ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာ အမြဲတမ်းလှုပ်ရှားပြောင်းလဲ
နေတာပါ။ ထို့ကြောင့်လည်း သဘာဝဘေးအန္တရယ်အမျိုးမျိုးဟာ
မဖိတ်ခေါ်ဘဲ ရောက်ရှိလာတတ်ကြပါသည်။ ထိုသဘာဝဘေး
အန္တရာယ်များတွင် ငလျင်လှုပ်ခတ်ခြင်းသည်လည်း လူအသေ
အပျောက်ရော ပစ္စည်းဆုံးရှုံးမှုအပိုင်းမှာပါ ကြီးစွာ ထိခိုက်ခံစား
ရစေပါသည်။ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် ငလျင်အန္တရာယ်
များရှိတတ်ကြ ၊ လှုပ်ခတ်တတ်ကြပါသည်။ ယခုတင်ပြမှာကတော့
ငလျင်အန္တရာယ်ကို အထူးသတိထားကြရမည့် အန္တရာယ်အရှိဆုံး
ဖြစ်ပွားနိုင်သည့် အကြိမ်အများဆုံး ဖြစ်တတ်ကြသည့် နိုင်ငံ(၁၀)
နိုင်ငံကို တင်ပြပေးခြင်းပါ။
၁။ ဂျပန်နိုင်ငံ
ငလျင်ဆိုသည်နှင့် ဂျပန်နိုင်ငံကို ပြေးမြင်မိလောက်အောင် ငလျင်နှင့်
အမြဲဒွန်တွဲနေသော နိုင်ငံတစ်ခုဖြစ်ပါသည်။ နိုင်ငံတစ်ဝှမ်းတွင် ငလျင်
အကြီးအသေး မျိုးစုံးလှုပ်ခတ်နေတတ်ပါသည်။ ပစိဖိတ်
ငလျင်စက်ဝိုင်းကြီးအတွင်း တည်ရှိသောကြောင့် သမိုင်းတစ်လျှောက်
အလွန် ဆိုးရွားသော ငလျင်ကြီးများနှင့်လည်း ကြုံတွေ့ခဲ့ရသည့်
နိုင်ငံပါ။ ဖိလစ်ပိုင် ပင်လယ်ရေအောက် ကျောက်လွှာသည် အမ်မူရီရန်
ကျောက်လွှာနှင့် အိုကီနာဝါ ကျောက်လွှာတို့ အောက်ရှိသောကြောင့်
ဂျပန်ငလျင်သည် အင်အားကြီး ငလျင် လှုပ်ခတ်မှုကို ခံခဲ့ရသည့်
သမိုင်းကြောင်းများရှိတတ်သလို ထပ်မံသတိထားရမည့် နိုင်ငံတစ်ခု
အဖြစ်လည်း သတ်မှတ်ထားကြပါသည်။၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့
က လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၉.၀-၉.၁ အဆင့်ရှိ ငလျင်ကြီး
သည်လည်း အဆိုးရွားဆုံး နှင့် လူအသေအပျောက်အများဆုံး ၊
ပစ္စည်းဆုံးရှုံးမှု အများဆုံး ငလျင်များ စာရင်းတွင် ထည့်သွင်းထားကြ
ပါသည်။ အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်များ ဖြစ်ပေါ်လာပြီး
လူပေါင်း ၁၅၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရသည့် အပြင်
ဖူကူရှီးမား နှုကလီးယား ဓာတ်ပေါင်းဖိုမှာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။