
အသက် ၂၁ နှစ်အရွယ် လိန်းကာတာ ဆိုသူဟာ ဝမ်းဗိုက် နာကျင်တာကြောင့် ဆေးရုံသို့ သွားခဲ့ရာမှ ကလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်လို့ သိရ ပါတယ်။ သူ ကိုယ်ဝန်ရှိစဉ် ကာလတစ်လျှောက်လုံး ဘာလက္ခဏာမှ မပြဘဲ မမွေးခင် တစ်လအလိုမှာမှ လေပွသလိုမျိုး ခံစားရတယ်လို့ ဆိုပါတယ်။ လစဉ် ဓမ္မတာလာမြဲတိုင်း လာနေပြီး ဝမ်းဗိုက်အတွင်းမှ သန္ဓေသားရဲ့ လှုပ်ရှားမှုကိုလည်း ဘယ်လိုမှ မခံစားရ ဘူးလို့ ဆိုပါတယ်။