
ဟမ့်ရှိုင်းယားနယ် ကျေးလက်တော ရွာပိုင်း Chewton Glen ၏ ဧက ၁၃ဝ မြေကြီးပေါ်တွင် သစ်ပင်အိမ် ခြောက်အိမ် တည်ဆောက် ပေးထားသည်။
၎င်းတို့သည် New Forest National Park ဥယျာဉ်
အတွင်း၌ တည်ရှိသည်။ ကြမ်းပြင်မှ မျက်နှာကြက် အထိ ပြတင်းပေါက် များမှ
တစ်ဆင့် မိုးကောင်းကင် မြင်ကွင်းကျယ် ရှုခင်းများကို တွေ့မြင်နိုင်သည်။
အပြင်ဘက် တောင်လှေကား ထစ်များ ကျယ်ပြန့်နေပြီး မြေပြင်မှ ၃၅ ပေအမြင့် ရှိ
သစ်ပင်အိမ် များတွင် ရေပူ ရေချိုးစည်၊ နေခင်းအိပ် ခုတင်များ ချပေး ထားသည်။
သစ်သားများနှင့် စကျင်ကျောက် များကို အပူရှိန် ပေးထား၍ ဖိနပ်မပါဘဲ
၎င်းအပေါ်တွင် လမ်းလျှောက် နိုင်သည်။ စားဖိုမှူးကြီး ပြင်ဆင် ပေးထားသော နံနက်စာ
စားစရာကို အဖုံးပါ ခြင်းတောင်း တစ်ခုအတွင်း ထည့်ပြီး သစ်ပင် အိမ်ပေါ်သို့
တင်ပေးလေ့ ရှိသည်။ အင်္ဂလိပ် လူမျိုးတို့ ဓလေ့၏ ကျေးလက် တောပိုင်းတွင်
လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်းနှင့် ကယက် လှေလှော်ခြင်း များကို
ပြုလုပ်နိုင် သည်။
ref:မြ၀တီ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။