Wednesday, June 13, 2012

ပီဇာက လွဲရင် ဘာကိုမှ မစားခဲ့သူ (၁၉)နှစ် အရွယ် မိန်းကလေး


(၁၁)နှစ် အရွယ်ကစလို့ ပီဇာက လွဲရင် ဘာကိုမှ မစားခဲ့သူ (၁၉)နှစ် အရွယ် မိန်းကလေးဝေး လ်စ် တောင် ပိုင်း၊ ဝ ရက်စ် ဟမ်း ပြည်နယ်မှာ နေထိုင် လျက် ရှိသူ ဆိုဖီရေး ဆိုသူ(၁၉) နှစ် အရွယ် မိန်းကလေး တစ်ယောက်ဟာ အသက် (၂)နှစ် ကတည်းက အစားအစာကို ပုံမှန် မစားသောက် ခဲ့ဘဲ (၉)နှစ် အရွယ် မှာတော့ ပီဇာ တစ်မျိုးတည်းပဲ စားသောက် လာခဲ့တာ ဒီနေ့ အထိပါပဲတဲ့။
ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲဆိုရင် ဆိုဖီ(၂)နှစ် သမီး အရွယ်မှာ အစာအိမ် ထဲမှာ ဗိုင်း ရပ်စ်ပိုးမွှားတစ်မျိုး ဝင်ရောက်ပြီး တိုက်ခိုက် ခံရချိန်က စခဲ့တာပါပဲ။ ဆိုဖီရေး ခံစားနေရတဲ့ ဝေဒနာကို ဆေးပညာ အခေါ်အဝေါ် အရ (SED) လို့ ခေါ်ပြီး Seletive Eating Disorder ဆိုပြီး ဆေးပညာ အရ ခေါ်ဝေါ်လေ့ရှိ ကြကြောင်း ပညာရှင်တွေက မှတ်ချက် ပြုကြပါတယ်။

အထက်မှာ ဖော်ပြသလို ဗိုင်းရပ်စ် ပိုးမွှား တိုက်ခိုက် ခံရမှုကြောင့် နေထိုင်မကောင်း ဖြစ်ခဲ့ပြီးတဲ့ နောက်မှာ ဆိုဖီဟာ အစားအစာတွေကို သိသိ သာသာကြီးကို ရွေးလာ ခဲ့ပါ တော့တယ်။သူမ စားသောက်နေခဲ့ တာတွေကတော့ အီတလီ ပက်စတာ ခေါက်ဆွဲ၊ အာလူး ချောင်းကျော်နဲ့ လီမွန် အသားညှပ်ပေါင် မုန့်တွေပါ။ ဒီလို စားသောက်လာလိုက် တာ နောက်ဆုံး (၁၁)နှစ် အရွယ် အ ရောက်မှာ စားသောက်ပုံက နောက်တစ် မျိုးပြောင်းသွားခဲ့ပြန်ပါတယ်။

"ကျွန်မ (၂)နှစ် အရွယ်ကစပြီး အစားစားတဲ့အခါမှာ အရမ်းကိုရွေးလာ ခဲ့တာတဲ့။ အစားအသောက်တွေကြောင့် ဖျားနာခဲ့တာလို့ထင်ပြီး တစ်ခုခုကျွေး တော့မယ်ဆိုရင် ကြောက်လန့် တကြား ငြင်းတော့တာပဲတဲ့လေ။

အီတလီချိစ် ခေါက်ဆွဲကို အရင်ဆုံး ပြန်စား လာခဲ့ပြီး နောက်ပိုင်းမှာ လီမွန်အသားညှပ်ပေါင် မုန့်ဘက်ပြောင်းသွားခဲ့တယ်။ ဒီလိုစား လာခဲ့တာနှစ်တွေ ဘယ်နည်းပါ့မလဲ။ ဒီလိုနဲ့ (၁၁)နှစ် အရွယ်မှာ ပီဇာပြောင်း စားကြည့်ရင်း ကြိုက်သွားပြီး စားလာ လိုက်တာ ဒီနေ့အထိပါပဲ။

ကောလိပ်မ တတ်ခင်က ပီဇာမစားရတဲ့ နေ့မျိုးဆိုရင် ဘာမှကိုမစားခဲ့တာပါ။ ကျွန်မစားတတ် တာမျိုးတွေက ကျောင်းမှာမရောင်းဘူး လေ။ အိမ်ပြန်ရောက်မှ ပီဇာ(၂)ခုစား လိုက်တယ်။ တစ်ခု ရှိသေးတာက ပီဇာ ကို ချိစ်၊ခရမ်းချဉ်သီးတို့နဲ့မှ စားတတ် တာလေ။

အေးနေရင်လဲ စားလို့မဝင် ပြန်တော့ဘူးဆိုတော့ ခရီးသွားတဲ့အခါ မျိုးကျရင်အစားစားဖို့ခက်ခဲနေပါ ရာ ရှင် " လို့ ဆိုဖီရေးက ပြောပြခဲ့ပါတယ်။ ဆိုဖီဟာအထူးကုဆရာဝန်တွေနဲ့ ပြသတိုင်ပင်ပြီး အစားအသောက်အသစ် တွေစားကြည့်ဖို့ကြိုးစားခဲ့မေယ့်အဆင် မပြေခဲ့တာကြောင့် ဒီနေ့ထက်ထိတိုင် ပီဇာတစ်မျိုးတည်းစားနေတာပါပဲ။

ဒီလို စားသောက်တဲ့အခါမှာ သာမန်လူတွေ နည်းတူအဟာရမရနိုင်တဲ့အတွက်ဆိုဖီ ဟာ အာဟာရဓါတ်ချို့တဲ့မှုပြသနာအချို့ ကြုံတွေ့နိုင်တဲ့အကြောင်း အဟာရဗေဒ ပညာရှင်ဖြစ်သူ ကာရီနာနောရစ်ကအခု လိုပြောပြလာပါတယ်။

"ဆိုဖီအခု စားနေသောက် နေတဲ့ ပုံစံက ဗီတာမင်တွေ အစုံအပြည့်အဝမရနိုင်ပါဘူး။ ဒါ့အပြင် သွေးတိုးနဲ့ နှလုံးရောဂါတွေလဲရနိုင်တဲ့ အခွင့်အလမ်းများပြားနေတာကြောင့် သက်တမ်းစေ့ နေရဖို့ဆိုတာ တော်တော် ကိုဖြစ်နိုင်ချေ နည်းလွန်းပါတယ်"လို့ ကာရီနာနောရစ်က သုံးသပ်ပါတယ်။

Kings College Hospital အာဟာရ ပညာရှင် တစ်ဦးဖြစ်သူ ခရစ္စချေယက် တေကလည်း ဆိုဖီသာ ဒီပုံစံအတိုင်း တစ်သက်လုံးစားသောက်နေမယ်ဆိုရင် လိုအပ်တဲ့ ဗီတာမင် အစုံအလင် ရရှိနိုင်မှာ မဟုတ်ပါဘူး။

ဒါ့အပြင် သူစားနေတဲ့ ပီဇာတွေမှာလည်း တကယ့်ကို ပမာဏ များပြားလွန်းတဲ့ အဆီတွေပါဝင်နေတာ ကြောင့် အမြန်ဆုံးကုသသင့်နေပါ တယ်။ အဲဒီပီဇာတွေကြောင့် ဒီမိန်းက လေးအသက်တိုတိုနေရမှာကိုမလိုလား ကြရင်ပေါ့" လို့ အကြံပြုခဲ့ပါတယ်။
@ Health Care

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...