
မော်ဒယ်ပြပွဲတွေမှာ လမ်းလျှောက် သရုပ်ပြခြင်းကို Catwalk လို့ ခေါ်ဆိုကြပါတယ်။ ဒီလိုပြုလုပ်ခြင်းကို ထူးထူးခြားခြား စံချိန်သစ်တင်အောင် ပြုလုပ်သွားခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ မော်ဒယ်ဖက်ရှင်ရိုးပွဲမှာ Catwalk လျှောက်သူ ( ၃၆၅၁) ဦး အထိရှိခဲ့တာကြောင့် ဖက်ရှင်ရှိုးပွဲ တစ်ခုတည်းမှာ Catwalk လျှောက်သူအများဆုံး ၀င်ရောက် ဆင်နွှဲခြင်းအဖြစ် မှတ်တမ်း ၀င်သွားခဲ့ပါတယ်။ အရင်တင်ထားတဲ့ စံချိန်က (၃၀၈၃) ဦးနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာ မက္ကဆီကိုနိုင်ငံမှာ စံချိန်တင်ထားတာပါ။ ဒီစံချိန်ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၄)ရက်မှာ ချိုးဖျက်လိုက်တာ ဖြစ်ပါတယ်။
ဗြိတိန်ဖက်ရှင်လောကမှာ ထင်ရှား ကျော်ကြားသူ နှစ်ဦးက ဦးဆောင်ပြီး ကမ္ဘာ့စံချိန်ချိုးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ စံချိန်ချိုးနိုင်ဖို့ လီဗာပူးလ်မြို့မှာ နေထိုင်တဲ့သူတွေကို အကူအညီ တောင်းခံခဲ့ပါတယ်။ ပင်စင်စားတွေကအစ ကျောင်းသား ကျောင်းသူတွေအဆုံး ဖက်ရှင်ရှိုးမှာ Catwalk လျှောက်စေခဲ့ပါတယ်။ ဒါကြောင့် အရင်တင်ထားတဲ့ စံချိန်ကို (၁၀၀) ကျော် အသာနဲ့ ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။
Credit: messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။