
ကိုယ့်ဖုန်းမှာ ပါသည့် ကင်မရာသည် ဆဲလ်ဖီ ရိုက်ဖို့လောက်သာ အသုံးဝင်သည် မဟုတ်။ နေ့စဉ် လူမှုဘ၀ ကိစ္စအ၀၀မှာ သုံးတတ်လျှင် သုံးတတ်သလောက် မိမိအတွက် အကျိုးရှိသည်။ ယနေ့ ဖုန်းကင်မရာ များသည် ရုပ်ထွက် အရည်အသွေး ကောင်းမွန်လာကြပြီ ဖြစ်ရာ ဆဲလ်ဖီ သာမက နေ့စဉ်ဘ၀ လှုပ်ရှားမှု မြင်ကွင်းများကိုပါ ဓာတ်ပုံ ကောင်းကောင်းများ ရိုက်ယူနိုင်သည်။
ထို့အပြင် နေ့စဉ်ဘ၀ လုပ်ငန်း ဆောင်တာ များတွင်လည်း ဖုန်းကင်မရာများက အကူအညီ အများကြီး ပေးနိုင်သည်။
၁။ ရှောပင်းစင်တာတွေ သွားလျှင် ကားပါကင်မှာ ကားရပ်ခဲ့ ပြီးနောက် အပြန်တွင် ကိုယ်ဘယ်နားမှာ ကားထိုး ခဲ့မိကြောင်း စဉ်းစား မရတာမျိုး ဖြစ်ရတတ်သည်။ အထူးသဖြင့် ကားပါကင် အထပ်တွေများ၊ အကန့်တွေ များသည့် ရှောပင်း စင်တာများတွင် ဆိုလျှင် ပိုဆိုးသည်။
ထိုအခက်အခဲကို ဖုန်းကင်မရာက လွယ်လွယ်လေးနဲ့ ကူညီပေးနိုင်သည်။ ရှောပင်း စင်တာမှာ ဖြစ်စေ၊ ကားတွေများသော တစ်နေရာရာမှာ ဖြစ်စေ ကားရပ်ထားပြီးလျှင် မိမိ ကားရပ်ထားသော နေရာဝန်းကျင်ကို ဖုန်းကင်မရာနဲ့ ဓာတ်ပုံ ရိုက်ထားလိုက်ပါ။ အထပ်တွေများ၊ အကန့်တွေ များသော ကားပါကင် ဖြစ်ပါကလည်း မိမိ ကားရပ်ထားသော အထပ်နံပါတ်၊ အကန့်နံပါတ်၊ အကွက် နံပါတ်များကို ဖုန်းကင်မရာနဲ့ ဓာတ်ပုံ ရိုက်ခဲ့လိုက်ပါ။
ထိုသို့ဆိုလျှင် ပြန်အထွက်မှာ ကိုယ်ဘယ်အထပ် ဘယ်အကန့် ဘယ်အကွက်မှာ ကားရပ်ခဲ့ကြောင်း စဉ်းစားမရလျှင်ပင် ဖုန်းထဲက ဓာတ်ပုံကို ထုတ်ကြည့်လိုက်ရုံနဲ့ ပြဿနာ ပြေလည် သွားလိမ့်မည်။