Monday, May 29, 2017

တိရစ္ဆာန်တွေကို အိပ်မွေ့ချနိုင်တဲ့ ကလေးငယ်


တိရစ္ဆာန်တွေနဲ့ တိုက်ရိုက် ထုတ်လွှင့်တဲ့ အစီအစဉ်တွေ တင်ဆက်ဖို့ဆိုတာ လွယ်ကူခြင်း မရှိပါဘူး။ ဒါပေမဲ့ အသက် (၅) နှစ် အရွယ် ကောင်မလေးတစ်ဦးဟာ တိရစ္ဆာန် တွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပြီး ထူးခြားတဲ့ အစီအစဉ် တင်ဆက်မူကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ရာ အောင်မြင်စွာ ပြုလုပ်နိုင်တာကြောင့်  ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ နာမည်ကြီး အစီအစဉ်တစ်ခုဖြစ်တဲ့  Amazing Chinese မှာ အသက် ( ၅)နှစ်အရွယ် ပာန်ဂျီယန်က ထူးခြားတဲ့ ပြကွက်ကို တင်ဆက် သွားခဲ့ပါတယ်။ ဒီအစီအစဉ်ကို ရုပ်သံက ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိပြီး တရုတ်နိုင်ငံတော်ပိုင် CCTV က တိုက်ရိုက် ပြသတာ ဖြစ်ပါတယ်။      ဟန်ဂျီယန်ဟာ တိရစ္ဆာန်တွေကို လက်နဲ့ပွတ်သပ်ပြီး အိပ်မွေ့ချတာ ဖြစ်ပါတယ်။ အိမ်မြှောင်၊ ယုန်၊ ကြက် အပါအ၀င် တိရစ္ဆာန် (၅)ကောင်ကို လက်နဲ့ ပွတ်သပ်ပြီး အသံပေးကာ အိမ်မွေ့ချခြင်း ဖြစ်ပါ တယ်။ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် (၅) မိနစ် အတွင်း တိရစ္ဆာန် (၅) ကောင်စလုံး အိပ်စက်သွားခြင်း ဖြစ်ပါတယ်။ ဒီနောက် တိရစ္ဆာန်တွေကို ပြန်လည် နိုးလာအောင်လည်း ပြုလုပ်ပြခဲ့ပါတယ်။ ပညာရှင်တွေကတော့ ဒါဟာ လှည့်ကွက်တစ်ခုသာဖြစ်ပြီး လူတွေကိုလည်း အခုလိုမျိုး ပြုလုပ်နိုင်ကြောင်း၊ အိပ်မွေ့ချတဲ့ အတတ်ပညာ တစ်ရပ်ဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။ ပာန်ဂျီယန်ဟာ ပြီးခဲ့တဲ့ တစ်နှစ်လောက်က ခြံထဲက ဖားတစ်ကောင်ကို အခုလိုမျိုး ပြုလုပ်နိုင်တာ တွေ့ရှိပြီးနောက် ဒီအစီအစဉ်ကို ဆင်နွှဲခဲတာ ဖြစ်ပါတယ်။ ဟန်ဂျီယန်ရဲ့ ပြကွက်ကို You Tube မှာ တင်ရှိပြီး တစ်ပတ်အကြာမှာ ကြည့်ရှုတဲ့ အကြိမ် ( ၂၅၀၀၀၀) ရှိကြောင်း သိရပါတယ်။
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...