Monday, January 16, 2017

တရုတ်နိုင်ငံ မှ သုံးလကြာကျင်းပသော မီးရောင်စုံပွဲတော်

မီးရောင်စုံများဖြင့် လှပစွာအလှဆင်ထားသော ပွဲတော်တစ်ခုကို
တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် ၊ Ningbo တွင်ကျင်းပ
ခဲ့ပါသည်။ထိုပွဲတော်ကို ၂၀၁၆ ခု ဒီဇင်ဘာလ မှ ၂၀၁၇ ခု ဖေဖော်ဝါရီလ
အထိ သုံးလကြာကျင်းပမည် ဖြစ်ပါသည်။

ထိုပွဲတော်တွင် မီးသီးရောင်စုံ ထောင်ပေါင်းများစွာ နှင့်အတူ
လှပသော ဒီဇိုင်းဆင်မှုများ ၊ ဖျော်ဖြေရေးအစီအစဉ်များကိုပါ
မြိုင်ဆိုင်စွာ ထည့်သွင်းထားပါသည်။

ခရစ်စမတ်ပွဲတော် ၊ နှစ်သစ်ကူးပွဲ ၊ ၂၀၁၇ ခုထဲတွင် ကျရောက်မည့်
တရုတ်နှစ်သစ်ကူးပွဲ နှင့် ချစ်သူများနေ့ များအတွက် ရည်ရွယ်
အလှဆင် ကျင်းပပေးခြင်း ဖြစ်ပါသည်။


ပုံစံအမျိုးမျိုး ပုံဖော်ထားသော မီးရောင်စုံများနှင့်အတူ ဂီတပွဲများ၊
အခြားဖျော်ဖြေပွဲများ နှင့် လာရောက်လည်ပတ်သူများကို
စိတ်ပျော်ရွှင်ဆန်းသစ်စေမှုကို ပေးစွမ်းစေမည်ဖြစ်ပါသည်။







သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...