Friday, May 10, 2013

ဟန်လင်းမြို.ဟောင်းမှ ရွှေစီခြယ်ထားသော သွားများပါသည့် အပေါ်မေးရိုးတစ်ခု

ကျွန်တော် လူမှန်းသိတတ်စ အရွယ်ရောက်တော့ ကျတော့ အမေရဲ့ အံသွားတစ်ချောင်းမှာ စတီးလ် ကွပ်ထားတာကို သတိထားမိပါတယ်
(တကယ်တော့ ကျတော့ အမေ အိမ်တောင်မကျခင် ပျိုရွယ်ကတည်းက လုပ်ထားတာပါတဲ့)။

ကျတော်က ဘာအတွက်ကြောင့် အဲလို လုပ်ထားသလဲဆိုတာ မတွေးတတ်ခဲ့ပေမယ့် နောက်မှသိရတာက သူတို့ ခေတ်က ဖက်ရှင်တစ်ခု အဖြစ်နဲ့ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အခု ကျတော်တို့ ခေတ်မှာလဲ သွားမှာ စိန်မြုတ်တာတို့ ဘာတို့ ကြားနေမြင်နေရတော့ ဖက်ရှင်ဆိုတာ တစ်ပါတ်ပြန်လည်တတ်တယ်ဆိုတဲ့ သဘောမျိုးနေမှာဘဲလို့ တွေးမိပါတယ်။ ဒါပေမယ့် ကျတော့ အနေနဲ့ သွားမှာ အလှဆင်ကြတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ခန့် ကျတော့်အဖေတို့ အမေတို့ အပျိုလူပျို ရွယ် ကတည်းကမှစတင်ခဲ့တဲ့ ဖက်ရှင်တစ်ခု အနေနဲ့ သိထားခဲ့တာ ...။
တကယ်တော့ ဘယ် ဟုတ်လို့လဲ . . . လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့် လောက်က ကျတော်တို့ မြန်မာ့ မြေပေါ်မှာ နေထိုင်ခဲ့တဲ့ ပျူလူမျိုးတို့ ခေတ်ကတည်းက ဖက်ရှင်တစ်ခုအနေနဲ့ သွားမှာ အလှဆင်ခဲ့တာကိုး။

ပုံမှာ ပြထားတဲ့ သွားပါတဲ့ အပေါ်မေးရိုးဟာ ၁၉၉၉ ခုနှစ်က ဟန်လင်း ပျူမြို့ဟောင်းမှာရှိတဲ့ ရွှေဂူကြီးစေတီတောင်ဘက်နားက တူးဖေါ်ရရှိခဲ့တာပါ။

မေးရိုးမှာပါတဲ့ သွား ၈ ချောင်းမှာ ရွှေအစစ်များနဲ့ ချယ်သထားတဲ့အပြင် အပေါက်ငယ် ၁၀၂ ပေါက် ဖောက်ထားပြီး ရွှေပြားငယ်လေးများကို လိပ်ပြီး ထည့်ထားသေးတယ်တဲ့။

အဲဒီ မေးရိုးပိုင်ရှင်ရဲ့ အရိုးစု ကို ၁.၅ မီတာ မြင့်တဲ့ ကျောက်တိုင်ကြီး အနီးမှာ ရှိတဲ့ ကျောက်ပြားကြီးအောက်မှာ မြုတ်နှံ ထားခဲ့ပါတယ်။ အရိုးစုနဲ့အတူ ရွှေလက်စွပ် ငွေလက်စွပ် မြေအိုးများနဲ့ သံထည် ပစ္စည်းများကိုလည်း တွေ့ ရတယ်လို့ ဆိုပါတယ်။

ကျတော့အနေနဲ့ကတော့ ပျူခေတ်ကလူတစ်ယောက်ရဲ့အပေါ် မေရိုးနဲ့ ရွှေနဲ့ စီချယ်ထားတဲ့ သွားတွေအကြောင်း လေ့လာသိရှိရတော့ အဲဒီခေတ်က လူတွေရဲ့ ယဉ်ကျေးမှု အဆင့်တန်း မြင့်မားမှုကို အတော်ဘဲ ချီးကျူးအံသြနေမိပါတော့တယ်။

From Yannaung Soe
Post အေးချမ်းမွန်

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...