Saturday, March 30, 2013

ငလျင်လှုပ်ခတ်မှုသည် ရေကိုရွှေအဖြစ် ပြောင်းလဲစေကြောင်း သုတေသီများ တွေ့ရှိ


ငလျင်လှုပ် နေစဉ်အတွင်း ပြတ်ရွေ့ ကြောင်းများ၌ ရှိသော ရေများသည် အငွေ့ပျံ၍ ရွှေအဖြစ် အနည်ကျ သွားကြောင်း မတ် ၁၇ ရက်တွင် ထုတ်ပြန်သော Nature Geoscience ဂျာနယ်တွင် ဖော်ပြထားသည်။
အဆိုပါ ဖော်ပြချက်သည် ကမ္ဘာ့ ရွှေကြောကြီးများတွင် တွေ့ရသော သလင်းကျောက်နှင့် ရွှေတို့ကြား ဆက်နွှယ်မှု ရှိနေခြင်းကို ဖော်ပြနေကြောင်း သြစတြေးလျ နိုင်ငံ ကွင်းစလန်း တက္ကသိုလ် မှ ဘူမိ ရူပပညာ ရှင် ဖြစ်သူ ဒိုင်ရွန်ဝဲ သာလေးက ပြောကြားသည်။

အီဂျစ်နိုင်ငံ အထက်ပိုင်းတွင် ရှေးဟောင်း နေနာရီ တစ်လုံးအား ရှာဖွေ တွေ့ရှိ


ကိုင်ရို     မတ်   ၁၈
Basel တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် အဖွဲ့တစ်ဖွဲ့က အီဂျစ်နိုင်ငံ အထက်ပိုင်း ဘုရင့် တောင်ကြား၌ လေ့လာ တူးဖော်မှုတစ်ခု ပြုလုပ်နေစဉ် အတွင်း ကမ္ဘာ့ အစောဆုံး နေနာရီ တစ်လုံးကို ရှာဖွေ တွေ့ရှိ ခဲ့သည်။
သုတေသီများ ရှာဖွေ တွေ့ရှိခဲ့သော နေနာရီသည် ကမ္ဘာ့ သက်တမ်းအရင့်ဆုံး အီဂျစ် ရှေးဟောင်း နေနာရီ တစ်လုံး ဖြစ်သည်ဟု သုတေသန ပညာရှင်များက ၎င်းနေရာရှိ အုတ်ဂူတစ်လုံးအား ဝင်ရောက်၍ တူးဖော်စဉ်  အဆိုပါ နာရီအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ချီလီတွင် ပုစွန် ထောင်ပေါင်းများစွာ သေဆုံး သောင်တင် နေခဲ့


ဆန်တီယာဂို မတ် ၂၃
ချီလီနိုင်ငံ ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ပုစွန် ထောင်ပေါင်းများစွာ သေဆုံး သောင်တင် နေသည်ကို တွေ့ရှိခြဲ့ပီး ပုစွန်များ မည်သည့် အတွက်ကြောင့် သေဆုံးခဲ့ရသည် ဆိုသည်နှင့် ပတ်သက်ပြီး တာဝန်ရှိသူများတွင် ရှင်ပြရခက်သည့် အခြေအနေ များ ဖြစ်ပေါ်စေခဲ့သည်။

သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြေရှင်း ပေးနိုင်သည့် ကမ္ဘာ့ အပေါ့ဆုံး ပစ္စည်းတစ်မျိုး တရုတ်နိုင်ငံ ထုတ်လုပ်


ပေကျင်း မတ် ၂၄
သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု အန္တရာယ်ကို ဖြေရှင်းရာ၌ အရေးပါသော အခန်းကဏ္ဍ တစ်ရပ်မှ ပါဝင် နိုင်မည်ဟု ခန့်မှန်းထားသော ကမ္ဘာ့ အပေါ့ဆုံး ပစ္စည်း တစ်မျိုးကို တရုတ်နိုင်ငံ ဟန်ကျို့မြို့ ကျီကျန်း တက္ကသိုလ်မှ ပါမောက္ခ ဂေါင်ချောင်က ထုတ်လုပ်ခဲ့သည်။
အဆိုပါ ပစ္စည်းကို Carbon Aerogel ဟုအမည် ပေးထားပြီး သိပ်သည်းဆ အားဖြင့် တစ်ကုဗ စင်တီမီတာလျှင် သုည ဒသမ ၁၆ မီလီဂရမ် ရှိသည်။ ထို့အပြင် လေထု သိပ်သည်း ဆ၏ ခြောက်ပုံ တစ်ပုံခန့် ရှိကြောင်း ပါမောက္ခ ဂေါင်ချောင်က ပြောကြားထားသည်။

တန်ဝက် အလေးချိန် ရှိသော ပင်လယ်ဖျံ ဘရာဇီးမြို့လယ်ကောင် ကားလမ်းမပေါ် သောင်တင်


ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကာတာရီနာပြည်နယ် ဘယ်လ်နီရိုးကန်ဘိုရူမြို့ လူစည်ကားရာ ကားလမ်းမအလယ်တွင် တန်ဝက်ခန့် အလေးချိန်ရှိသော ပင်လယ်ဖျံတစ်ကောင် ရောက်ရှိ လာခဲ့ကြောင်း  မတ် ၁၉ ရက် ဘရာဇီး ပြည်တွင်းသတင်း တစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ ကိုးပေကျော် အရှည်ရှိသော ၎င်းပင်လယ်ဖျံ ကားလမ်းမအလယ်သို့ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို အတိအကျ သိရှိရခြင်း မရှိသေးဘဲ ရဲများနှင့် မီးသတ်သမားများက မိနစ် ၂၀ကျော်အကြာ ကားလမ်းများကို ပိတ်ဆို့ကာ ကားဖြင့် တင်ဆောင်ပြီး ပင်လယ်အတွင်းသို့ ပြန်လည် လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လန်ပိကျွန်း အမျိုးသားအဏ္ဏ၀ါဥယျာဉ် ( Marine National Park )

ကျွန်တော် ဒီဆိုဒ်မှာ အကြောင်းပိုစ့်တင် စဉ်က ဆလုံတိုင်းရင်းသားများ
လန်ပိ အဏ္ဏ၀ါအမျိုးသားဥယျာဉ် အကြောင်းကို
ဆက်ရေးပေးပါမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့်
မရေးနိုင်ခဲ့ပါဘူး။ အခု ဆုံဆည်းရာမိသားစု ဆိုဒ်လေးမှ  ရဲ့ပိုစ့်ကိုတွေ့ရတော့
တော်တော်လည်း ပြည့်စုံကောင်းမွန်ပါသဖြင့် ပြန်လည်မျှဝေလိုက်ပါတယ်။
မူရင်းရေးသားသူ မှလည်း ခွင့်ပြုပေးပါခင်ဗျာ...
လန်ပိကျွန်း အမျိုးသားအဏ္ဏ၀ါဥယျာဉ် ( Marine National Park )
                           တနင်္သာရီတိုင်း၊  ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့  နယ်၊  အန်ဒမန်ပင်လယ်ပြင်အတွင်းရှိ  ကျွန်းတန်းရှည်(ခ) လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါဥယျာဉ် ( Marine National Park ) သည် ကော့သောင်းမြို့မှ ရေမိုင်(၆၀)၊ ဘုတ်ပြင်းမြို့မှ ရေမိုင် (၄၀)ကွာဝေးပြီး မြောက် လတ္တီတွဒ် ၁၀ဒီဂရီ ၃၂ မိနစ်နှင့် ၁၁ ဒီဂရီ ၀၂မိနစ်ကြား၊ အရှေ့  လောင်ဂျီကျု ခန့်မှန်း ၉၇ဒီဂရီ၅၉မိနစ်နှင့် ၉၈ဒီဂရီ ၂၃မိနစ်ကြားတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏ၀ါဥယျာဉ်ဖြစ်ပါသည်။  စတုရန်းမိုင်(၇၉. ၀၄)မိုင်(50617 ဧက) ကျယ်ဝန်းကာ တောင်မြောက်အရှည်မိုင်(၃၀)၊ အရှေ့အနာက် အကျယ်ဆုံး(၇)မိုင်ခန့်ရှိပါသည်။ ပူ အိုက်စွတ်စိုသောရာသီဥတုရှိပြီး တစ်နှစ်လျှင်ပျမ်းမျှ မိုးရေချိန်လက်မ(၂၀၀)ခန့် ရွာသွန်းပါသည်။

လူသွားကဲ့သို့ သွားများ ပါရှိသော ငါးတစ်ကောင် တွေ့ရှိ


လူ၏ သွားများကဲ့သို့ စီတန်းပေါက်ရောက်နေသော ငါးတစ်ကောင်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကမ်းခြေအနီးတွင် တွေ့ရှိခဲ့ရကြောင်း မတ်လ ၂၂ ရက် ဖလော်ရီဒါသတင်း တစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ အဆိုပါ လူသွားပုံစံရှိသော ငါးကို အိုင်ယာလန် ခရီးသွား စုံတွဲတစ်တွဲက ကမ်းခြေ၌ ငါးမျှားစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။အဆိုပါ ငါးသည် ဖမ်းမိစဉ် လူကို အန္တရာယ် တစ်စုံတစ်ရာပေးခြင်း၊  ကိုက်ခဲခဲ့ခြင်း မရှိကြောင်း အဆိုပါ အိုင်ယာလန် စုံတွဲက ပြောကြားသွားခဲ့သည်။
ref : ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...