
လူ၏ သွားများကဲ့သို့ စီတန်းပေါက်ရောက်နေသော ငါးတစ်ကောင်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကမ်းခြေအနီးတွင် တွေ့ရှိခဲ့ရကြောင်း မတ်လ ၂၂ ရက် ဖလော်ရီဒါသတင်း တစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ အဆိုပါ လူသွားပုံစံရှိသော ငါးကို အိုင်ယာလန် ခရီးသွား စုံတွဲတစ်တွဲက ကမ်းခြေ၌ ငါးမျှားစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။အဆိုပါ ငါးသည် ဖမ်းမိစဉ် လူကို အန္တရာယ် တစ်စုံတစ်ရာပေးခြင်း၊ ကိုက်ခဲခဲ့ခြင်း မရှိကြောင်း အဆိုပါ အိုင်ယာလန် စုံတွဲက ပြောကြားသွားခဲ့သည်။
ref : ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။