Tuesday, May 21, 2013
ပေ ၂၀၀၀ အထက်ကကြိုးတန်းပေါ်မှာ ခဏ လောက်လှဲပြီးနားပါရစေ....
ပေပေါင်းထောင်ချီပြီးမြင့် သည့် နေရာထက်တွင် ကြိုးတန်းပေါ်လမ်းလျှောက်ရခြင်းမှာ လူတိုင်း
နီးပါးအတွက်တော့ အသည်းတုန်၊အူတုန်၊ နှလုံးတုန်ရင်ခုန်ကာ ဇောချွေးပြန်စရာဖြစ်မှာက
တော့ အသေအချာပါပဲ...
ဘောင်း ကတော့ ယခုကဲ့ သို့ အသဲတယားယား၊ ရင်တဖိုဖိုအမြင့် ဆုံးသောနေရာတွေမှာကြိုး
အမျိုးသားဥယျာဉ်ကြီးမှာ ပြုလုပ်တဲ့ လျှိုမြှောင်တောင်ထိပ်ပေါ်ကကြိုးတန်းလမ်းလျှောက်ပွဲမှာ
တော့ ထိတ်လန့် အံ့ သြဖွယ်ကြိုးတန်းပေါ်မှာ ခေတ္တမျှလဲလျောင်းအနားယူပြခဲ့ ပါသေးတယ်...
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ် အမျိုးသားဥယျာဉ်အထက် သွယ်တန်းထားသည့် 
အချိန်မရွေးပြုတ်ကျနိုင်သည့် အတားအဆီးမရှိသည့် ကြိုးတန်းပေါ်တွင်၎င်း၏ခန္ဓာကိုယ်အား ဟန်ချက်ညီအောင်ထိန်းကာ ဘရိုင်ယန်တစ်ယောက် လုံးဝကိုလှဲချပြီး လဲလျောင်းအနားယူခဲ့ ပြီး
ပြန်ထကာ တစ်ဖက်ခြမ်းရှိ တက်ဖ်ပွိုင့် တောင်ထွတ်ဆီသို့ အေးလေးလူလူပင် အောင်မြင်စွာဖြင့် 
လျှောက်လှမ်းပြနိုင်ခဲ့ ပါတယ်....
Head for heights: Highline walker Brian Mosbaugh takes it easy during an apparently relaxing moment on his tightrope at Taft Point, above Yosemite National Park in California
Related Posts Plugin for WordPress, Blogger...