ခွဲစိတ်ပြီးနောက်ပျော်ရွှင်နေသည့် ဒီဒီယာ

ကိုလံဘီယာမှ လိပ်ကလေးဟု ထင်ရှားသော ကလေးငယ်၏ ကျောပြင်မှ လိပ်ခွံသဖွယ်ဖြစ်နေသော အသားပိုကြီးကို ဗြိတိန်ဆရာဝန်တစ်ဦးက ဦးဆောင်ပြီး ကိုလံဘီယာနိုင်ငံတွင် အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားနိုင်ခဲ့သည်ဟု သိရသည်။

အသက် ၆ နှစ်အရွယ်ရှိ ဒီဒီယာမွန်တာလ်ဗိုသည် ရှားပါးသည့် လက္ခဏာတစ်ရပ်ဖြစ်သော Congenital Melanocytic Nevus ဆိုသော ရောဂါကို ခံစားနေရခြင်းဖြစ်သည်။