Friday, January 20, 2017

ကမ္ဘာပေါ်တွင် ငလျင်ဘေးအန္တရာယ် အရှိဆုံးနိုင်ငံများ

ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာ အမြဲတမ်းလှုပ်ရှားပြောင်းလဲ
နေတာပါ။ ထို့ကြောင့်လည်း သဘာဝဘေးအန္တရယ်အမျိုးမျိုးဟာ
မဖိတ်ခေါ်ဘဲ ရောက်ရှိလာတတ်ကြပါသည်။ ထိုသဘာဝဘေး
အန္တရာယ်များတွင် ငလျင်လှုပ်ခတ်ခြင်းသည်လည်း လူအသေ
အပျောက်ရော ပစ္စည်းဆုံးရှုံးမှုအပိုင်းမှာပါ ကြီးစွာ ထိခိုက်ခံစား
ရစေပါသည်။ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် ငလျင်အန္တရာယ်
များရှိတတ်ကြ ၊ လှုပ်ခတ်တတ်ကြပါသည်။ ယခုတင်ပြမှာကတော့
ငလျင်အန္တရာယ်ကို အထူးသတိထားကြရမည့် အန္တရာယ်အရှိဆုံး
ဖြစ်ပွားနိုင်သည့် အကြိမ်အများဆုံး ဖြစ်တတ်ကြသည့် နိုင်ငံ(၁၀)
နိုင်ငံကို တင်ပြပေးခြင်းပါ။

၁။ ဂျပန်နိုင်ငံ

ငလျင်ဆိုသည်နှင့် ဂျပန်နိုင်ငံကို ပြေးမြင်မိလောက်အောင် ငလျင်နှင့်
အမြဲဒွန်တွဲနေသော နိုင်ငံတစ်ခုဖြစ်ပါသည်။ နိုင်ငံတစ်ဝှမ်းတွင် ငလျင်
အကြီးအသေး မျိုးစုံးလှုပ်ခတ်နေတတ်ပါသည်။ ပစိဖိတ်
ငလျင်စက်ဝိုင်းကြီးအတွင်း တည်ရှိသောကြောင့် သမိုင်းတစ်လျှောက်
 အလွန် ဆိုးရွားသော ငလျင်ကြီးများနှင့်လည်း ကြုံတွေ့ခဲ့ရသည့်
နိုင်ငံပါ။ ဖိလစ်ပိုင် ပင်လယ်ရေအောက် ကျောက်လွှာသည် အမ်မူရီရန်
ကျောက်လွှာနှင့် အိုကီနာဝါ ကျောက်လွှာတို့ အောက်ရှိသောကြောင့်
ဂျပန်ငလျင်သည် အင်အားကြီး ငလျင် လှုပ်ခတ်မှုကို ခံခဲ့ရသည့်
သမိုင်းကြောင်းများရှိတတ်သလို ထပ်မံသတိထားရမည့် နိုင်ငံတစ်ခု
အဖြစ်လည်း သတ်မှတ်ထားကြပါသည်။၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့
က လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၉.၀-၉.၁ အဆင့်ရှိ ငလျင်ကြီး
သည်လည်း အဆိုးရွားဆုံး နှင့် လူအသေအပျောက်အများဆုံး ၊
ပစ္စည်းဆုံးရှုံးမှု အများဆုံး ငလျင်များ စာရင်းတွင် ထည့်သွင်းထားကြ
ပါသည်။ အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်များ ဖြစ်ပေါ်လာပြီး
လူပေါင်း ၁၅၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရသည့် အပြင်
ဖူကူရှီးမား နှုကလီးယား ဓာတ်ပေါင်းဖိုမှာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

၂။ နီပေါနိုင်ငံ

နီပေါနိုင်ငံသည်လည်း ငလျင်အန္တရာယ်အရှိဆုံး စာရင်းတွင် ပါဝင်ပါသည်။
ငလျင်ကြောပေါ်တွင် တည်ရှိပြီး ငလျင်ကြောင့် နိုင်ငံသူနိုင်ငံသားများ
သည် အခြားနိုင်ငံ၌ နေထိုင် သူများထက် သေဆုံးနိုင်ခြေ နှစ်ဆများကြောင်း
ခန့မှန်းထားကြပါသည်။ သမိုင်းတစ်လျောက်တွင် ဆိုးရွားပြင်းထန်သော
ငလျင်ကြီးများ အများအပြားလှုပ်ခဲ့ပြီး ၁၉၃၄ ခုတွင် ၈.၄ ရစ်ခ်ျတာစကေး
ရှိငလျင်ကြီးကြောင့် လူသူပစ္စည်းများစွာ ဆုံးရှုံးခဲ့ရဖူးပါသည်။ များမကြာမှီ
၂၀၁၅ ခုနှစ် ဧပြီလ တွင် လှုပ်ခပ်ခဲ့သော ၇.၉ ရစ်ခ်ျတာစကေးရှိ
ငလျင်ကြောင့် လူပေါင်းများစွာ သေကျေပျက်စီးဆုံးရှုံးရသလို
ရှေးဟောင်းသမိုင်းဝင် အဆောက်အဦများပါ ပျက်စီးခဲ့ရပါသည်။

၃။ အိနိ္ဒယနိုင်ငံ

အိနိ္ဒယနိုင်ငံသည်လည်း သမိုင်းတစ်လျောက် အင်အားပြင်း ငလျင်ကြီး
များလှုပ်ခတ်ခဲ့ဖူးပြီး ထပ်မံ၍လည်း သတိထားရမည့် နိုင်ငံများတွင်လည်း
တစ်ခုအပါအ၀င် ဖြစ်ပါသည်။အိနိ္ဒယ၌ အင်အားပြင်းထန်သော ငလျင်များ
လှုပ်ခတ်သည့် အကြောင်းအရင်းမှာ တစ်နှစ်လျှင် ၄၇ ကီလိုမီတာနှုန်းဖြင့်
ရွေ့လျားနေသော အိနိ္ဒယ ပြတ် ရွေ့ကြောကြောင့် ဖြစ်သည်။
နိုင်ငံတောင်ပိုင်းမှာ မြေငလျင်များကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံး ရှိခဲ့သည်။
အိနိ္ဒယတွင် ငလျင်ဇုန် ငါးခုရှိသည်။၂၀၀၁ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်နေ့တွင်
လှုပ်ခဲ့သော ငလျင်ကြောင့် လူထောင်နှင့်ချီ သေဆုံးခဲံရသလို ၂၀၀၄ ခု
ဒီဇင်ဘာ ၂၆ ရက်လှုပ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၁၅ ၀၀၀ ခန့်
သေကျေပျက်စီး ဆုံးရှုံးခဲ့ဖူးပါသည်။

၎ ။ အီကွေဒေါနိုင်ငံ
အီကွေဒေါနိုင်ငံ၌ သက်ရှိမီးတောင်အချို့ကြောင့် အင်အားပြင်း ငလျင်များ
လှုပ်ပါက ငလျင်အပြင် မီးတောင် ပေါက်ကွဲနိုင်သည့် အန္တရာယ်လည်း
ရှိသည်။ အီကွေဒေါသည် နက်စ်ကာ မြေအောက် ကျောက်လွှာနှင့်
တောင်အမေရိက မြေအောက်ကျောက်လွှာ နှစ်ခုအကြားရှိ ငလျင်ဇုန်တွင်
တည်ရှိသည်။

၅။ ဖိလစ်ပိုင်နိုင်ငံ

ဖိလစ်ပိုင်သည် လူဦးရေ ထူထပ်သော ကျွန်းနိုင်ငံဖြစ်ပြီး ပစိဖိတ်
ငလျင်စက်ဝိုင်းကြီးဟု လူသိများသော ပစိဖိတ် မြေအောက်
ကျောက်လွှာ အစွန်းပိုင်းတွင် တည်ရှိသည်။ ဖိလစ်ပိုင်၌
လှုပ်ခဲ့သော အင်အားပြင်း ငလျင်တချို့ ကြောင့် သက်ရှိ မီးတောင်
ပေါက်ကွဲမှုများလည်း ရှိခဲ့သည်။၂၀၁၃ အောက်တိုဘာ ၁၅ ရက်
နေ့လှုပ်ခတ်ခဲ့သော ၇.၁ ရစ်တာစကေးရှိ ငလျင်ကြောင့် လူပေါင်း
၁၀၀ ကျော် သေဆုံးခဲံရသလို ပျက်စီးဆုံးရှုံးမှုလည်း များခဲ့ပါသည်။

၆။ ပါကစ္စတန်နိုင်ငံ

ပါကစ္စတန်နိုင်ငံသည်လည်း ငလျင်သတိထားရမည့် နိုင်ငံများစာရင်းတွင်
ပါဝင်နေပါသည်။ ပါကစ္စတန်သည် Eurasian နှင့် Indian မြေအောက်
ကျောက်လွှာပေါ်တွင် တည်ရှိသည်။၂၀၁၃ ခု စက်တင်ဘာလ အတွင်း
လှုပ်ခတ်ခဲ့သော ၇.၇ ရစ်တာစကေးရှိ ငလျင်ကြီးကြောင့် လူပေါင်း
၃၀၀ကျော် သေဆုံးခဲ့ရဖူးပါသည်။

၇။ အယ်ဆယ်ဗာဒေါနိုင်ငံ

အယ်ဆယ်ဗာဒေါသည် ငလျင်အပြင် အခြားသော သဘာဝဘေး
အန္တရာယ်များ အဖြစ်များသော နိုင်ငံဖြစ်သည်။ အဆိုပါ ဒဏ်များကြောင့်
လူအသေအပျောက်များလည်း ရှိခဲ့သည်။ နိုင်ငံအတွင်း လှုပ်ခတ်ခဲ့သော
ငလျင်များမှာ အင်အားပြင်းငလျင်များသာ ဖြစ်သည်။၂၀၁၄ အောက်တိုဘာ
လအတွင်း၌ပင် ၇.၄ ရစ်တာစကေးရှိ ငလျင်ကြီးတစ်ခုကြောင့်
အပျက်အစီးအဆုံးအရှုံးများခဲ့ရပါသည်။

၈။ မက္ကစီကိုနိုင်ငံ

မက္ကစီကိုနိုင်ငံသည် ငလျင်အန္တရာယ်ကြီးမားသော စက်ကွင်းထဲ
တွင်ပါဝင်နေပြီး မြောက်အမေရိက ၊ Cocos နှင့် Pacific မြေအောက်
ကျောက်လွှာကြီး သုံးခုပေါ်တွင် တည်ရှိပါသည်။ ၂၀၁၄ ၊ ဧပြီလအတွင်း
ရစ်ခ်ျတာစကေး ၇.၂ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့သောကြောင့်
ဂူရီယိုမြို့တွင် လူသေဆုံးမှုများ ရှိခဲ့သည်။

၉။ တူရကီနိုင်ငံ

တူရကီသည် Eurasian ၊ အာဖရိက နှင့် Arabian မြေအောက်
ကျောက်လွှာကြီးများ အကြားတွင် တည်ရှိပါသည်။ ထို့ကြောင့်
နိုင်ငံတစ်ဝန်း ငလျင်အန္တရာယ် ရှိပြီး မကြာခဏ ငလျင် ငယ်လေးများ
လည်း လှုပ်ခတ်လေ့ ရှိသည်။

၁၀။ အင်ဒိုနီးရှားနိုင်ငံ
အင်ဒိုနီးရှားသည် ငလျင် အန္တရာယ် အပြင် အခြားသော သဘာဝ
ဘေးအန္တရာယ်များ ခံနိုင်ရခြေ အများဆုံး ရှိသည့် နိုင်ငံများတွင်
ပါဝင်သည်။ ထို့ပြင်သက်ရှိ မီးတောင် ပေါက်ကွဲမှုများလည်း
မကြာခဏ ဖြစ်လေ့ ရှိသည့်နိုင်ငံတစ်ခု ဖြစ်ပါသည်။

ယခု စာရင်းများကို skymetweather.com မှ ရယူဘာသာပြန်
ထားခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည်လည်း အင်အားပြင်းငလျင်များ လှုပ်ခတ်ခဲ့ဖူးပြီး
ပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့ဖူးပါသည်။ ငလျင်အန္တရာယ်အများဆုံး
ဟုသတ်မှတ်ထားသော နိုင်ငံများစာရင်းတွင် မပါဝင်သော်လည်း
ငလျင်ဆိုသည်မှာ အချိန်မရွေးကျရောက်နိုင်သော ဖျက်အားပြင်းသည့်
သဘာဝဘေးအန္တရာယ်မို့ အမြဲဂရုပြုနေရမည်ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်
အတွင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံအတွက်
သမိုင်းတန်ဖိုးကြီးမားသော ပုဂံဒေသ၀န်းကျင်ရှိ စေတီပုထိုးများ
ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ရပါသည်။ မြန်မာ့ ငလျင်နှင့် ပတ်သတ်ပြီး
အချိန်ရလျှင် သီးခြားပိုစ့်တစ်ခု ရေးတင်ပါအုံးမည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...