Wednesday, June 14, 2017

ထူးခြားလှပ Body Art ပန်းချီများ (၅)

အမေရိကန် Body Art အနုပညာရှင် Craig Tracy ၏ လှပသေသပ်သည့် အနုပညာပြကွက်များ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ၊ နယူးအော်လန်တွင် မွေးဖွားခဲ့သော Tracy သည် ငယ်စဉ်ကပင် ပန်းချီရေးဆွဲခြင်းကို ၀ါသနာပါခဲ့ပြီး သူ၏ ဆန်းသစ်သော စိတ်ကူးများဖြင့် တီထွင် ဖန်တီးယူထားသည့် ပန်ချီပုံများကြောင့် နာမည်ကျော် လာခဲ့ခြင်း ဖြစ်ပါတယ်။ သူ၏ Body Art ပုံများတွင် လူတစ်ဦးခြင်းစီကို ရေးဆွဲယုံသာမက ၊ လူများစွာကို ပေါင်းစုကာ စုပေါင်းရေးဆွဲခြင်းဖြင့်လည်း ဖန်တီးပြခဲ့ ပါတယ်။ သူရဲ့ ဖန်တီးမှု များစွာထဲမှ အချို့ကို ရွေးချယ်တင်ပြပေးလိုက်ပါတယ်။

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၁၈ )

တွေ့မိသမျှ စုဆောင်းထားတာလေးတွေ စုစည်းတင်ပေးလိုက်ပါတယ်။

အမြန်စုံစမ်းအုံးမှဟ...

ငြင်ငြင်သာသာလေးပေါ့။ အသန့်သိပ်ကြိုက်တာ...

နေအဖွဲ့အစည်းအတွင်းမှ အရှည်ဆုံးတောင်ကြားကြီး

ယခုတင်ပြမှာကတော့ ကမ္ဘာ့အရှည်ဆုံးတောင်ကြားမဟုတ်ဘဲ ကျွန်ုပ်တို့ နေထိုင်သည့် နေအဖွဲ့အစည်းတစ်ခုလုံးရှိ ဂြိုလ်အသီးသီးရှိ တောင်ကြားများတွင် အရှည်ဆုံး အဖြစ်သတ်မှတ်ထားကြသည့် မားစ် (အင်္ဂါဂြိုဟ်) ပေါ်မှ အလွန်ကြီးမားရှည်လျားသည့် တောင်ကြားကြီး အကြောင်း ဖြစ်ပါသည်။

မားစ် (အင်္ဂါဂြိုဟ်) ပေါ်တွင် အလွန်နက်ရှိုင်း၍ ရှည်လျားလှသော တောင်ကြားကြီးကို ၁၉၇၁ - ၇၂ ခုနှစ်များလောက်ကပင် သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြပါသည်။ ထိုတောင်ကြားကြီးကို Valles Marineris ဟု အမည်ပေးထားကြပါသည်။သူ့ရဲ့ မြေပုံအတိအကျကိုတော့ မာရီနာ ၉ အာကာသယာဉ်မှ တိုင်းတာတွက်ချက်ခဲ့ပါသည်။

ထို Valles Marineris တောင်ကြားကြီးသည် အရှည်အားဖြင့် အလျား ၂၅၀၀ မိုင် (ကီလိုမီတာ ၄၀၀၀) အထိရှိပြီး ၊ အကျယ်အားဖြင့် ၁၂၀ မိုင် (၂၀၀ ကီလိုမီတာ) အထိရှိပါသည်။ ထိုတောင်ကြားကြီးသည် အထက်မှ အောက်သို့ အနက် ၃၂၈၀၈ ပေ (၁၀ ကီလိုမီတာ) အထိရှိပါသည်။ ထိုတောင်ကြားကြီး၏ အရှည်အတိုင်းအတာမှာ ကမ္ဘာပေါ်တွင် အရှည်ဆုံးတောင်ကြား အဖြစ် သတ်မှတ်ထားသော အမေရိကန်နိုင်ငံမှ ဂရင်းကန်ညွန် ချောက်ကမ်းပါးကြီးထက် ၁၀ ဆခန့် ပိုမို ရှည်လျား ကြီးမားနေခြင်း ဖြစ်ပါသည်။

ရိုက်ကွင်းပေါ်မှ ဖန်တီးမှုပုံရိပ်များ (၂)

ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများရဲ့နောက်ကွယ် ရိုက်ကွင်းပေါ်မှ ပုံများနှင့် နောက်ဆုံး နည်းပညာအသုံးပြပြီးချိန်၌ ဖြစ်ပေါ်လာသောပုံများကို နှိုင်းယှဉ်ပြထားခြင်းပါ။ သူတို့ဆီမှာက တကယ်လဲ စွန့်စားအနာခံ ရိုက်ကူးကြသလို အဆင့်မြင့်နည်းပညာများပါ ထည့်သွင်းလိုက်တဲ့အခါ အလွန်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပေါ်လာကြပါတယ်။ သူတို့ဖန်တီးပုံလေးတွေကို ကြည့်လိုက်ရအောင်ဗျာ…


Related Posts Plugin for WordPress, Blogger...