Wednesday, January 8, 2014
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ ( ၁ မှ ၈ ) (စ-ဆုံး)
 ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းခြင်းဆိုတာ
ပြင်ပမှပယောဂမပါပဲ ခန္ဓာကိုယ်တွင်း မှပြင်းထန်လှသော မီးတောက်
မီးလျှံများ အလိုလိုထွက်လာပြီး သေဆုံးသွားစေသည်အထိ လောင်
မြှိုက်ခြင်းကို ဆိုလိုတာပါ။
သည်လိုသဘာဝလွန်အဖြစ်မျိုးကို သိပ္ပံပညာရှင်များက သေသေချာချာ
လေ့လာထားပြီး Sloontaneous Human Combution (SHC)ဟု
အမည်ပေးထားပါတယ်။အများအားဖြင့် ရာဇဝတ်ပြစ်မှုများလားဟု
ထင်စရာရှိသဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် မှုခင်းဆရာဝန်များ
နှင့်အတူ သိပ္ပံပညာရှင်များပါ ပေါင်းစပ်လေ့လာကာ အလိုအလျောက်
မီးလောင်ကျွမ်းမှုအဖြစ်အပျက်များဟု မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။
ဒီလိုလောင်ကျွမ်းမှုများကို ခေတ်အဆက်ဆက်မှတ်တမ်းတင်ထားခဲ့ကြ
ပါတယ်။အစောဆုံးမှတ်တမ်းအဖြစ် ၁၆၀၀ ပြည့်နှစ်မှသည် ယနေ့ အထိ
ဆိုလျှင်မှတ်တမ်း ၂၀၀ ကျော်လောက်ရှိပါပြီ။နီးနီးစပ်စပ်အဖြစ်များနှင့်
ထူးထူးခြားခြားဖြစ်ခဲ့သည်များကို ဆက်လက်ပြီးတင်ပြပေးပါမည်။
ဆိုသူအမျိုးသမီးသည် မော်တော်ဘုတ်ပေါ်တွင် ခင်ပွန်း သားသမီးများ
နှင့်အတူ မတ်တပ်ရပ်နေပါတယ်။ထိုအချိန်တွင်ရုတ်တရက် မေရီကိုယ်ပေါ်
မှမီးတောက်မီးလျှံများထွက်လာပါတယ်။မိသားစုဝင်များသည် မကြုံဖူး
သဖြင့် အံ့သြကာကြောင်၍ကြည့်နေမိကြပါတယ်။သတိဝင်ပြီးမီးငြိမ်းသတ်
ရန်လုပ်ချိန်တွင်တော့ မေရီတစ်ယောက်မှာ ပြာတောင်ကျသွားရှာပါပြီ။
အဖြစ်အပျက်မှာလျှင်မြန်လွန်းလှပါတယ်။ထိုသို့ လောင်ကျွမ်းရာတွင်လည်း
အနီးရှိမိသားစု တစ်ဦးတစ်ယောက်မှ လောင်ခြင်း ကူးစပ်ခြင်းမျိုးလုံးဝမရှိပဲ
မေရီတစ်ဦးတည်းသာလောင်ကျွမ်းပြာကျသွားခြင်းဖြစ်ပါတယ်။
ရှာရခက်တဲ့အဖြစ်တစ်ခုပါ။
နောက်ထပ်အပိုင်းများတွင် ထိုကဲ့သို့ သဘာဝလွန်မီးလောင်ကျွမ်းမှု
အဖြစ်များနှင့် ပညာရှင်များ၏ ကောက်ချက်ချထားမှုများကိုဆက်လက်တင်ပြ
ပါမည်။ ဆက်လက်အားပေးကြပါအုံးခင်ဗျာ………
------------------------------------------------------------------------------------
 ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ (၂)
ဒီတခါ တင်ပြမှာကတော့ ၁၉၅၁ ခု ဇူလိုင်လ ၁ ရက်နေ့ ကအမေရိကန်နိုင်ငံ
ဖလော်ရီဒါပြည်နယ် စိန့် ပီတာစတက်မြို့ က မေရီရီးဆာ ဆိုသူအမျိုးသမီး
ကြီးအကြောင်းပါ။
မေရီရီးဆာ
ထိုအမျိုးသမီးမှာ အသက် ၆၇ နှစ်ရှိတဲ့ မုဆိုးမတစ်ဦးပါ။သူမဟာ ဆက်တီ
ကုလားထိုင်ပေါ်ထိုင်နေရင်း ရုတ်တရက် မီးထတောက်လောင်ကျွမ်းခြင်းဖြစ်
ပါတယ်။သူမထိုင်နေရာနေရာတွင် ဦးခေါင်းခွံသာကျန်နေခဲ့ပါတယ်။အပူပြင်း
ထူးခြားတာက ဒီလောက်အပူပြင်းထန်စွာ လောင်သွားတာတောင် နေထိုင်ရာ
အခန်းနှင့်အသုံးအဆောင် ပစ္စည်းတွေကတော့ ကူးစက်လောင်ကျွမ်းခြင်းမရှိ
တော့ လောင်ကျွမ်းသွားပါတယ်။ ပြီးတော့ အောက်က ကော်ဇောလည်းလောင်
သွားပါတယ်။အနားက သတင်းစာပုံ တစ်ထပ်ကြီးကတော့ လောင်ကျွမ်းခြင်း
မရှိပဲ အကောင်းအတိုင်းပါပဲ။
လူကိုမီးကျွမ်းပြာကျအောင် လောင်ဖို့ ဆိုတာ အပူချိန်တော်တော်ပြင်းမှဖြစ်တာ
ပါ။ဘေးကပစ္စည်းများနှင့် အခန်းကိုမီးမလောင်စေဘူးဆိုတာက တော့ လောင်
ကျွမ်းချိန်မြန်ပြီး အပူချိန် တော်တော်မြင့်လို့ ဟုသက်မှတ်ကြပါတယ်။
ဒီလိုအဖြစ်မျိုးနှင့်ဆင်တဲ့အဖြစ်ကို ၁၉၅၈ ခု ဇန်နဝါရီ ၂၉ ရက်တွင် လန်ဒန်
အနောက်ပိုင်းမှ မစ္စက် အီးအမ် ဆိုသူ မုဆိုးမတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုဖြစ်စဉ်တစ်ခုပုံ
၁၉၆၃ ခု နိုဝင်ဘာလ တွင်လည်း အသက် ၈၅ နှစ်ရှိအမျိုးသမီးတစ်ဦးသည်
လည်းဒီလိုဖြစ်ခဲ့ပါတယ်။ ထိုအမျိုးသမီးမှာ ကျန်းမာရေးကောင်းမွန်သူဖြစ်
သော်လည်း ရုတ်တရက် ခန္ဓာကိုယ်မီးထတောက်လောင်ကျွမ်းသွားခြင်း
ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးပြာကျ သွးပေမယ့် ခြေထောက်တစ်ဖက်
ကတော့ကျန်နေခဲ့ပါတယ်။ အနီးအနားပစ္စည်းတွေကတော့ အနည်းအကျဉ်း
သာလောင်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကို လိဒ်တက္ကသိုလ် မှုခင်းဆရာဝန်ကြီး
ဒေါက်တာ ဒီဂျေဂီး ကိုယ်တိုင်တာဝန်ယူစုံစမ်းခဲ့တာပါ။
စုံစမ်းစစ်ဆေးသူတွေအနေနဲ့ မဖြေရှင်းနိုင်ဖြစ်ကြရတဲ့ ဒီလိုခန္ဓာကိုယ်မှ
အလိုအလျောက်မီးလောင်ကျွမ်းမှုတွေကို နေခရမ်းမှဆက်လက်တင်ပေး
ကြပါအုံးနော်………
----------------------------------------------------------------------------- 
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ (၃)
ဒီလိုသဘာဝလွန်အဖြစ်မျိုးတွေက ယုံကြည်ဖို့ ခက်ပါတယ်။အမှန်တရားတစ်ခု
အနေနဲ့တင်ပြခြင်းမဟုတ်ပါဘူး။ နိုင်ငံတကာမှာဖြစ်ပျက်နေတာတွေ မှတ်တမ်း
တင်ထားတာတွေကို ပြန်လည်တင်ပြပေးခြင်းပါ။ ဒီတစ်ခါတင်ပြမဲ့အကြောင်း
လောင်တဲ့ အဖြစ်တစ်ခုကိုပါ။
၁၉၆၄ ခုနှစ်က အမေရိကန်ပြည်နယ် တက္ကဆတ်ပြည်နယ် ဒါးလက်မြို့ မှာပါ။
အသက် ၇၅ နှစ်ရှိတဲ့ အိုလ်ဂါစတီဖင် ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့ ကားပေါ်မှာ
ထိုင်နေစဉ် ရုတ်တရက် ခန္ဓာကိုယ်မီးထတောက်လောင်ကျွမ်းခြင်းကို ခံရပါတယ်။
မီးအရှိန်ဘယ်လောက်ပြင်းသလဲဆို စက္ကန့် ပိုင်းအတွင်းပြာကျသေဆုံးခဲ့ရပါတယ်။
အချိန်ခဏအတွင်းလောင်ကျွမ်းပြီးမီးငြိမ်းသွားသဖြင့် ကားထဲက ပစ္စည်းတွေက
တော့အကောင်းအတိုင်း ကျန်ရှိနေပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပွားနေစဉ်မှာ
အနီးမှာ မျက်မြင်သက်သေတွေရှိခဲ့ကြပါတယ်။
တစ်စုံတစ်ခုသော ပယောဂကြောင့်ဆိုရင် ပြာကျလောက်အောင်ပြင်းထန်စွာ
လောင်သောမီးဟာ ခဏအတွင်းမှာ မငြိမ်းနိုင်ပါဘူး။အနည်းဆုံးတော့ ကားကတော့
ရစရာမရှိအောင် ဖြစ်သွားမှာပါ။ ဥပမာ ဗုံးခွဲခြင်းမျိုးပေါ့။ လူကိုသာမီးရှို့ သာဆိုရင်
တော်တော်နဲ့မသေနိုင်ပါဘူး။စဉ်းစားစရာကောင်းတဲ့ အဖြစ်မျိုးပါ။
ဒီလိုအဖြစ်မျိုးတွေကို မှတ်တမ်းတင်ထားရာမှာ
၁၉၅၀ တွင် ၁၁ မှု။
၁၉၆၀ တွင် ၇ မှု။
၁၉၇၀ တွင် ၁၃ မှုရှိခဲ့ပါတယ်။ ဒါ ၃ နှစ်ထဲစာရင်းပါ။ နှစ်တိုင်းနီးပါးဖြစ်ပျက်မှတ်တမ်း
တင်ထားကြပါတယ်။ လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကတောင် ဒါမျိုးအဖြစ်အပျက်ကို
ဖြစ်ခဲ့တယ်လို့ ဖတ်ခဲ့ဖူးပါတယ်။
နောင်လာမဲ့ အပိုင်းမှာ ဒီလိုပဲ ထူးဆန်းစွာဖြစ်ခဲ့သူများကို ဆက်လက်တင်ပြပေး
ပါမယ်။    
----------------------------------------------------------------------------
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၄)
ကျွန်တော်ဒီအကြောင်းတွေကို နေခရမ်းဆိုဒ် မှာသာမကပဲအခြားသော
လူမှုကွန်ယက်များမှာပါ ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ထိုဆိုဒ်များမှအားပေး
ကြတဲ့သူငယ်ချင်းများ၏ ဆွေးနွေးချက်များကို လည်းပြန်ရပါတယ်။
ဆိုဒ်တစ်ခုမှ သူငယ်ချင်းတစ်ယောက်က ဒီအဖြစ်အပျက်တွေဘာ
ကြောင့်အမျိုးသမီးတွေပဲဖြစ်နေရတာလဲဟု မေးမြန်းထားပါတယ်။
ကျွန်တော်တင်ထားတာတွေပြန်ကြည့်တော့လည်း အမျိုးသမီးအကြောင်း
တွေပဲဖြစ်နေပါတယ်။
 ဒါပေမယ့်ဒီလိုသဘာဝလွန်အဖြစ်အပျက်တွေဟာ အမျိုးသားများမှာ
လည်းဖြစ်ခဲ့ပါတယ်။ အရေအတွက်အားဖြင့်တော့ အမျိုးသမီးတွေက
ဖြစ်ကြတာပိုများပါတယ်။ ဒါကလည်းကျွန်တော်ဒီအကြောင်းနောက်
ဆုံးအပိုင်းမှာ စုံစမ်းစစ်ဆေးသုတေသန ပြုသူများ၏ ထင်မြင်ချက်
ကောက်ချက်ချမှုများကို သီးခြားတင်ပြပေးပါမယ်။အခုတော့
အမျိုးသားထဲမှ ဖြစ်ခဲ့တဲ့အဖြစ်ကိုတင်ပြပေးပါမယ်။
၁၉၆၆ ခု ဒီဇင်ဘာလ ၅ရက်နေ့ |အမေရိကန်နိုင်ငံ ပင်ဆီလ်ဗေးနီး
ယားပြည်နယ်မြောက်ပိုင်းတွင် ဒေါက်တာဂျေအာဗင်ဘင့်ဆိုသူ
အသက် ၉၀ အရွယ်အဘိုးအိုတစ်ဦးရဲ့ အဖြစ်ပါ။အဘိုးအိုဟာထိုင်ခုံ
မှာထိုင်နေရင်း ခန္ဓာကိုယ်မှရုတ်တရက် မီးထတောက်လောင်ခဲ့ပါတယ်။
သူဟာ ရေချိုးခန်းမှရေကိုယူပြီးမီငြိမ်းသတ်ဖို့ ကြိုးစားနေစဉ်မှာပဲခန္ဓာ
ကိုယ်ဟာပြာကျသေဆုံးခဲ့ပါတယ်။ဒါပေမယ့် ဒူးအထိခြေထောက်တစ်
ဖက်ကတော့ အကောင်းအတိုင်းကျန်နေပါတယ်။ပြီးတော့ စီးထားတဲ့
ခြေညှပ်ဖိနပ် မှာလည်းအကောင်းအတိုင်းကျန်နေပါတယ်။ကျန်တဲ့
ခန္ဓာကိုယ်တစ်ခုလုံးကတော့ ပြာပုံဖြစ်သွားအောင်လောင်ကျွမ်းခဲ့ပါတယ်။
ဒီအဖြစ်အပျက်တွေကြုံတဲ့သူတိုင်းသေဆုံးကြရတာပဲလားလို့ မေးစရာ
ရှိပါတယ်။မှတ်တမ်းတော်တော်များများတွင် သေဆုံးခဲ့ရသူတွေများပေ
မယ့် ထူးခြားစွာအသက်မသေခဲ့သူများလည်းရှိခဲ့ပါတယ်။
အခုတင်ပြမည့်အကြောင်းအရာတွင်ထူးခြားတာက ဖြစ်ခဲ့သူမှာအသက်
မသေခဲ့ပဲ ဖြစ်ပျက်နေစဉ်မှာလည်း အနီးမှာလူများစွာရှိနေခဲ့ပါတယ်။
၁၉၇၄ ခု တွင်အင်္ဂလန်နိုင်ငံ ဝေလနယ် ကာဒစ်မြို့ မှာပါ။
စတူဒီယိုတစ်ခုတွင် ရုပ်မြင်သံကြားရိုက်ကူးရန် ဖီးလိန်းပြင်ဆင်နေသူ
သရုပ်ဆောင်တစ်ဦးကြုံခဲ့ရတာပါ။သူရုတ်တရက်ခန္ဓာကိုယ်မှမီးများထ
တောက်လောင်ကျွမ်းတာကို အနီးမှာရှိနေကြသူတွေက မြင်ခဲ့ကြရပါ
တယ်။အနီးရှိနေသူများက အလျှင်အမြန် ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့
ကြရပါတယ်။ဒါကြောင့် သူအသက်ချမ်းသာရခဲ့ပေမယ့် ပြင်းထန်သော
မီးလောင်ဒဏ်ရာများရရှိခဲ့ပါတယ်။
ဒါမျိုးသဘာဝလွန်အဖြစ်ဆန်းများအတွက် စုံစမ်းစစ်ဆေးသူများ
အတွက် ခေါင်းရှုပ်စရာများဖြစ်ခဲ့ကြပါတယ်။ရှေ့ အပိုင်းများတွင်လည်း
ထပ်မံတင်ပေးပါအုံးမည်။
--------------------------------------------------------------------
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၅)
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ ကိုဗဟုသုတ
အဖြစ်ရည်ရွယ်ပြီးတင်ပေးနေတာ အပိုင်းတော်တော်များနေပါပြီ။ ယုံကြည်ဖို့ခက်ပေမယ့်ထူးခြားပြီးအဖြေထုတ်ရခက်တဲ့ ဒီအကြောင်းတွေကို တင်နေစဉ်မှာပဲ အခုရက်ပိုင်းအတွင်းဖြစ်ပျက်တဲ့အကြောင်းအရာ တစ်ခု ထပ်ပေါ်လာပါတယ်။
သြဂုတ်လ ထုတ် နယူးယောက်တိုင်း ၊ နှင့် အခြား သတင်းစာများတွင် ပါရှိနေတဲ့အကြောင်းကို
တင်ပေးပါမည်။ ဖြစ်ခဲ့တဲ့ အဖြစ်ကတော့ သုံးလသား အရွယ်ကလေးငယ်မှာဖြစ်ခဲ့တာပါ။
ဖြစ်ခဲ့တာလည်း တစ်ကြိမ်းတည်းမဟုတ်ပဲ လေးကြိမ်အထိ ဖြစ်ခဲ့တာပါ။
အိန္ဒိယ နိုင်ငံတွင် ရာဟူး(Rahul )အမည်ရှိ ယခုသုံးလသားအရွယ်ကလေးငယ်သည်
ကိုးရက်သား အရွယ်မှ စကာ ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှု
စတင်ဖြစ်ခဲ့ပါသည်။ လွန်ခဲ့သည့်လအထိ နောက်ဆုံး မီးထတောက်မှုဖြစ်ပေါ်ခဲ့ကာ
စုစုပေါင်းလေးကြိမ်ရှိပါပြီ။
ထိုသို့မီးထတောက်မှုကြောင့် ရွာတွင် မီးလောင်မှုဖြစ်မှာစိုးရိမ်သဖြင့် ရွာမှထွက်ခွာခိုင်းခြင်း
ကိုခံခဲ့ရပြီး ရွာပြင် ဘုရားကျောင်းတွင် နေထိုင်ခဲ့ရပါသည်။ နောက်ဆုံးတော့ မိဘများက
စိုးရိမ်ကာ တမီနာဒူး ပြည်သူ့ဆေးရုံသို့တင် ခဲ့ရပါသည်။
ဆရာဝန်များက အသေအချာ စမ်းသပ်မှုများလုပ်ဆောင်ခဲ့ပြီး ယုံကြည်ရန်ခက်သည်ဟု
ဆိုခဲ့ကြပါသည်။ ကလေး၏ ကိုယ် ခန္ဓာမှ မီးလောင်စေသော ဓာတ်ငွေ့များထွက်နေသလားဟု
စမ်းသပ်ခဲ့သော်လည်း ကလေး၏ အရေပြားမှာ သာမာန်ဟုသာ စမ်းသပ်ရရှိခဲ့ပါသည်။
Kilpauk Medical College Hospital  မှ ပါမောက္ခဆရာဝန်ကြီးများကိုယ်တိုင် စမ်းသပ်သုတေသန
ပြုခဲ့ပြီး မည်သူမျှ ဒီကလေး ခန္ဓာကိုယ်မှ မီးထတောက်မှုကိုတိကျစွာ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဟု
ဆိုခဲ့ကြပါသည်။ သြဂုတ်လ ၂၃ ရက်နေ့တွင် ဆေးရုံမှ ဆင်းသွားပြီး နောက်ပိုင်းအခြေအနေများ
ကို ဆက်လက်စောင့်ကြည့် နေကြရပါတယ်။
ဒါနောက်ဆုံးရရှိတဲ့ အဖြစ်အပျက်ပါ။ ဒီအရင်က ၂၀၁၁ မှာဖြစ်ဖူးတယ်လို့နေခရမ်းအရင်ပိုစ့်တွေမှာ
ရေးပေးခဲ့ ဖူးပါတယ်။ ၂၀၁၁ ခုနှစ်တွင် အိုင်ယာလန်အမျိုးသား အသက် ၇၆ နှစ်ရှိ
Michael Flaherty ဆိုသူသည်လည်း ဒီလိုမျိုး ဖြစ်ပြီးသေဆုံးခဲ့ဖူးပါတယ်။ အိုင်ယာလန်မှ သေမှု
သေခင်းစုံစမ်းသူများကလည်း လက်ခံအတည်ပြုထားကြပါတယ်။
အခုဒီအဖြစ်အပျက်မှာထူးခြားတာက ရက်သား လသားအရွယ်ကလေးငယ် ဖြစ်နေခြင်း
နှင့် တစ်ကြိမ်းတည်းမဟုတ်ပဲ လေးကြိမ်အထိ ဖြစ်ခဲ့ခြင်းတို့ပါ။
အသက်သေလောက်အောင် မဖြစ်ခဲ့တာကတော့ ကံကောင်းပါတယ်။ နောက်ပိုင်းအပိုင်းများတွင်လည်း
ထူးခြားအဖြစ်များကို ဆက်လက်တင်ပေး ပါအုံးမယ်နော်....
--------------------------------------------------------------------------------
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၆)
သူငယ်ချင်းတို့ ကို ခန္ဓာကိုယ်မှအလိုအလျောက်မီးထတောက်လောင်
ကျွမ်းမှု အဖြစ်အပျက်များကို ဆက်လက်တင်ပြပေးချင်ပါတယ်။
ဒီတစ်ခါတင်ပြပေးချင်တဲ့အဖြစ်အပျက် ကတော့ အခြားအဖြစ်များနှင့်
မတူပဲ ထူးခြားနေပါတယ်။အလိုအလျောက်မီးထတောက်လောင်ကျွမ်း
ခဲ့ရတဲ့ဒီလူဟာ လူအများရှိရာ လမ်းပေါ်မှာဖြစ်ခဲ့တာဖြစ်ပြီး | အသက်
မသေခဲ့တဲ့ထူးထူးခြားခြားအဖြစ်ပါ။
၁၉၈၅ ခု မေလ ၂၅ ရက်တွင် လန်ဒန်မြို့လယ် ပလက်ဖေါင်းပေါ်မှာ
ဖြစ်ခဲ့တာပါ။ပေါလ်ကက်စတိုင်း ဆိုသူအမျိုးသားတစ်ယောက်ဟာ
ပလက်ဖေါင်းပေါ်တွင်လမ်းလျှောက်သွားနေတုံး ရုတ်တရက်ခန္ဓာကိုယ်
မှမီးတောက်မီးလျှံများ ထွက်ပေါ်လာပါတယ်။
သူဟာ ရုတ်တရက် မိမိကိုယ်မှမီးများထတောက်လောင်ခဲ့လို့ အလွန်ကို
ထိတ်လန့် သွားပါတယ်။မီးတောက်များဟာ ဓာတ်ဆီလောင်းထား
သလို အလျှင်အမြန် ထတောက်လာတာပါ။လက်မောင်းရင်းမှ လက်
ကောက်ဝတ်အထိ မီးများထတောက်လာပါတယ်။သူဟာ အလွန်ထိတ်
လန့် ပြီး အော်ဟစ်ကာ အနီးအနားကို အကူအညီတောင်းခံခဲ့ပါတယ်။
အနီးမှလူများကလည်း ရုတ်တရက် မကြုံစဖူး အဖြစ်ကြောင့် ကြောက်လန့် ကုန်ကြပါတယ်။
သူဟာ မျက်နှာကိုမီးကူးလောင်မှာစိုးသဖြင့် မျက်နှာကို လက်ဝါးဖြင့်အုပ်
ကာ သွေးရူးသွေးတန်းပြေးထွက်ခဲ့ပါတယ်။ဒါပေမယ့် အနည်းငယ်သာပြေးထွက်နိုင်ခဲ့ပြီး
သူဟာပလပ်ဖေါင်းပေါ်ကို လဲကျသွားပါတယ်။
လဲကျသွားစဉ်မှာ သူ၏ခန္ဓာကိုယ်ဟာ မီးလုံးကြီးကဲ့သို့ ဖြစ်သွားပြီး
မီးအပူဒဏ်ကို အပြင်းအထန်ခံလိုက်ရပါတယ်။ ထိုသို့ လောင်ကျွမ်းနေမှု
ဟာနာရီဝက် ခန့် ကြာခဲ့ပြီး မှ မီးဟာငြိမ်းခဲ့ပါတယ်။
မီးငြိမ်းသွားလျှင်သူဟာ ထထိုင်ခဲ့ပြီး သူ၏ကိုယ်ကို ပြန်လည်စမ်းကြည့်
ခဲ့ပါတယ်။ခန္ဓာကိုယ်ဟာ ပူနေတုံးပဲရှိနေသေးပြီး ထုံနေပါတယ်။
မျက်နှာ လည်ပင်း နားရွက် စသည်ဖြင့် နေရာအများအပြား မီးလောင်ဒဏ်
ရာများ ရရှိခဲ့ပါတယ်။ သူဟာ လန်ဒန်ဆေးရုံကြီးသို့ အင်အားချိနဲ့စွာဖြင့်
လျှောက်လာခဲ့ပါတယ်။သူ့ အား ဆရာဝန်များနှင့် သူနာပြုဆရာမများက
အထိတ်တလန့် ဖြင့် ဝိုင်းဝန်းကြည့်ရှု့ခဲ့ကြပါတယ်။သူဟာ မျက်နှာ
လည်ပင်း နှင့် ဦးခေါင်းပိုင်း များတွင်ပါ မီးလောင်ဒဏ်ရာများ ရခဲ့သော်
လည်း သေလောက်သောဒဏ်ရာများ မဖြစ်ခဲ့သဖြင့် အသက်ချမ်းသာရာ
ရသွားခဲ့ပါတယ်။ထိုအချိန်တွင် ပေါလ် ၏အသက်မှာ ၁၉ နှစ်ဖြစ်ပါတယ်။
ဒီအဖြစ်မှာထူးခြားတာက အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှု
များတွင် အသက်သေဆုံးရတာများပါတယ်။ သူကတော့ အသက်မသေ
ခဲ့ပါ။ထို့ ပြင် အခြားမီးလောင်ကျွမ်းမှုတော်တော်များများတွင် အချိန်ခဏ
လေးအတွင်းမီးလောင်ပြာကျခဲ့သော်လည်း ပေါလ်ကတော့ နာရီဝက်
လောက် မီးလောင်ခံရတာတောင်အသက်မသေခြင်းဖြစ်ပါသည်။
ဒီအဖြစ်အပျက်တော်တော်များများဟာ အသက်ကြီးသူများတွင်အဖြစ်
များခဲ့ပြီး ပေါလ်ကဲ့သို့ အသက် ငယ်ရွယ်သူများရှားပါတယ်။ဒါကြောင့်များ
အသက်မသေခဲ့တာလားလို့ ထင်စရာရှိပါတယ်။ရှေ့ကပိုစ့်အပိုင်း (၅)
တွင်လည်း အိန္ဒိယ မှ လသားအရွယ် ရာဟူးဆိုသည့် ကလေးလေး
လည်းအသက်မသေခဲ့ပါ။
------------------------------------------------------------------
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၇)
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများအကြောင်းကို
တင်ပြပေးလာတာတော်တော်လေးစုံသလောက်ရှိပါပြီ။ ဒီတစ်ပတ်လည်း
ထူးထူးခြားခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကိုတင်ပြပေးချင်ပါတယ်။
ထူးခြားတာက ဒီတစ်ခါဖြစ်ပျက်ခဲ့တဲ့နေရာသည် ဆေးဆရာဝန်များ၏ ခွဲစိတ်ခန်း
အတွင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။
ဆိုဗီယက် (ယခုရုရှ)ဆေးရုံတစ်ရုံတွင် လူနာအား ခွဲစိတ်ကုသပေးနေစဉ်
ထိုလူနာ၏ ၀မ်းဗိုက်အတွင်းမှ ရုတ်တရက်မီးတောက်များထွက်ပေါ်လာတဲ့
အဖြစ်ပါ။ ဗလာဒီမာကူရီယာကင် ဆိုသူသည် ဆီးအိတ်အတွင်းကျောက်တည်
သည့်ရောဂါခံစားနေရပါတယ်။ ဒါကြောင့်သူ့ကိုခွဲစိတ်ကုသရန်စီစဉ်ကြပါတယ်။
ခွဲစိတ်ပေးသည့် ဆရာဝန်များမှာ ဒေါက်တာမိခေးလ်ရှီဗက် နှင့် လီယိုဘရပ်နီကော့
တို့ဖြစ်ပါတယ်။
ထိုသို့ဆရာဝန်နှစ်ဦး ကြီးကြပ်ခွဲစိတ်နေစဉ်မှာ ဗလာဒီမာ ၏၀မ်းဗိုက်အတွင်းမှ
မီးတောက်မီးလျှံများ ပန်းထွက်လာပါတယ်။ အနီးရှိ ဒေါတ်တာရှီဗက် မှာ
မီးဟပ်သဖြင့် အပူချိန်ပြင်းစွာခံလိုက်ရပါတယ်။ အနီးရှိ အခြားဆေးဝန်ထမ်းများက
ဒေါတ်တာရှီဗက် ကို ဆွဲခေါ်သွားကြပါတယ်။ ဒေါတ်တာရှီဗက်တစ်ယောက်က
တော့ မီးလောင်ဒဏ်ရာ ပြင်းစွာရရှိလိုက်ပါတယ်။ မီးထတောက်လောင်မှုဟာ
အချိန်ခဏ ပဲကြာလိုက်ပါတယ်။ ဒါပေမယ့်ခွဲစိတ်ခုံပေါ်က လူနာ ဗလာဒီဗာ
တစ်ယောက်တော့ ပြကျသွားပါတယ်။အခြားသူများဟာ လူနာအနီးမှ ၁၀ ပေ
လောက်အထိ ဆုတ်ခွာခဲ့ရပါတယ်။
ဒီအဖြစ်ဟာ လူနာဗလာဒီဗာကို ခွဲစိတ်ခုံပေါ်တင်ပြီး ၁ မိနစ်လောက်အကြာမှာ
ဖြစ်ပျက်ခဲ့တာပါ။ ကြုံတွေ့လိုက်ရသူများအဖို့ မယုံနိုင်စရာဖြစ်ခဲ့တဲ့ အဖြစ်တစ်ခုပါ။
ဒီအဖြစ်မှာ ထူးခြားတာက ဖြစ်ခဲ့တဲ့နေရာဟာ ခွဲစိတ်ခန်းအတွင်း ဆရာဝန်များ
ရှေ့တွင်ဖြစ်ပျက်ခဲ့ပြီး ၊ အနီးရှိ ခွဲစိတ်ပေးသူဆရာဝန်ကိုပင် မီးလောင်ဒဏ်ရာ
ရရှိစေခဲ့ပါတယ်။တခြားအဖြစ်များသည် လူသတ်မှု ၊ လုပ်ကြံမှု ဆိုလျှင်ပင်
ယခုဟာကတော့ ဆေးဆရာဝန်များကတော့ လူနာအားလုပ်ကြံစရာမရှိဟု
ထင်မှတ်မိပါတယ်။
နေခရမ်းမှ ခန္ဓာကိုယ်မှအလိုအလျောက်မီးထတောက်လောင်ကျွမ်းမှု များကို
တင်ပြလာတာ စုံသလောက်ရှိပါပြီ။ ခေတ်အဆက်ဆက်မှတ်တမ်းများအရ
အဖြစ်အပျက် ၂၀၀ ကျော် ၃၀၀ နီးပါးရှိပေမယ့် ထူးခြားမယ်ထင်တဲ့ အဖြစ်များ
ကိုရွေးချယ်တင်ပြခဲ့ပါတယ်။ဒါကြာင့်နောက်ထပ်အပိုင်းတစ်ခုမှာ ဒီအဖြစ်အပျက်
များ၏ ထူးခြားချက် ၊ လေ့လာသူများ၏ တွေ့ရှိထင်မြင်ချက်များကို ထပ်မံတင်ပြ
ပေးပါမယ်။
------------------------------------------------------------------------
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၈)
ခန္ဓာကိုယ်မှ အလိုအလျောက် မီးထတောက်လောင်ကျွမ်းခြင်း အကြောင်းများကို
တင်ပြလာတာ များပါပြီ။ ဒီတစ်ခါတော့ ဒီလိုအဖြစ်များဖြစ်ပျက်တတ်တဲ့ အကြောင်း
မှတ်ချက်များကို တင်ပြရင်း နိဂုံးချုပ်ပါတော့မယ်။
ဒီအကြောင်းများဟာ ယုံကြည်ရန်ခက်ပါတယ်။ ကမ္ဘာ့ပညာရှင်အများသည်လည်း
ယုံကြည်သူ ရှိသလို မယုံကြည်သူများလည်းရှိကြပါတယ်။ဒါပေမယ့် ဘက်နှစ်ဘက်
လုံးက ပညာရှင်များကတော့ ပြည့်စုံမှန်ကန်တဲ့ သက်သေပြချက်များကို ယနေ့
အထိ မပြနိုင်ကြပါဘူး။ အကြောင်းအရာ တစ်ခုတွင် မှန်ကန်သည်ဟုထင်ရသော
သက်သေပြချက်များသည် နောက်ထပ်အဖြစ်အပျက်များတွင် မမှန်နိုင်တော့ပါ။
ထို့ကြောင့်ပင် ဒီအဖြစ်အပျက်များကို Sloontaneous Human Combution
(SHC) ဟုခေါ်ကြပြီး အဖြေမသိနိုင်သော Unknow Cases များအဖြစ် မှတ်တမ်း
တင်ထားကြပါတယ်။
ဒီအဖြစ်အပျက်များကို အစောဆုံးမှတ်တမ်းတွေ့ရှိရသည့် ၁၆၀၀ ပြည့်လွန်နှစ်များ
မှ ယနေ့အထိ မှတ်တမ်းတင်ထားသည်မှာ ၂၀၀ ကျော် ၃၀၀ ရှိပါပြီ။ အနီးဆုံး
အနေနှင့် ၂၀၁၁ နှင့် ယခု ၂၀၁၃ များတွင်ပါဖြစ်ပျက်ခဲ့ပါတယ်။ ဒီအကြောင်းများ
ကိုလည်းတင်ပြပြီးပါပြီ။
ထိုအဖြစ်များမှ တော်တော်များများကို ကျော်ကြားသော မှုခင်းစုံထောက်များနှင့်
ဆေးပညာရှင်များ ၊ သုတေသနပညာရှင်များကိုယ်တိုင် စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။
ကမ္ဘာကျော် စကော့တလန်ယာဒ်ကဲ့သို့ စုံထောက် များပင် စစ်ဆေးခဲ့ကြပေမယ့်
ဖြစ်ရသည့် အကြောင်းအရင်းကို ရှာဖွေမရခဲ့တာမျိုး ရှိခဲ့ဘူးပါတယ်။သေကြောင်း
ကြံမှု ၊ လုပ်ကြံမှု ဟု မသတ်မှတ်နိုင်ရအောင် ထူးခြားဖြစ်ပျက်မှုများရှိခဲ့ကြပါသည်။
စဉ်းစားရခက်သည့် အချက်များတွင် ခန္ဓာကိုယ်ကို မီးလောင်ယုံတင်မက ပြာကျ
နိုင်လောက်အောင် ပြင်းထန်သော အပူချိန်သည် အချိန်ခဏ အတွင်းမှာ ရရှိရန်
မလွယ်ကူပါ။ လူ့ခန္ဓာကိုယ်ကို မီးလောင်ကျွမ်းနိုင်ရန် အပူချိန် (၁၆၀၀) ဒီဂရီ
ရှိရန်လိုအပ်ပါတယ်။
 သို့သော် ဖြစ်ခဲ့သော အဖြစ်တော်တော်များများတွင် အချိန် မိနစ်ပိုင်း
အတွင်း ခန္ဓာကိုယ်တစ်ခုလုံး ပြာကျ သွားခြင်းမျိုးကိုတွေ့ရှိရပြီး အနီးအနားတွင်
လည်း မီးလောင်အားပြင်းနိုင်သော ဓာတ်ငွေ့ဘူးကဲ့သို့ ပစ္စည်းများ မတွေ့ရပါ။
ထို့ပြင် လူကိုသာ ပြာကျသွားပြီး အနီးရှိပစ္စည်းနှင့် အခန်းကို လုံးဝ မီးကူးစက်မှု
မရှိကြသည်မှာလည်း ထူးဆန်းနေပါတယ်။တင်ပြဖူးတဲ့ အဖြစ်တစ်ခုတွင် အနီး
ရှိ သတင်းစာစက္ကူများ ပင် အကောင်းအတိုင်းတည်ရှိနေတာတွေ့ရဖူးပါတယ်။
တစ်ချို့အဖြစ်များတွင်လည်း လူ၏ ခြေထောက်တစ်ဖက် (သို့) လက် တို့
မီးမလောင်ပဲကျန်ရှိနေတာမျိုး ဖြစ်ခဲ့ပါတယ်။
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုဖြစ်စဉ်တစ်ခုပုံ
တစ်ဦးတည်းနေစဉ် ဖြစ်ခဲ့တာများပင်မက လူအများရှေ့တွင်လည်း ဖြစ်ခဲ့တာ
မျိုးများတွေ့ ရှိရပါတယ်။ မိသားစုရှေ့၊ လူအများကြား ကားပေါ်မှာ ၊ လမ်းပေါ်
မှာ ဖြစ်ခဲ့တာတွေကို တင်ပြပေးပြီးပါပြီ။
အဖြစ်အပျက်များကို သုတေသနပြုကြသူများ၏ မှတ်တမ်းများအရ ထိုအဖြစ်များသည်
တစ်ဦးတည်းနေထိုင်သူ သက်ကြီးရွယ်အိုများတွင် အဖြစ်များသည်။
စိတ်ဓာတ်ကျနေသူ ၊ အကူအညီမဲ့သူ ၊ အားငယ်နေသူများလည်း ဖြစ်ပျက်
 တတ်သည်။
အသက် ၅၀ နှင့် ၅၀ အထက်သူများတွင်အဖြစ်များသည်။
၇၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများတွင် ဖြစ်ခဲ့ကြပါသည်။
အရက်အလွန်အကျွံသောက်သုံးသူများလည်းအဖြစ်များပါတယ်။
လူငယ်များနှင့် ကလေးများတွင် တစ်ခါတရံဖြစ်ခဲ့ဖူးပြီး မှတ်တမ်းများထဲတွင်တော့
ထိုအဖြစ်မျိုးမှာ ရှားပါးတတ်ပါတယ်။
အိမ်တွင်း ၊ အိမ်ပြင် ၊ပူခြင်းအေးခြင်း ၊ မည်သည့် အချိန် မည်သည့်နေရာ
မဆိုဖြစ်ဖူးခဲ့ကြပါတယ်။
တစ်ခါတရံ ဒေါသအလွန်အကျွံ ထွက်နေချိန်မျိုးတွင် ဖြစ်ခဲ့တာမျိုးလည်းရှိပါတယ်။
ဖြစ်ပျက်ခံရသူ အများစုသည် သေဆုံးပြာကျရပေမယ့် ကံကောင်းပြီး အသက်မသေ
ခဲ့ရသူများလည်း ရှိခဲ့ကြဖူးပါတယ်။ ဒီအကြောင်းများကိုတင်ပြပေးပြီးပါပြီ။
တစ်ချို့သော ဆေးပညာရှင်များက လူ၏ ကိုယ်ခန္ဓာအတွင်းမှ ဇီဝဖောက်ပြန်မှု
ကြောင့် လောင်ကျွမ်းကြရခြင်းဟု သတ်မှတ်ခဲ့ကြပါတယ်။
တစ်ချို့သောပညာရှင်များကလည်း မီးလောင်စေသော ဓာတ်ငွေ့များ ခန္ဓာကိုယ်
တွင်းမှ မမျှော်လင့်ပဲ ဖောက်ပြန်ထွက်ပေါ်လာသဖြင့် ဖြစ်တာလို့ဆိုကြပြန်ပါတယ်။
မည်သို့ပင်ဆိုစေ ယုံကြည်သူနှင့် မယုံကြည်သူများကြား အငြင်းပွားမှုများကတော့
ဖြစ်နေတာပါပဲ။ နေခရမ်းမှ ဒီ အကြောင်းကို ယုံကြည်မှုကို အခြေခံပြီး တင်ပြတာ
မဟုတ်ဘဲ ကမ္ဘာပေါ်တွင် မှတ်တမ်းတင်ထားကြသည့် သဘာဝလွန်အဖြစ်အပျက်
တစ်မျိုးအဖြစ်တင်ပြပေးခြင်း ဖြစ်ပါတယ်။ ကိုယ်တိုင်ကျွမ်းကျင် လေ့လာသုတေသန
ပြုထားခြင်း လုံးဝမဟုတ်ပါ။ သူငယ်ချင်းများကို တင်ပြပေးချင်လွန်းလို့ ဖတ်ခဲ့ဖူး
သော စာအုပ်များကို ပြန်လှန်ရှာဖွေကာ စုစည်းပြီး အင်တာနက် နိုင်ငံခြား ၀က်ဆိုက်
များတွင်ပါ ရှာဖွေ ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်။ အကြောင်းအရာ ချွတ်ချော်
မှုနှင့် မတိမကျမှု များကို အပင်ပန်းခံ ခဲ့တာကို ထောက်ထားပြီး နားလည်ခွင့်လွှတ်ပေးကြပါ။
အပိုင်းတစ်ခုစီတွင် အဖြစ်အပျက်များကို တင်ပြတာနည်းတာကလည်း ရှာရဖွေရတာ
မလွယ်လို့ပါ။ တစ်ချို့သူငယ်ချင်းများ ဆွေးနွေး comment ပေးသလို ကိုရီယားဇာတ်လမ်း
ကဲ့သို့ အပိုင်းတွေခွဲခြင်း မဟုတ်ပါ။ စာအုပ်မှာ ရှာရတာကတစ်မျိုး အင်တာနက်ပေါ်မှာ
ရှာပြီးတိုက်ရတာကတစ်မျိုး(ကိုယ်ကိုတိုင်က ဘာသာပြန် အားနည်းတာလဲ ပါပါတယ်)
တို့ကြောင့် အပိုင်း ၈ ပိုင်းဖြစ်သွားတာပါ။ အားလုံးကိုပြန်စုစည်းပေးပါ့မယ်။
အမှန်က ဒီပိုစ့်သည် ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ ပိုစ့်၏ အဆက်ပါ။သဘာဝလွန်ဖြစ်ရပ်ဆန်း
များခေါင်းစဉ်အောက်မှာ အကျုံးဝင်ပါတယ်။ နောက်ထပ် သဘာဝလွန်အဖြစ်ဆန်းများများစွာ
ရှိကြပါသေးတယ်။ သူငယ်ချင်းတို့စိတ်ဝင်စားကြရင် ရေးသားပေးပါမယ်။
နေခရမ်း၏ ထုံးစံအတိုင်း ခေါင်းစဉ်တစ်ခုဖြင့် စုစည်းကာ အပိုင်းများခွဲ၍ ကိုရီးယားကားကဲ့သို့
ရေးပေးပါမယ်။ 
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……………………….. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...