Sunday, September 21, 2014
အံရောသောဝ်…နိုင်ငံတကာ ဥပဒေများ
ပြင်သစ် နိုင်ငံရဲ့ မြို့တော် ပါရီ (Paris) မှာတော့ ယခုအခါ ပျိုပျိုမေတို့အတွက် သတင်းကောင်း ဥပဒေကို ပြင်ဆင်မွန်းမံလိုက်ပါပြီ။  ဒီ ဥပဒေကတော့ အမျိုးသမီးတွေဟာ တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့် ရပါပြီတဲ့။  ၂၁၄ နှစ်ကြာ တားမြစ်ထားတဲ့ ဥပဒေကို ၁၇၉၉ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီးတော့ အဲဒီအချိန်တုန်းက အမျိုးသမီးတွေဟာ ဘောင်းဘီရှည်ဝတ်ဆင်ချင်ရင် ရဲအရာရှိဆီမှာ အထူးခွင့်ပြုချက်ကို ရယူရမယ်လို့ ဆိုထားတာပါ။  ၁၈၉၂ ခုနှစ်မှာတော့ အကယ်၍ အမျိုးသမီးဟာ မြင်းဇက်ကြိုးကို ကိုင်ထားမယ်ဆိုရင်တော့ ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ရမယ် လို့ ပြင်ဆင်ခဲ့ပါတယ်။  ၁၉၀၉ ခုနှစ်မှာတော့ ဒီဥပဒေကို ထပ်မံပြင်ဆင်ခဲ့ပါတယ်။  ဒါကတော့ အမျိုးသမီးဟာ စက်ဘီးစီးနင်းနေတဲ့အခါ ဒါမှမဟုတ် စက်ဘီးဂိုက်ကို ကိုင်ထားတဲ့အချိန်မှာဆိုရင် ဘောင်းဘီ ပုံစံအမျိုးမျိုး ၀တ်ဆင်ခွင့်ရှိတယ်ဆိုတာပါ။  ၁၉၄၆ ခုနှစ်မှာတော့ ယောက်ျားများနည်းတူ အမျိုးသမီးများ တန်းတူအခွင့်အရေး ရလာတော့ ဒီဥပဒေ ဟာ မျက်စေ့စပါးမွှေးစူးစရာဖြစ်လာပါတယ်။  ခုတော့ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ၀န်ကြီးက အမျိုးသမီးတွေကို တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ပေးလိုက်ပါပြီ။  ဒါပေမယ့် ချွင်းချက်တစ်ခုတော့ ရှိပါတယ်။  ခေတ်မမီတော့တဲ့၊  ဒါမှမဟုတ် အများအမြင်မသင့်လျှော်တဲ့ ဘောင်းဘီရှည်မျိုးကိုတော့ ၀တ်ဆင်ခွင့် မရှိပါဘူးတဲ့။  ဘာကြောင့်ရယ်တော့ အကျွန်လဲ မလျှောက်တတ်။
နောက်ထပ် ကြောင်တောင်တောင် ဥပဒေလေးတွေလည်း ပြင်သစ်မှာ ရှိပါသေးတယ်။
မနက် ၈နာရီမှ ည၈နာအတွင်း ၇၀%နှုန်းသော ရေဒီယိုမှ ထုတ်လွှင့်တဲ့ သီချင်းတွေဟာ ပြင်သစ် အနုပညာရှင်တွေရဲ့ သီချင်းတွေ ဖြစ်ရပါမတဲ့။
ရထားလမ်းတွေပေါ်မှာ နမ်းခြင်းဟာ ဥပဒေကို ချိုးဖောက်ပါတယ်။
ဘယ်ဝက်ကိုမှ သူ့ရဲ့ သခင်က နပိုလီယံဆိုတဲ့ နာမည် မှည့်ခွင့် မရှိပါဘူး။
ရဲအရာရှိ ဒါမှမဟုတ် ရဲကားကို ဓာတ်ပုံရိုက်ခြင်းဟာ ဥပဒေကို ချိုးဖောက်ပါသတဲ့။  ဓာတ်ပုံရိုက်ရင်း ရဲတစ်ယောက်ယောက် ဖြတ်လျှောက်သွားရင်တောင် မြင်ကွင်းထဲ ပါအောင် မရိုက်ရမယ့်ပုံပေါက်နေပြီ။
ကမ္ဘာ့အကြီးဆုံး ချောကလက် အဆောက်အဦး
 ကဲ ချောကလက်ချစ်သူများ…  ဘယ်လောက်ကြီးတဲ့ ချောကလက်ကို မြင်ဖူးပါသလဲ။  ခု တွေ့ရတဲ့ ချောကလက် ရုပ်ထုကြီးကတော့ မေရန်း တွေရဲ့ ဘုရားကျောင်းပုံစံကို ပြုလုပ်ထားတာဖြစ်ပြီး ၁၈၂၃၉ ပေါင် အလေးချိန်ရှိပါသတဲ့။  ဒီလိုမျိုးကြီးလွန်းလို့လဲ အခုဆိုရင် ဂင်းနစ် စံချိန်တင်သွားပြီ ဖြစ်ပါတယ်။  ဒီ ချောကလက် အဆောက်အဦးပုံစံကို ပြုလုပ်ဖို့အတွက် နာရီပေါင်း ၄၀၀ ကျော်အချိန်ယူရတယ်လို့ ဆိုပါတယ်။ 
          ဒီ ချောကလက်အဆောက်အဦးကို မေရန်း လူမျိုးတွေ ဆောက်ခဲ့တဲ့အတိုင်း စကေးကိုက် ဆောက်ခဲ့ပြီးတော့ လှေကားထစ်အရေအတွက်လည်း ထပ်တူဖြစ်ပါတယ်။  ဒါ့အပြင် နံရံတွေမှာလည်း မေရန်း လူမျိုးတွေရဲ့ ပြက္ခဒိန်ထဲကအတိုင်း ဖွဲ့စည်းထားပါသတဲ့။ ဒီ ချောကလက် အဆောက်အသီးကြီးကတော့ ၁၀ ပေ ပတ်လည် အောက်ခြေရှိပြီးတော့ ၆ ပေမြင့်မားပါတယ်။
          ဒီ ချောကလက်ကို ထုတ်လုပ်တဲ့ Qzina ကတော့ ဘာဖြစ်လို့ ဒီလို မေယန်းလူမျိုးတို့ရဲ့ အဆောက်အဦးပုံစံကို လုပ်ရသလဲဆိုတော မေရန်းလူမျိုးတွေဟာ ကိုကိုးပင် စတင်စိုက်ပျိုးနိုင်တဲ့ လူမျိုးစုဖြစ်တဲ့အပြင် ကိုကိုးအစေ့ရဲ့ အရသာကို စတင်မိတ်ဆက်ပေးနိုင်တဲ့ လူမျိုးစုဖြစ်လို့ပါတဲ့။  ဒါ့အပြင် ဒီလူမျိုးစုတွေဟာ သူတို့ရဲ့ ဘုရားသခင်ကို ကိုကိုးအစေ့တွေကို ပူဇော်ပသကြတယ်လို့ ဆိုပါတယ်။
          ဒီ ချောကလက် အဆောက်အဦးကြီးကိုတော့ ဇွန်လ ၄ ရက်နေ့ကစပြီး Qzina’s Institue of Chocolate and Pastry မှာ ပြသထားမှာပါ။  ဒါပေမယ့် အကြာကြီး ပြသထားမှာတော့မဟုတ်ပါဘူး ၂၁ ဒီဇင်ဘာလ ၂၀၁၂ မှာ ဒီချောကလက် အဆောက်အဦးကြီးကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။  ဘာဖြစို့လဲဆိုတော့ မေရန်းတို့ရဲ့ ပြက္ခဒိန်ဟာ အဲ့ဒီအချိန်မှာ ကုန်ဆုံးသွားမှာဖြစ်လို့ ဖြစ်ပါတယ်။
သဘာဝလျှို့ဝှက်လူသတ်ကောင်များ
Golden Poison Frog (ရွှေရောင် အဆိပ်ရှိသောဖား)
သဘာဝတရားကြီးဟာ ဘယ်လောက်ပဲ လှပတယ်ပြောပြော ဘယ်လောက်ပဲ ငြိမ်းချမ်းပါ တယ်ပြောပြော တောနက်ကြီးတွေနဲ့ ပင်လယ်နက်တွေထဲမှာ အဆိပ်ပြင်းတဲ့ ရှားပါးသတ္တ၀ါတွေရှိနေတုန်းပါပဲ ။ သူတို့ ကို သဘာဝလှို့ဝှက်လူသတ်ကောင်များ (Nature's secret killers ) လို့လည်းခေါ်ကြပါတယ် ။ မြင်ဖို့ခဲ ယဉ်းလှတဲ့ သတ္တ၀ါတွေမို့ တင်ပြပေးလိုက်ရပါတယ် ။
Blue Ringed Octopus (အပြာရောင်ကွင်းများနှင့် ရေဘ၀ဲ)
Saturday, June 21, 2014
ဝါးတူ ချောင်း ၆သောင်းခွဲနီးပါးဖြင့် ဂျက်ကီချန်း ပုံကို ဖန်တီး
တရုတ် ထမင်းစား၊ ဟင်းစား ဝါးတူပေါင်း အချောင်း ၆၄ ၀၀၀ ကို အသုံးပြုလို့ ဂျက်ကီချန်း ပုံတူကို
 တရုတ်ပြည်က Hong Yi လို့အမည်ရတဲ့ အမျိုး သမီးက ဖန်တီး လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က အသက်
၆၀ ပြည့် သွားတဲ့ ဂျက်ကီချန်းကို ဂုဏ်ပြုခြင်း ဖြစ်ပါတယ်။
ယခုလို ပြုလုပ်ဖို့ အတွက် စက်ရုံတွေ၊ စားသောက်ဆိုင် တွေက စွန့်ပစ် တူ များကို စုလို့ ပုံတူ ဖန်တီးခြင်း
ဖြစ်ပါတယ်။ ပေကျင်းနဲ့ Zhejiang ကနေ တူများ စုထားခြင်း ဖြစ်ပါတယ်။ တူ အပြင် ဝါးလုံး
အတိုအပြတ် အချို့ ကိုလည်း အသုံးပြု ထား ပါတယ်။ ခန်းစီး လိုက်ခါလို့ တွဲလောင်း ပုံစံ ဖြစ်အောင်
ကြိုးနဲ့ ချည်လို့ ဖန်တီးခြင်း ဖြစ်ပါတယ်။
စွန့်ပစ် ပစ္စည်း ပြန်လည် အသုံးပြုတဲ့ အလေ့အထ ကိုပါ လုံ့ဆော်ရဲ့ Hong Yi ဟာ သူမရဲ့ စွမ်းရည်ကိုပါ
ထုတ်ဖော် ပြသ သွားခဲ့ခြင်း ဖြစ်ပါတယ်။
ref:yoayarlay
ဂင်းနစ်စံချိန် (၂၁)ခု တင်ရှိထားတဲ့ ရေခဲလူသား
နယ်သာလန် နိုင်ငံသား အသက် (၅၅) နှစ် အရွယ်ရှိ ၀င်ဟော့ဖ်ဟာ ဂင်းနစ်စံချိန်
(၂၁) ခု တင်ရှိထားပြီး ထူးခြားလှတဲ့ အံ့မခန်း စွမ်းဆောင်ရည် တွေကြောင့် ရေခဲလူသားအဖြစ်
ခေါ်ဝေါ်ခြင်းခံခဲ့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟော့ဖ်ဟာ သာမန်လူတွေ မစွမ်းဆောင်နိုင်တာကို
ပြုလုပ်နိုင်ခဲ့ ခြင်းကြောင့် ဖြစ်ပါတယ်။ ရေခဲအမှတ် သုညဒီဂရီ ဖာရင်ဟိုက်အောက်အေးတဲ့
မြောက်ဝင်ရိုးစွန်းတန်းမှာ အ၀တ်အစားမပါဘဲ ဘောင်ဘီတို တစ်ထည်နဲ့ ပြေးပြခြင်း၊ ကမ္ဘာ့ အမြင့်ဆုံး
ဧ၀ရတ်တောင်ကို အ၀တ်အစားမပါဘဲ ဘောင်းဘီတိုတစ်ထည် ၀တ်ဆင်ပြီး တက်နိုင်ရန် ကြိုးစားခဲ့ခြင်း တို့ကြောင့်
ရေခဲလူသားအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ ကလေးငါးဦးဖခင်ဟော့ဖ်ဟာ ရေခဲကန်ထဲမှာ
အချိန်အကြာဆုံးနေပြတဲ့ စံချိန်ကိုလည်း တင်ရှိထားပါတယ်။ လူရဲ့ ခန္ဓာကိုယ်မှာ အပူချိန်လျော့ကျ သွားပါက
အန္တရာယ်ရှိပေမယ့် ဟော့ဖ်ကတော့ အပူချိန်ကို ဘယ်လို ထိန်းသိမ်း ရမလဲဆိုတာ သိရှိထားပါတယ်။
ထူးဆန်းသောနည်းဖြင့် သေဆုံးသူများ နှင့် ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား အလွဲများ
- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ
သွေးကြောပြတ် သေသွားပါတယ်။
- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။
- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ
ဖျားပြီးသေပါတယ်။
- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။
- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး
ဝံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခု ရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ ရဲ့အလေးချိန်ကြောင့်
မြင်းရောလူရော မြုပ်ပြီးသေပါတယ်။
- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။
- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့
သူကိုယ်တိုင်အသတ်ခံရပါတယ်။
မွေးကတည်းက လက်မောင်းတစ်ဖက်ကြီးနေတဲ့ ကမ္ဘာ့လက်မောင်းလှဲချန်ပီယံ
ဂျာမန်ဖွား Matthais Schlitte ဟာ ရှားပါးတဲ့ အရိုးများအစီအစဉ်မကျမှု ဝေဒနာကို
မွေးကတည်းက ခံစားခဲ့ရပြီး သူ့  ရဲ့ ညာဖက်လက်မောင်းဟာ ဘယ်ဖက်လက်မောင်းထက် နှစ်ဆကြီးနေခဲ့ပါတယ်။
လက်ဖျံရဲ့လုံးပတ်ကတင် ၄၆ စင်တီမီတာရှိတာပါ။
အသက် ၂၇ နှစ်အရွယ် Matthais Schlitte ဟာ သူ့ ရှဲ့ရှားပါးရောဂါကြောင့်ပဲ
ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ရပါတယ်။ သူဟာ ကြေးစားလက်မောင်းလှဲကစားသမားအဖြစ် အသက်မွေးခဲ့ပြီးနောက်
ဂျာမနီအမျိုးသားချန်ပီယံဆု ရှစ်ကြိမ်နဲ့  အပြည်ပြည်ဆိုင်ရာလက်မောင်းလှဲချန်ပီယံဆု ၁၂ ကြိမ်ရရှိထားခဲ့ပါတယ်။
Monday, June 2, 2014
မိုးရွာလျှင် တူရိယာသံစုံ ထွက်သော အိမ်
မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ် အပြင်မှာ တကယ်ရှိပါတယ်။
ဂျာမနီနိုင်ငံ၊ Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီး အနုပညာရှင်နဲ့ ဒီဇိုင်နာ များ ဖြစ်တဲ့ Christoph Roßner, Annette Paul နဲ့ Andre Tempel တို့က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့ သုံးယောက်နေတဲ့ တိုက်လည်း ဖြစ်ပါတယ်။
အိမ်ခေါ်မိုးက ကျလာတဲ့ မိုးရေကို အသုံးပြုလို့ ပုလွေ၊ အနောက်တိုင်း နှဲ တစ်မျိုး ဖြစ်တဲ့ ဆက်ဆိုဟွန်း (Saxophone) ပေါင်းများစွာနဲ့ ဖန်တီး ထားပါတယ်။ အချက်မှန်မှန် ထွက်အောင်လည်း တစ်ခါတည်း အီလက်ထရောနစ် ဆားကစ် ချိန်သလို ချိန်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် မိုးရွာပြီဆိုတာနဲ့၊ ဘယ်လောက်များများ၊ ဘယ်လောက်နည်းနည်း အနောက်တိုင်း စစ်တီးဝိုင်း သို့မဟုတ် အကတီးဝိုင်းက သံစဉ်များကို ကြားရမှာ ဖြစ်ပါတယ်။၎င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုကြောင့် လာရောက် လေ့လာသူများနဲ့ အမြဲ စည်ကားလျက် ရှိကြောင်း သိရပါတယ်။ 
From:ရိုးရာလေး
ငါးက နှိပ်ပေးသော ငါးမာဆက်
Doctor Fish လို့ခေါ်တဲ့ ငါးသဖွဲတစ်မျိုး Garra rufa ငါးကို အသုံးပြုလို့ ဖွင့်လှစ်တဲ့ Spa ဖြစ်ပါတယ်။
ယင်း ငါးဆရာဝန်မှာ သွားမပါပါဘူ။ ဒါကြောင့် အသားကို ပါးစပ်နဲ့ စုပ်လိုက်၊ ပြန်ထုတ်လိုက် လုပ်ပါတယ်။ ဒီနည်းလမ်းကြောင့်မို့ ခြေထောက် အကြောများ ကို နှိပ်နှယ်ပေးသလို ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာ ကတော့ လန် ဒန်မြို့ က ငါးနှိပ်ခန်း Spa တစ်ခုမှာ ဖြစ်ပါတယ်။ Rufa ငါးအကောင် ၁၅၀ ပါဝင်တဲ့   ရေကန် ထဲကို ခြေထောက်ကို ထည့်ပြီး ယခုလို အနှိပ်ခံနေကြပါတယ်။
ယင်း အလေ့အထက်ရဲ့  အစက ဂျပန်ဖြစ်ပါတယ်။ ဂျပန်ပြီးတော့ အခြားသော အာရှနိုင်ငံများ မှာပါ ပြု လုပ်ပြီး ဥရောပ၊ အမေရိက ထိကို ကူးဆက် သွားပါတယ်။ အချို့ ဆို တစ်ကိုယ်လုံးကို အနှိပ်ခံတဲ့ အထိ ပြု လုပ် ပါတယ်။ ယင်း ငါးများရဲ့  နှိပ်နှယ်ပေးမှုကြောင့် အကြောသေခြင်း၊လေဖြတ်   ခြင်းတို့ မှ ပြန် လည်ကောင်းမွန်လာတဲ့ လက်တွေ့ သာဓကများ ရှိကြောင်း သိရပါတယ်။
From:ရိုးရာလေး
ဘာမြူဒါတြိဂံ၏ လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်များ ဖော်ထုတ်နိုင်ပြီ
အတ္တ လန်တစ် သမုဒ္ဒရာ အတွင်း ရှိ မီယာမီ၊ ပြူတို ရီကို၊ ဘာမြူဒါ ကြားမှာ တည်ရှိ တဲ့ တြိဂံ ပုံစံ ဒေသ ဟာ ထူးဆန်း လှတဲ့ အခြေ အနေ တွေကြောင့် ထင်ရှား ကျော်ကြား တဲ့ နေရာ အဖြစ် သတ်မှတ် ခြင်း ခံထား ရ ပါ တယ်။ ဘာမြူဒါ တြိဂံ ဒေသရဲ့ ဆိုးရွား လှတဲ့ အကြောင်း ကို နယ်မြေ သစ် ရှာ ဖွေ ခဲ့တဲ့ ခရစ္စ တိုဖာ ကိုလံ ဘတ် က သူ့ရဲ့ မှတ်တမ်း ထဲမှာ ရေးသား ဖော်ပြ ခဲ့ဖူးတယ် လို့ သိရ ပါတယ်။
ဘာမြူဒါတြိဂံ ဒေသကြား ကိုဝင်ရောက် လာတဲ့ သင်္ဘောတွေ၊ လေယာဉ်တွေဟာ အကြောင်းပြချက် မယ် မယ် ရရမရှိဘဲ ပျောက် ဆုံးသွားခဲ့တာမို့ဒီဒေသကို မကောင်း ဆိုးဝါး နေရာ အဖြစ် သတ်မှတ် ထားကြပါတယ်။ အချို့က ဘာမြူဒါတြိဂံဒေသမှာ ဂြိုဟ်သား တွေ၊ ၀ဲဂယက်တွေ၊ မကောင်းဆိုးဝါး တွေ ကြီး စိုးနေတာမို့ သင်္ဘော တွေ နဲ့ လေယာဉ်တွေ ပျောက်ဆုံးနေခြင်းဖြစ်ရတယ်လို့ ဒဏ္ဍာရီ ဆန်ဆန်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိ ကန်သိပ္ပံပညာရှင်တွေကတော့ ဘာမြူဒါတြိဂံ ဒေသမှာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွားမှု ကြောင့် သာ သင်္ဘော တွေနဲ့ လေယာဉ်တွေပျောက် ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ အချက်အလက် တွေနဲ့ ထုတ်ပြန်သွားခဲ့ပါတယ်။
Thursday, February 6, 2014
အမှတ်တမဲ့အလွဲများ(၄၀)
အပိုင်း ၄၀ ရောက်လာပါပြီ...
ဆက်လက်အားပေးကြပါအုံးဗျာ...
ကိုယ်ပိုင်အဲယားကွန်းနဲ့ မီးစက်နဲ့ ...မပိုင်ဘူးလား...
လူလည်ကြီးးး
Thursday, January 30, 2014
တရုတ်နိုင်ငံမှ ပင်လယ်ပျော် ဂျစ်ပ်စီများ
အပြောင်းအလဲကို လက်မခံခြင်းဟု ဝေဖန်သူများလည်း ရှိသည်။ ရိုးရာဓလေ့ကို ခိုင်မာစွာ စောင့်ထိန်းခြင်းဟုချီးကျူးသူများလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံမှ တန်ကာလူမျိုးများကမူ ခေတ်သစ် လူနေမှုဘဝကို ငြင်းပယ်ကာ ပင်လယ်ပျော် ဂျစ်ပ်စီများအဖြစ် ဆက်လက် ခံယူနေထိုင်ဆဲပင်။ 
တန်ကာမျိုးနွယ်
(၇၀၀၀)မျှသည် မြေပေါ်တွင် မနေဘဲ ရေထဲတွင်သာ သီးခြား လူ့အဖွဲ့အစည်း တစ်ခုအဖြစ်
စုရုံးနေထိုင်ကြသည်။ တရုတ်နိုင်ငံ၏ ရှေးကျသည့် တံငါမိသားစုများမှ ဆင်းသက်လာသည့် တန်ကာတို့သည် ရေပေါ်တွင်ဖောင်ဖွဲ့ ဆောက်လုပ်ထားသည့်အိမ်များပေါ်တွင် နေထိုင်ကာ
 ရေသတ္တဝါများကို ပင်လယ်ထဲတွင်ခြံခတ်မွေးမြူပြီး စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းကြသည်။ 
Monday, January 20, 2014
နှင်းဖုံးလွင်ပြင်ပေါ်တွင် လမ်းလျှောက်ရင်း ဖန်တီးခဲ့သည့် ပန်းချီကားချပ်များ
အလွန်ကျယ်ပြောသော ဆီးနှင်းလွင်ပြင် တစ်ခုတွင် ဧရာမ ပန်းချီကားကြီးတစ်ချပ် ဖြန့်ကျက်ရေးဆွဲထားသကဲ့သို့ အနုပညာ လက်ရာများကို ဗြိတိန်မှ အနုပညာရှင် တစ်ဦးက ဖန်တီးပြခဲ့သည်။ ၎င်းသည် စက်ဝိုင်းများ ရေးဆွဲသည့် ကွန်ပါချွန် တစ်ခုနှင့် ကိုယ်ပိုင် ခြေထောက်များကိုသာ အသုံးပြုပြီး ခမ်းနားကြီးကျယ်သည့် ဆန်းဆန်းကျယ်ကျယ် အနုပညာ တစ်ရပ်ကို ဖော်ကျူးပြခဲ့ခြင်း ဖြစ်သည်။ ဘက်ရှိုင်းယားတွင် နေထိုင်သည့် အသက်(၅၅)နှစ်အရွယ် ဆိုင်မွန်ဘက်ခ်သည် ဆီးနှင်းပေါ်တွင် ခြေထောက်များဖြင့် ထိုးဆွပြီး ဧရာမ ပန်းချီကားချပ်ကြီးများကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
အပူချိန် ကျဆင်းမှုနှင့်အတူ ရေခဲသွားသည့် နိုင်အာဂရာ ရေတံခွန်ကြီး
အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့တွင် စံချိန်တင် အပူချိန် ကျဆင်းမှုများ ကြုံနေပြီးနောက် နာမည်ကျော် နိုင်အာဂရာ ရေတံခွန်ကြီးတွင် ရှားရှားပါးပါး ထူးခြားသောမြင်ကွင်းမျိုး ပြောင်းလဲသွားသည်ကို တွေ့ရသည်။ သဘာဝ ကမ္ဘာ့အံဖွယ် တစ်ပါးအဖြစ် သတ်မှတ်ခံရသော ဧရာမ ရေတံခွန်ကြီးသည် အလွန်အေးခဲသော ရာသီဥတုကြောင့် ရေများခဲကာ သဘာဝ ရေခဲရုပ်တု အဆောက်အအုံကြီး တစ်ခုသဖွယ် ပြောင်းလဲသွားခဲ့သည်။ ယခုသီတင်းပတ် အစောပိုင်းက နေ့အပူချိန်သည် အနုတ် (၂)ဒီဂရီ ဖာရင်ဟိုက်အောက်ထိ ကျဆင်းသွားခဲ့သည်။
ထို့အပြင် အေးခဲသည့် လေပြင်းများကလည်း တိုက်ခတ်နေပြန်ရာ အပူချိန်သည် အနုတ် (၂၀)ဒီဂရီ ဖာရင်ဟိုက်မျှ ရှိနေသည့်နှယ် ခံစားခဲ့ရသည်။ ဝင်ရိုးစွန်းဘက်မှ ဝင်ရောက်လာသော လေအေးများကြောင့် အရှိန်အဟုန် ပြင်းထန်စွာ စီးကျနေသည့် ရေများသည်ပင် အေးခဲကုန်ကာ နိုင်အာဂရာ၏ မြင်ကွင်းသည် ရေခဲချွန်၊ ရေခဲချောင်းများနှင့် တစ်မျိုးထူးခြားသွားခြင်း ဖြစ်သည်။ ရေများသည် အောက်ခြေထိ မရောက်မီတွင် အေးခဲကုန်သော အံ့ဩဖွယ် မြင်ကွင်းကို နိုင်အာဂရာ အနီးတဝိုက်မှ လူအများက ဓာတ်ပုံများ ရိုက်ယူခဲ့ကြသည်။
ဘူလ်ဂေးရီးယားမှ ထူးထူးခြားခြား ဓလေ့ထုံးစံနှင့် မင်္ဂလာအခမ်းအနား
မိမိ၏ သတို့သမီးကို မျက်နှာမမြင်ရသေးဘဲ ခေါင်းပေါ်တွင် လွှမ်းခြုံထားသည့် ဇာပဝါပါးလေးကို
လှပ်ကြည့်ရသည့် အခိုက်အတန့်သည် သတို့သား တစ်ဦးအတွက် ကြည်နူးစိတ်လှုပ်ရှားစရာ တစ်ဒင်္ဂမျိုး ဖြစ်နိုင်သည်။
သို့သော်လည်း ဘူလ်ဂေးရီးယား နိုင်ငံရှိ ကျေးရွာငယ်လေး တစ်ခုတွင် ကျင့်သုံးနေသည့် ရိုးရာဓလေ့
ထိမ်းမြားလက်ထပ်မှု အခမ်းအနားများမှ သတို့သားများအတွက်မူ ယင်းခံစားချက်မျိုး ပိုင်ဆိုင်နိုင်ဖွယ်
မရှိချေ။ အဆိုပါ ဓလေ့ထုံးစံ လက်ထပ်ပွဲများတွင် သတို့သမီး၏ မျက်နှာကို ဆေးရောင်စုံဖြင့်
ခြယ်သပြင်ဆင်ထားကြသည်။ အဆိုပါ လုပ်ရပ်ကို ဂီလီနာဟု ခေါ်ဝေါ်ကြောင်းလည်း သိရသည်။ ယခုအခါ
ဘူလ်ဂေးရီးယားရှိ ရစ်ဘ်နိုဗို ရွာလေးတစ်ခုတွင်သာ ယင်းထူးထူးဆန်းဆန်း ဓလေ့မျိုးလေး အမြစ်တွယ်
ကျန်ရှိနေခြင်း ဖြစ်သည်။ ရွာခံများ၏ အဆိုအရ ထိုသို့သော မင်္ဂလာလက်ထပ်ပွဲ အခမ်းအနားများကို
ပြုလုပ်လာခဲ့သည်မှာ ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဟု သိရသည်။ သတို့သမီးသည် ဇာပဝါပါးဖြင့်
ဖုံးအုပ်ထားသည့် မျက်နှာတွင် ဆေးရောင်စုံဖြင့် တောက်တောက်ပပ ထင်ထင်ရှားရှား ခြယ်သပေးခြင်းကို
ခံရလေ့ရှိသည်။
Thursday, January 16, 2014
ခရီးသွားနေတတ်သော ကြောင်ကလေး
အင်္ဂလန်နိုင်ငံ ၊ ပလိုင်းမောက် (Plymouth) မှ ကက်စပါ(Casper) အမည်ရှိ
ကြောင်ကလေး တစ်ကောင်ဟာ ဘတ်စ်ကားတစ်စီးကို နေ့တိုင်းအချိန်မှန်
စောင့်ဆိုင်းပြီး စီးလေ့ရှိပါတယ်။ ဒီလိုစီးလာတာဟာဆိုရင် လေးနှစ် ကျော်
ကြာမြင့်လာပါပြီ။ 
အမှတ်တမဲ့အလွဲများ(၃၉)
အပိုင်း ၃၉ ကို ဆက်လက်တင်ပေးလိုက်ပါတယ်။ အားပေးကြပါအုံးနော်...
ကဲ အကောင်းဆုံး ဆံထိုးနော်...
အဆင့်မြင့် ပညာရေးပါဗျာ...
ခြင်္သေ့မျက်နှာနှင့် လူ
လူရဲ့ခန္ဓာကိုယ် အပေါ်မှာ ထူးခြားစွာ အမွှေးအမျှင်များ ပေါက်နေသော
သူများ ရှိခဲ့ကြဖူးပါတယ်။ ထိုသူများဟာ သမိုင်းဝံပုလွေ ဟု လူသိများသည့်
ထူးဆန်းသည့် ရောဂါတစ်မျိုးကို ခံစားကြရသူများ ဖြစ်ပါတယ်။
ဒီလို ပုံစံထူးခြားနေသော်လည်း စိတ်ဓာတ်မကျပဲ ဘ၀ကို ရဲရဲရင်ဆိုင် ဖြတ်
သန်းခဲ့တဲ့ ခြင်္သေ့မျက်နှာနှင့်လူ ၊ လိုင်ယွန်နယ် ဟု အများက ခေါ်ဆိုကြတဲ့
စတတ်ဖဲင် ဘိုင်ဘရော့စကီး အကြောင်းကိုတင်ပြချင်ပါတယ်။
Wednesday, January 8, 2014
လူစွန့်စားတို့ကို စိန်ခေါ်နေသည့် သဘာဝ ကျောက်သားတိုင်ကြီး
ဩစတြေးလျ နိုင်ငံရှိ ကျောက်ဆောင်တစ်ခုသည် တိုင်ချောင်းကြီးတစ်ချောင်း အဖြောင့်အတိုင်း စိုက်ထူထားသည့်ပမာ သဘာဝအတိုင်း တည်ရှိနေသည်။ ပင်လယ်ကမ်းစပ် ကျောက်ဆောင်များအနီး၌ ငွားငွားစွင့်စွင့် ရပ်တည်နေသည့် တည်ဆောက်ပုံ ထူးခြားလှသည့် အဆိုပါ ကျောက်တုံးကြီးကို တိုတမ်တိုင်လုံးဟု နာမည်ပေးထားပြီး လူစွန့်စားများ မျက်စိအကျဆုံး နေရာတစ်ခု အနေဖြင့်လည်း မှတ်ယူနိုင်မည် ဖြစ်သည်။
ဝင်ရိုးစွန်းဝက်ဝံ ဦးခေါင်းပုံနှင့် ဆင်တူသည့် မိုလာမိုလာငါး
သမုဒ္ဒရာ ရေနက်ပိုင်းတွင် နေထိုင်လေ့ရှိသည့် မိုလာမိုလာခေါ် ငါးတစ်မျိုးသည် ဝင်ရိုးစွန်း ဝက်ဝံများ၏ ဦးခေါင်းနှင့် ဆင်တူသော အသွင်သဏ္ဍန်မျိုး ရှိနေသည်ကို တွေ့ရသည်။ သမုဒ္ဒရာနေရောင်ငါးဟုလည်း ခေါ်ဝေါ်လေ့ရှိသည့် ယင်းငါးမျိုးများကို အတ္တလန္တိတ် သမုဒ္ဒရာ အလယ်ပိုင်းဒေသများတွင် အများအားဖြင့် တွေ့ရှိနိုင်သည်။ ယင်းတို့ကို အဝေးမှ ရုတ်တရက် ကြည့်ပါက ပိုလာဘဲယားခေါ် ဝင်ရိုးစွန်း ဝက်ဝံဖြူများ၏ ဦးခေါင်းပုံသဏ္ဍန်မျိုးနှင့် ထင်ယောင်ထင်မှား တွေ့မြင်နိုင်မည် ဖြစ်သည်။ တောင်အာဖရိက ကမ်းလွန်တွင် ဓာတ်ပုံဆရာ အေမို့စ်နာချိုအမ်က ယခုဓာတ်ပုံကို မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့သည်။
မိုလာမိုလာ ငါးများ၏ သဘာဝအတိုင်း ဝဖိုင့်သော ခန္ဓာကိုယ်နှင့် အရောင်မှိန်မှိန် အလင်းတန်းများကြောင့် ယင်းဓာတ်ပုံသည် ပိုလာဝက်ဝံ တစ်ကောင်၏ ဦးခေါင်းမျိုးနှင့် ပိုမို၍ ဆင်တူသွားခြင်း ဖြစ်သည်။ မိုလာမိုလာ ငါးများသည် ကျောရိုးဆူးတောင် ပျောက်ကွယ်နေလေ့ရှိသဖြင့် ဝိုင်းစက်သော ပုံစံကို ပိုမိုပီပြင်စေသည်။ ၎င်းတို့ မွေးဖွားလာချိန်မှစပြီး ကျောရိုးဆူးတောင်သည် လုံးဝဥဿုံ ဖွံ့ဖြိုးကြီးထွားလာမှု မရှိတော့ချေ။ မိုလာမိုလာတို့သည် ကိုယ်အလေးချိန် ကီလိုဂရမ် (၁၀၀၀)မျှထိ ထွားကျိုင်းလာနိုင်ပြီး သမုဒ္ဒရာထဲတွင် အကြီးမားဆုံး စာရင်းဝင် ငါးမျိုးနွယ် တစ်ခုလည်း ဖြစ်သည်။
မိုလာမိုလာ ငါးမျိုးကွဲ (၃)ခုရှိပြီး အားလုံးသည် သမပိုင်းနှင့် အပူပိုင်းဇုန် သမုဒ္ဒရာများတွင်သာ ကျက်စားလေ့ရှိသည်။ မိုလာဆိုသော စကားသည် လက်တင်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး ကြိတ်ဆုံဟု အဓိပ္ပါယ်ရသည်။ ယင်းမှာ ငါးများ၏ ဝိုင်းဝန်းသော ကိုယ်ထည်တည်ဆောက်ပုံကို အစွဲပြု မှည့်ခေါ်သော အမည်လည်း ဖြစ်သည်။ ref:planet.com
ပုဂံအပါအဝင် အထင်ရှားဆုံး ရှေးဟောင်းအမွေအနှစ် နေရာ ၂၀
UNESCOက ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် သတ်မှတ်ထားသည့် နေရာပေါင်း
(၉၆၂)ခုထိ ရှိနေသည်။ ယင်းတို့အနက်မှ လက်ရွေးစင် နေရာ(၂၀)ကို ခရီးသွားဝက်ဘ်ဆိုက်
VeryFirstTo.comက ရွေးနုတ်ခဲ့ပြီး အကောင်းဆုံး ကမ္ဘာလှည့် ခရီးစဉ်အဖြစ် စီစဉ်ပေးခဲ့သည်။
အားလပ်ရက်တွင် ကမ္ဘာ့နေရာ အခု(၂၀)သို့ လည်ပတ်သွားလာနိုင်မည့် ယင်းခရီးစဉ်ကို တရုတ်ကျောင်းသား
တစ်ဦးနှင့် အီတလီ လုပ်ငန်းရှင် တစ်ဦးတို့က အစောဆုံး စာရင်းပေးသွင်းခဲ့သည်။ ထိုခရီးစဉ်အတွက်
ကုန်ကျစရိတ်သည် တစ်ဦးလျှင် ဒေါ်လာ (၁.၅)သန်း ဖြစ်သည်။
အဆိုပါ ကမ္ဘာလှည့် ခရီးစဉ်သည် ရှေးမြို့ဟောင်းများထံ ဦးတည်နေသလို လှပသော သဘာဝ
ပတ်ဝန်းကျင်များကိုလည်း ရှုမြင်ခွင့် ရမည်ဖြစ်သည်။ ရှေးလူသားတို့၏ အံ့ဩဘနန်း ဗိသုကာ အတတ်ပညာများကို
လေ့လာနိုင်ခွင့် ရနိုင်သလို ဆန်းကျယ်လှသည့် ရေအောက်သဘာဝ ရှုခင်းများကိုလည်း ထိတွေ့ ခံစားနိုင်ဦးမည်ဟု
ဆိုသည်။ CNNက မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံအပါအဝင် ဆန်းကျယ်ထူးကဲလှသည့် အဆိုပါ
လက်ရွေးစင်နေရာပေါင်း (၂၀)၏ ခရီးစဉ် အနှစ်ချုပ်ကို သုံးသပ်ဖော်ပြခဲ့သည်။
    အန်ကောဝတ်ကျောင်းတော် (ကမ္ဘောဒီးယား)
အဆိုပါ ကျောင်းတော်ကြီးသည် ဆီယမ်ရိပ် မြို့မှ မိနစ်(၂၀)မျှ သုံးဘီးကား စီးသွားရုံဖြင့် ရောက်ရှိမည်
ဖြစ်သည်။ နိုဝင်ဘာလမှ ဖေဖော်ဝါရီလကြား ခရီးသည် အများဆုံး သွားရောက်လေ့ရှိသည်။ အဆိုပါ အချိန်တွင်
ရာသီဥတုသည် ခြောက်ခြောက်သွေ့သွေ့ ရှိနေတတ်ပြီး အနိမ့်ဆုံး အပူချိန်မှ (၂၅)ဒီဂရီမှ (၃၀)ဒီဂရီ
ဆဲလ်ဆီးရပ်စ်မျှ ဖြစ်နေသည်။ ကမ္ဘောဒီးယားနှင့် ပတ်သက်သော အကြောင်းအရာများကို Geckos
Adventures Tour ဝက်ဘ်ဆိုက်တွင် အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ ( ၁ မှ ၈ ) (စ-ဆုံး)
 ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းခြင်းဆိုတာ
ပြင်ပမှပယောဂမပါပဲ ခန္ဓာကိုယ်တွင်း မှပြင်းထန်လှသော မီးတောက်
မီးလျှံများ အလိုလိုထွက်လာပြီး သေဆုံးသွားစေသည်အထိ လောင်
မြှိုက်ခြင်းကို ဆိုလိုတာပါ။
သည်လိုသဘာဝလွန်အဖြစ်မျိုးကို သိပ္ပံပညာရှင်များက သေသေချာချာ
လေ့လာထားပြီး Sloontaneous Human Combution (SHC)ဟု
အမည်ပေးထားပါတယ်။အများအားဖြင့် ရာဇဝတ်ပြစ်မှုများလားဟု
ထင်စရာရှိသဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် မှုခင်းဆရာဝန်များ
နှင့်အတူ သိပ္ပံပညာရှင်များပါ ပေါင်းစပ်လေ့လာကာ အလိုအလျောက်
မီးလောင်ကျွမ်းမှုအဖြစ်အပျက်များဟု မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။
ဒီလိုလောင်ကျွမ်းမှုများကို ခေတ်အဆက်ဆက်မှတ်တမ်းတင်ထားခဲ့ကြ
ပါတယ်။အစောဆုံးမှတ်တမ်းအဖြစ် ၁၆၀၀ ပြည့်နှစ်မှသည် ယနေ့ အထိ
ဆိုလျှင်မှတ်တမ်း ၂၀၀ ကျော်လောက်ရှိပါပြီ။နီးနီးစပ်စပ်အဖြစ်များနှင့်
ထူးထူးခြားခြားဖြစ်ခဲ့သည်များကို ဆက်လက်ပြီးတင်ပြပေးပါမည်။
ဆိုသူအမျိုးသမီးသည် မော်တော်ဘုတ်ပေါ်တွင် ခင်ပွန်း သားသမီးများ
နှင့်အတူ မတ်တပ်ရပ်နေပါတယ်။ထိုအချိန်တွင်ရုတ်တရက် မေရီကိုယ်ပေါ်
မှမီးတောက်မီးလျှံများထွက်လာပါတယ်။မိသားစုဝင်များသည် မကြုံဖူး
သဖြင့် အံ့သြကာကြောင်၍ကြည့်နေမိကြပါတယ်။သတိဝင်ပြီးမီးငြိမ်းသတ်
ရန်လုပ်ချိန်တွင်တော့ မေရီတစ်ယောက်မှာ ပြာတောင်ကျသွားရှာပါပြီ။
အဖြစ်အပျက်မှာလျှင်မြန်လွန်းလှပါတယ်။ထိုသို့ လောင်ကျွမ်းရာတွင်လည်း
အနီးရှိမိသားစု တစ်ဦးတစ်ယောက်မှ လောင်ခြင်း ကူးစပ်ခြင်းမျိုးလုံးဝမရှိပဲ
မေရီတစ်ဦးတည်းသာလောင်ကျွမ်းပြာကျသွားခြင်းဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...