ၁၉၇၉ တွင် စတင်ခဲ့ပြီး ၁၉၈၂ တွင် ပြီးစီးခဲ့ပါသည်။
(၉) Sydney Harbour Tunnel – 2.8 km

Australia တွင် တည်ရှိပြီး ကားလမ်းရေအောက်လှိုဏ်ခေါင်းပါ။ ၁၉၈၈ တွင် စတင်တည်ဆောက်ခဲ့ပြီး
၁၉၉၂ တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။
(၁၀) Thames Tunnel - 0.4 kms

ဗြိတိန်နိုင်ငံတွင်တည်ရှိပြီး ကမ္ဘာ့ရှေးအကျဆုံး ရေအောက်လှိုဏ်ခေါင်းတစ်ခုပါ။
မီးရထားလမ်းရေအောက်လှိုဏ်ခေါင်းပါ။ ၁၈၂၅ ခုတွင် စတင်တည်ဆောက်ခဲ့ပြီး
၁၈၄၃ တွင် ပြီးစီးခဲ့ပါသည်။
ကျွန်တော်တို့နိုင်ငံကို အင်္ဂလိပ်တို့ မသိမ်းမှီ ဟိုးအရင်
ကတည်းက သူတို့နိုင်ငံတွင် ရေအောက် မီးရထားလှိုဏ်ခေါင်းများပင် တည်ဆောက်
သွားလာနိုင်နေပါပြီ။ ထိုအချိန်လောက်ဆိုလျှင် ကျွန်တော်တို့နိုင်ငံမှာ နန်းလု လို့ကောင်းတုံး
ပင် ရှိနေနိုင်ပါသည်။ သင်ခန်းစာ ယူသင့်လှပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။