Thursday, June 20, 2013

တစ်နာရီလျှင် ၂၆၃ ကီလိုမီတာနှုန်း အရှိန်ဖြင့် စံချိန်ချိုးခဲ့သည့် ပြင်သစ်နိုင်ငံမှ စက်ဘီးစီးသမား


ပဲရစ်  မေ    ၂၉
ပြင်သစ်နိုင်ငံမှ ဖရန်ဆွာဂစ်စီ အမည်ရှိ စက်ဘီးစီး သမားတစ်ဦးသည် တစ်နာရီလျှင် ၂၆၃ ကီလိုမီတာ နှုန်းဖြင့် စက်ဘီးစီးပြ နိုင်ပြီးနောက် မြေပေါ်တွင် စက်ဘီးဖြင့် အမြန်ဆုံး မောင်းနှင်နိုင်သည့် စံချိန်ကို ချိုးဖျက် နိုင်ခဲ့ကြောင်း သိရသည်။
ဂစ်စီသည် ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် စွမ်းအင်သုံး ဒုံးပျံ တပ်ဆင်ထားသည့် ၎င်း၏ တောင်တက် စက်ဘီးဖြင့် ပြင်သစ်နိုင်ငံ အရှေ့ပိုင်းရှိ မိုင်းလုစ်မြို့ အနီးရှိ အသုံး မပြုတော့သည့် လေယာဉ် ပြေးလမ်းတစ်ခု၌ ၂ဝဝ၂ ခုနှစ်အတွင်းက တစ်နာရီလျှင် ၂၄၂ ဒသမ ၆ ကီလိုမီတာဖြင့် တင်ထားခဲ့သည့် စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ အဆိုပါ ဒုံးပျံအား ဆွစ်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Exotic Thermo Engineering ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ဂစ်စီသည် ၁၉၉၅ ခုနှစ်အတွင်းက လေဂယက်အတွင်း တစ်နာရီလျှင် ၂၆၈ ဒသမ ၈ ကီလိုမီတာ အမြန်နှုန်းဖြင့် စံချိန်တင်ခဲ့သည့် နယ်သာလန် နိုင်ငံသား စက်ဘီးစီးသမား ဖရက် ရွမ်ပယ်လီဘာဂ်၏ စံချိန်ကို  ချိုးဖျက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ပိန်ဖို့ကြိုးစားရင်း ထာဝရပိန်သွားရသူ


ရုရှားနိုင်ငံ မော်စကိုမြို့ က အသက် ၃၉ နှစ်အရွယ် Valeria Levitina အမည်ရ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ယခုတော့ မိုနာကို နိုင်ငံမှာ နေထိုင်ပါတယ်။

တကယ် တစ်ဦးတည်းပါ။ ဘယ်ရော၊ ညာရော သူမ တစ်ယောက် တည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်က အရမ်းပိန်ချင်ခဲ့ပါတယ်။ ဖက်ရှင်ရှိုး လျှောက်တဲ့ မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် ဘဝကတည်းက ပိန်ဖို့အတွက် အစာလျော့စာတာမျိုး၊ ပိန်ဆေး စားတာမျိုးတို့ ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့ အရှည်ဆုံးနှင့်အကျယ်ပြန့်ဆုံး ပင်လယ်ဖြတ်ကူး သံမဏိ ကြိုးတံတားကြီး


ပေကျင်း    ဇွန်    ၁၈
ကျာရှင်း-ရှောင်ရှင်း အမည်ရှိ ကမ္ဘာ့အရှည်ဆုံးနှင့် အကျယ်ပြန့်ဆုံး ပင်လယ်ဖြတ်ကူး သံမဏိကြိုး တံတားကြီး တစ်စင်းကို တရုတ်နိုင်ငံတွင် ဇွန် ၁၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုးတံတားမှာ ၆ ဒသမ ၂ မိုင် (၁ဝ ကီလိုမီတာ) အရှည်ရှိပြီး ၇၄၅ ပေ မြင့်သော တာဝါတိုင်နှစ်ခုဖြင့် ထိန်းချုပ်ကာ ဟန်ကျို့ ပင်လယ်အော်ကိုဖြတ်၍ တည်ဆောက် ထားကြောင်း သိရသည်။ ထို့ပြင် ကြိုးတံတားကြီးကို ခုနစ်နှစ်ကြာ အချိန် ယူ၍ တည်ဆောက်ခဲ့ရပြီး တံတားပေါ်ရှိ ခြောက်လမ်းသွား လမ်းမကြီးပေါ်တွင် ယာဉ်များ သွားလာရန် အတွက် အဆိုပါ လမ်းမကြီးကို မေ ၂၈ ရက်က ဖွင့်လှစ်ခဲ့ သည်။

ဗြိတိန် နိုင်ငံ ဟမ့်ရှိုင်းယား နယ်မှ Chewton Glen သစ်ပင်အိမ်


ဟမ့်ရှိုင်းယားနယ် ကျေးလက်တော ရွာပိုင်း Chewton Glen ၏ ဧက ၁၃ဝ မြေကြီးပေါ်တွင် သစ်ပင်အိမ် ခြောက်အိမ် တည်ဆောက် ပေးထားသည်။
၎င်းတို့သည် New Forest National Park ဥယျာဉ် အတွင်း၌ တည်ရှိသည်။ ကြမ်းပြင်မှ မျက်နှာကြက် အထိ ပြတင်းပေါက် များမှ တစ်ဆင့် မိုးကောင်းကင် မြင်ကွင်းကျယ် ရှုခင်းများကို တွေ့မြင်နိုင်သည်။ အပြင်ဘက် တောင်လှေကား ထစ်များ ကျယ်ပြန့်နေပြီး မြေပြင်မှ ၃၅ ပေအမြင့် ရှိ သစ်ပင်အိမ် များတွင် ရေပူ ရေချိုးစည်၊ နေခင်းအိပ် ခုတင်များ  ချပေး ထားသည်။ သစ်သားများနှင့် စကျင်ကျောက် များကို အပူရှိန် ပေးထား၍ ဖိနပ်မပါဘဲ ၎င်းအပေါ်တွင် လမ်းလျှောက် နိုင်သည်။ စားဖိုမှူးကြီး ပြင်ဆင် ပေးထားသော နံနက်စာ စားစရာကို အဖုံးပါ ခြင်းတောင်း တစ်ခုအတွင်း ထည့်ပြီး သစ်ပင် အိမ်ပေါ်သို့ တင်ပေးလေ့ ရှိသည်။ အင်္ဂလိပ် လူမျိုးတို့ ဓလေ့၏ ကျေးလက် တောပိုင်းတွင် လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်းနှင့် ကယက် လှေလှော်ခြင်း များကို ပြုလုပ်နိုင် သည်။
ref:မြ၀တီ

နဂါးမောက်သီး ( Dragon fruit)



နဂါးမောက်သီး ( Dragon fruit)
လျှားစောင်းလက်ပတ် အနွယ်ဝင် နားဂါးမောက်သီးပင်ဟာ တောင် အမေရိကတိုက်နဲ့ မက္ကစီကို ဒေသတို့မှာ စတင် တွေ့ရှိခဲ့ကြပြီး ယခုအခါမှာတော့ အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ဖိလိပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့ ဆိုရပါမယ်.. ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာ ဖြစ်ပြီး ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ အထူးသဖြင့် ရှမ်းပြည်နယ်ဘက်တွေမှာ စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန်မှာတော့ မြေပဒေသာကျွန်းထဲမှာ အပင်တစ်ချို့ တွေ့ခဲ့ရပါတယ်..
အရသာအနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ် မဆိုနိုင်ပေမဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တာမို့ ထင်ရှားလာတဲ့အသီးလည်း ဖြစ်ပါတယ်.. အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြားစွာပါဝင်ပြီး နဂါးမောက်သီး အမှည့်အခွံဟာ အများ အားဖြင့် နီရဲတဲ့ အရောင်အဆင်း ရှိပြီး အ၀ါရောင် လည်း ရှိတတ်ပါတယ်.. အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင် နှစ်မျိုး ရှိပါတယ်။
Related Posts Plugin for WordPress, Blogger...