Monday, May 29, 2017

မိုင်ပေါင်း (၁၈၀၀၀)ကို စက်ဘီးဖြင့် စံချိန်သစ်တင်

အသက် (၁၉)နှစ်သာ ရှိသေးတဲ့ အင်္ဂလန်နိုင်ငံသား တွမ်ဒါဗီးစ်ဟာ ထူးခြား စံချိန်တစ်ခု တင်ရှိ နိုင်ခဲ့တာကြောင့်  မယုံနိုင်လောက်အောင် ဖြစ်ခဲ့ ရပါတယ်။ တွမ်ဒါဗီးစ် တင်ရှိ ခဲတဲ့ စံချိန်ကတော့ ကမ္ဘာ တစ်ပတ်ကို စက်ဘီးဖြင့် ပတ်ပြ ခဲ့ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း မိုင် (၁၈၀၀၀) အကွာအဝေးကို စက်ဘီးဖြင့် သွားလာ ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တွမ်ဒါဗီးစ်ဟာ စက်ဘီး စီးပြီး ကမ္ဘာပတ် စံချိန်တင် ခဲ့သူတွေ ထဲမှာ အသက် ငယ်ဆုံး အဖြစ် စံချိန် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တွမ်ဒါဗီးစ်ဟာ လူဒါန်းမှု ပြုလုပ်နိုင်ရေး ရန်ပုံငွေ ရရှိဖို့ အခုလို ခက်ခဲတဲ့ စံချိန်ကို ချိုးနိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး ခရီးစဉ် အဖြစ် လန်ဒန်ကနေ ပြင်သစ်နိုင်ငံရှိ တောင်တန်းတွေ ရှိတဲ့ နေရာကို သွားခဲ့ပါတယ်။ ဒီနောက် ကမ္ဘာပတ် ခရီးစဉ်ကို စတင် ခဲ့ပြီး ခြောက်လ ကြာပြီးတဲ့နောက် အင်္ဂလန်ကို ပြန်ရောက် ရှိခဲ့ရာ မိသားစုဝင်တွေနဲ့ သူငယ်ချင်း မိတ်ဆွေ (၁၀၀) နီးပါး ကြိုဆို ခဲ့ပါတယ်။
          တွမ်ဒါဗီးစ်ဟာ ကမ္ဘာပတ်ရင်း ထင်ရှားတဲ့ စက်ဘီး ပြိုင်ပွဲတွေကိုလည်း ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။ ရရှိလာတဲ့ ငွေကြေးတွေကို ကင်ဆာ ဖောင်ဒေးရှင်း အပါအ၀င် အခြား နေရာတွေကို လှူဒါန်း သွားမှာ ဖြစ်ပါတယ်။ မိုင် (၁၈၀၀၀)ကို ခရီးနှင်ခဲ့တဲ့ တွမ်ဒါဗီးစ်က မိမိ အနေဖြင့် အတွေ့အကြုံ များစွာ ရရှိခဲ့ကြောင်း၊ အချို့ရက်များတွင် နာကျင်မှု ဝေဒနာကို ခံစားခဲ့ရကြောင်း၊ သို့သော် အောင်မြင်စွာ လုပ်နိုင်ခဲ့ခြင်းကြောင့် ကျေနပ်မိကြောင်း ဟြေကြား ခဲ့ပါတယ်။
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...