Tuesday, May 21, 2013
ပေ ၂၀၀၀ အထက်ကကြိုးတန်းပေါ်မှာ ခဏ လောက်လှဲပြီးနားပါရစေ....
ပေပေါင်းထောင်ချီပြီးမြင့် သည့် နေရာထက်တွင် ကြိုးတန်းပေါ်လမ်းလျှောက်ရခြင်းမှာ လူတိုင်း
နီးပါးအတွက်တော့ အသည်းတုန်၊အူတုန်၊ နှလုံးတုန်ရင်ခုန်ကာ ဇောချွေးပြန်စရာဖြစ်မှာက
တော့ အသေအချာပါပဲ...
ဘောင်း ကတော့ ယခုကဲ့ သို့ အသဲတယားယား၊ ရင်တဖိုဖိုအမြင့် ဆုံးသောနေရာတွေမှာကြိုး
အမျိုးသားဥယျာဉ်ကြီးမှာ ပြုလုပ်တဲ့ လျှိုမြှောင်တောင်ထိပ်ပေါ်ကကြိုးတန်းလမ်းလျှောက်ပွဲမှာ
တော့ ထိတ်လန့် အံ့ သြဖွယ်ကြိုးတန်းပေါ်မှာ ခေတ္တမျှလဲလျောင်းအနားယူပြခဲ့ ပါသေးတယ်...
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ် အမျိုးသားဥယျာဉ်အထက် သွယ်တန်းထားသည့် 
အချိန်မရွေးပြုတ်ကျနိုင်သည့် အတားအဆီးမရှိသည့် ကြိုးတန်းပေါ်တွင်၎င်း၏ခန္ဓာကိုယ်အား ဟန်ချက်ညီအောင်ထိန်းကာ ဘရိုင်ယန်တစ်ယောက် လုံးဝကိုလှဲချပြီး လဲလျောင်းအနားယူခဲ့ ပြီး
ပြန်ထကာ တစ်ဖက်ခြမ်းရှိ တက်ဖ်ပွိုင့် တောင်ထွတ်ဆီသို့ အေးလေးလူလူပင် အောင်မြင်စွာဖြင့် 
လျှောက်လှမ်းပြနိုင်ခဲ့ ပါတယ်....
Head for heights: Highline walker Brian Mosbaugh takes it easy during an apparently relaxing moment on his tightrope at Taft Point, above Yosemite National Park in California
 ကြိုးတန်းလမ်းလျှောက်ရတာလွယ်မှတ်လို့ ....
ခဏနားလှဲပြီးနားလိုက်ဦးမယ်ဗျာ...
Head for heights: Highline walker Brian Mosbaugh takes it easy during an apparently relaxing moment on his tightrope at Taft Point, above Yosemite National Park in California
အဆိုပါသည်းထိတ်ရင်ဖိုစွန့် စားခန်းအား သက်စွန့် ဆန်ဖျားမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးသူ တိုင်
လာရိုမာ ကိုယ်တိုင် အံ့ သြဖွယ်ကောင်းလွန်းလှသည့် ဓါတ်ပုံများရအောင်စွန့် စားရိုက်ကူးခဲ့ တာ
ဖြစ်ပါတယ်....
အမေရိကန်နိုင်ငံ၊ အော်ရီဂွန်မှ ဓါတ်ပုံဆရာ တိုင်လာ တစ်ယောက်သူငယ်ချင်းဖြစ်သူ ကြိုးတန်း
တိုင်ပင် အသက်ကယ်ကြိုးများတပ်ဆင်ချည်နှောင်တုပ်ဆိုင်းကာ ကျောက်တောင်ထွတ်အစွန်းမှ
တွယ်ပြီး အသက်အန္တရယ်စွန့် စားရိုက်ကူးပေးခဲ့ တာဖြစ်ပါတယ်....
စရာကောင်းလောက်အောင် ထူးချွန်တဲ့ ပါရမီရှင် ကြိုးတန်းလမ်းလျှောက်သမားတစ်ဦးဖြစ်ပါ
တယ်.....သူ့ မှာကြိုးတန်းလမ်းလျှောက်ခဲ့ တဲ့ အတွေ့ အကြုံ၊ စွန့် စားခန်းပေါင်းမြောက်များစွာရှိခဲ့ 
ပါတယ်... သူဟာတစ်ကယ့် ကို မနေမနားကြိုးစားအားထုတ်တဲ့ ကြိုးတန်းလမ်းလျှောက်ခြင်းကို ခုံ
မင်စွဲလမ်းတဲ့ သူတစ်ဦးပါ...." လို့ အသက် ၃၂ နှစ်ရှိ တိုင်လာက ပြောကြားခဲ့ ပါတယ်....
Don't look down: Brian's amazing stunt was captured by photographer Tyler Roemer, who himself had to dangle over a cliff to photograph his friend's perilous position
 ဒီလိုဓါတ်ပုံရဖို့ ရိုက်ကူးသူဓါတ်ပုံဆရာကိုယ်တိုင် တောင်ထွတ်ဖျားကနေ အသက်ကယ်ကြိုး
အနေအထားကို ရိုက်ကူးခဲ့ တာဖြစ်ပါတယ်...
" ကျွန်တော်က သူ့ ရဲ့ အကောင်းဆုံးပုံကိုရိုက်ကူးပေးချင်တာပါ...ဒါပေမယ့် ပေပေါင်း ၂၀၀၀
ကျော်မြင့် တဲ့ နေရာက ထောင်ထွတ်ပေါ်မှာလေ....ဒါကြောင့် ကိုယ့် ကိုယ်ကို ဂရုမစိုက်ယင် အ
လွန်အန္တရာယ်နဲ့ နီးတဲ့ နေရာပေါ့ ....
အဲဒီမြင်ကွင်းကိုရနိုင်တဲ့ နေရာကိုရောက်ဖို့ ကလည်းတော်တော်မလွယ်တဲ့ ကိစ္စပါပဲ... ကျွန်တော့်
အနေနဲ့ တောင်ထွန်ကိုမှီပြီးရိုက်နိုင်ဖို့ အသက်ကယ်လုံခြုံရေးကြိုးတွေ၊ ကွင်းတွေကိုယ်မှာတပ်ပြီး
မှ လုပ်နိုင်တာပါ....တော်တော်အန္တရာယ်များပြီး ဒီလိုရိုက်ကွင်းမျိုးမှာရိုက်နိုင်ဖို့ သေချာတွက်
ချက်စဉ်းစားရပါတယ်...." လို့ သူကပြောကြားခဲ့ ပါတယ်... 
ref:ကိုပီတာ၏အတွေးပုံရိပ်များ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...