
ဒီအဖြစ်ပျက်ကတော့ တကယ့်ကို ကြုံဖူးမှပဲ ယုံရမယ့်အဖြစ်ပါ။ အိန္ဒိယနိုင်ငံက Kanpur’s Bidhnoo အမည်ရ ရွာကလေးတစ်ရွာမှာ လက်ရှိအချိန်ထိ အသက်ရှင်နေဆဲဖြစ်တဲ့ အဖွား Vilasa ရဲ့အဖြစ်ဟာ အလွန်ကို အံ့သြစရာ ကောင်းပါတယ်။ သူမဟာ အခုဆို အသက် 82 နှစ် ရှိပါပြီ။ Vilasa အသက် 40 အရွယ်တုန်းက နွားစာရှာဖွေစဉ်မှာ တောကြီးမြွေဟောက် ကိုက်တာကို ခံခဲ့ရပါတယ်။
အဲဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ 1976 ခုနှစ်က ဖြစ်ခဲ့တာပါ။ Vilasa မှာ သမီးနှစ်ယောက်ရှိပြီး၊ ကလေးတွေက သူမကို ဒေသန္တရ ဆေးခန်းဆီကို ပို့ခဲ့ကြပါတယ်။ ဒါပေမယ့် လမ်းမှာတင်ပဲ ကျွမ်းကျင်သူတွေက Vilasa သေဆုံးသွားပြီဆို တာ သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆေးခန်းမှာရှိနေတဲ့ ဆရာဝန်ကလည်း အမျိုးမျိုးစမ်းသပ်ပြီး သေဆုံးကြောင်း အတည်ပြု ခဲ့ကြပါတယ်။