Monday, January 16, 2017

တရုတ်နိုင်ငံ မှ သုံးလကြာကျင်းပသော မီးရောင်စုံပွဲတော်

မီးရောင်စုံများဖြင့် လှပစွာအလှဆင်ထားသော ပွဲတော်တစ်ခုကို
တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် ၊ Ningbo တွင်ကျင်းပ
ခဲ့ပါသည်။ထိုပွဲတော်ကို ၂၀၁၆ ခု ဒီဇင်ဘာလ မှ ၂၀၁၇ ခု ဖေဖော်ဝါရီလ
အထိ သုံးလကြာကျင်းပမည် ဖြစ်ပါသည်။

ထိုပွဲတော်တွင် မီးသီးရောင်စုံ ထောင်ပေါင်းများစွာ နှင့်အတူ
လှပသော ဒီဇိုင်းဆင်မှုများ ၊ ဖျော်ဖြေရေးအစီအစဉ်များကိုပါ
မြိုင်ဆိုင်စွာ ထည့်သွင်းထားပါသည်။

ခရစ်စမတ်ပွဲတော် ၊ နှစ်သစ်ကူးပွဲ ၊ ၂၀၁၇ ခုထဲတွင် ကျရောက်မည့်
တရုတ်နှစ်သစ်ကူးပွဲ နှင့် ချစ်သူများနေ့ များအတွက် ရည်ရွယ်
အလှဆင် ကျင်းပပေးခြင်း ဖြစ်ပါသည်။

သစ်ရွက်လေးများအပေါ်တွင် ဖန်တီးထားသော လက်ရာမြောက်ပုံလေးများ

သစ်ရွက်များပေါ်တွင် လိုချင်သည့် ပုံများရရန် အနုစိတ်ဖန်တီးထားခြင်းပါ။
ယခင်ကလည်း ထိုကဲံသို့ပုံများကို တင်ပေးဖူးပါသည်။ ယခုဖန်တီးမှုများကို
တော့ Kanat Nurtazin ဆိုသူ ပညာရှင်တစ်ဦးမှ ပြုလုပ်ထားခြင်းပါ။
သူရဲ့ဖန်တီးထားမှုများကို ကြည့်ရှု့အားပေးလိုက်ရအောင်နော်…

အနုစိတ် လက်ရာမြောက်လှသော ခဲသားပန်းပုရုပ်ကလေးများ (၂)

ယခင်ကလည်း ဒါမျိုးပုံလေးများတင်ပြပေးခဲ့ပါသည်။ ယခုလည်း 
အနုစိတ်နိုင်စွာ စိတ်ရှည်ရှည်ဖြင့် ဖန်တီးထားသော ခဲတံအတွင်းမှ
ခဲသားအပေါ်တွင် ဖန်တီးပြုလုပ်ထားသည့် ခဲသားပန်းပုရုပ်
သေးသေးလေးများအကြောင်းပါ။ ဖန်တီးထားသည့် ရုပ်တုလေး
များကို အပြင်မှာ ကြည့်လျှင် မှန်ဘီလူးသုံးပြီးကြည့်မှ လက်ရာမြောက် 
ဖန်တီးထားမှုများကို ထင်ရှာစွာ တွေ့မြင်ရမှာပါ။

Related Posts Plugin for WordPress, Blogger...