Sunday, July 30, 2017
အဖြူရောင် နှုတ်ခမ်းမွှေးနှင့် ငှက်ကလေးများ
တောင်အမေရိကတိုက် အနောက်ဘက်ကမ်းရိုးကမ်း ၊ ချီလီနိုင်ငံ နှင့် ပီရူးနိုင်ငံ မြောက်ပိုင်းတို့တွင် တွေ့ရှိနိုင်သည့် အဖြူရောင်နှုတ်ခမ်းမွှေး သဏ္ဍာန်ရှိသော ချစ်စရာ ငှက်ကလေးများ ဖြစ်ပါသည်။ Sternidae မျိုးနွယ်ဝင် ငှက်များဖြစ်ပြီး အထီးရော အမမှာပါ ထိုကဲ့သို့ နှုတ်သီးအရင်းတွင် အဖြူရောင်နှုတ်ခမ်းမွှေးများ ရှိနေခြင်း ဖြစ်ပါသည်။ ရေထဲမှငါးကို ဒိုင်ဗင်ပစ်ကာ ဖမ်းယူစားသောက်တတ်သည့် ထိုငှက်များသည် တစ်ကမ္ဘာလုံးတွင် အကောင်ရေ တစ်သိန်းခွဲခန့်သာ ကျန်ရှိတော့ပြီး မျိုးတုန်းနိုင်သည့်စာရင်းဝင် ငှက်မျိုးဖြစ်ပါသည်။
လှပသော Victoria Crowned ခိုငှက်
ထူးခြားပြီး လှပသည့် အပြာရောင် အမောက်ပါရှိသည့် Victoria Crowned ခိုငှက်များသည် နယူးဂီနီယာနိုင်ငံ မြောက်ပိုင်း စိမ့်တောများတွင် အများဆုံး နေထိုင်ကြပါသည်။
ထို Victoria Crowned ခိုငှက်များသည် ကမ္ဘာပေါ်ရှိ ခိုငှက်မျိုးများတွင် အကြီးဆုံး ခိုငှက်မျိုးများ ဖြစ်ပြီး ၇၅ စင်တီမီတာ ရှည်ပြီး ၇.၇ ပေါင် အထိ အလေးချိန် ရှိကြပါသည်။
သဲသောင်ပြင်ပေါ်ကပန်းပုလက်ရာများ (၃)
သဲသောင်ပြင်မှ လက်ရာမြောက်လှပသည့် ပန်းပုပုံလေးတွေကို
တင်ပေးလိုက်ပါတယ်။ Sand Art လို့ခေါ်သည့် အနုပညာ တစ်မျိုးပါ။
သြစတြေးလျတွင် တိုက်ခိုက်ခဲ့သည့် မီးဆင်နှာမောင်း
လေဆင်နှာမောင်းကတော့ လူတော်တော်များများ သိကြပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်တွင် အင်တာနက်များ၌ ကျော်ကြားခဲ့သော အကြောင်းအရာတစ်ခုမှာ သြစတြေးလျမှာ တိုက်ခဲ့တဲ့ မီးဆင်နှာမောင်း အကြောင်းပါ။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် သြစလေး နိုင်ငံ အလယ် ပိုင်း က အေယာ သဘာဝကျောက်တောင် ကြီးတွေ ရှိတဲ့နေရာ (Alice Spring) မှာ မီးဆင်နှာမောင်းတစ်ခု တိုက်နေပုံကို Chris Tangey မှ ဗွီဒီယိုမှတ်တမ်းတင်ပြီး အင်တာနက်တွင် ပြသခဲ့ပါသည်။ အမြင့် ပေ ၁၀၀ ခန့်  ရှိ မီးဆင်နှာမောင်း တစ်ခုတိုက်နေပုံမှာ တွေ့မြင်ရသူများ အနေဖြင့် တအံ့တသြ ဖြစ်ကြရပါတယ်။ ဒါပေမယ့် ဒါဟာ သဘာဝအရဖြစ်တတ်သော သဘောသဘာဝတစ်ခုဖြစ်ကြောင်း ပညာရှင်များက ရှင်းပြကြပါတယ်။ လေဆင်နှာမောင်းတိုက်ခိုက်ရာ အရပ်တွင် တောမီးကဲ့သို့ မီးလောင်နေပါက ထိုကဲ့သို့ ကြောက်စရာကောင်းသော မီးဆင်နှာမောင်း ဖြစ်စေတတ်ကြောင်း ဆိုကြပါတယ်။ အခြားသော ဖြစ်စေတတ်သော သဘာဝများလည်း ရှိကြပါသေးတယ်။ သမိုင်းတစ်လျောက် ထိုကဲ့သို့ မီးဆင်နှာမောင်း တိုက်ခိုက်ခဲ့မှုများ ရှိခဲ့ဖူးပြီး ပျက်စီးဆုံးရှုံးမှုများလည်း များစွာရှိခဲ့ကြပါတယ်။ whirlwind of fire ၊ a fire tornado ၊fire devil လို့  ခေါ်ကြတဲ့
မီးဆင်နှာမောင်း ဟာ ၁၉၂၃ ခုနှစ်က ဂျပန်နိုင်ငံ  မဟာကန်တို ငလျှင်ကြီး လှုပ် ခဲ့ စဉ်က တိုက်ခိုက် ခဲ့ရာ မှ ၁၅ မိနစ် အတွင်း လူလေးထောင် နီးပါးသေဆုံးခဲ့တယ် လို့  ဆိုပါတယ်။ ငရဲမင်းကြီး မြေပေါ်ထွက်လာသည်ဟု ဂျပန်တို့  ခေါ်ကြပါတယ်။
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၁၉ )
Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...
သြော်... မီးတိုင်စောင့် နတ်မင်းကြီးပဲ...
ရုက္ခစိုးကြီးရဲ့ ကြေငြာချက်...
အထင်ခံရတာတွေ များလို့ နေမှာပါ...
တောင်ကိုရီးယားနိုင်ငံ မှ ကောင်ကင်ဥယျာဉ်ကြီး
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်ရှိ မိုးပျံလမ်းမကြီး တစ်ခုကို ကောင်းကင်ဥယျာဉ်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်များကတည်းက အသုံးပြုခဲ့ပြီး ယခုအခါ မသုံးတော့သည့် မိုးပျံလမ်းမတစ်ခုကို အများပြည်သူ အပန်းဖြေရန်နှင့် လူအများသွားလာနိုင်ရန် ထိုကဲ့သို့ ကောင်းကင်ဥယျာဉ်အဖြစ် အသွင်ပြောင်းပေးခဲ့ခြင်း ဖြစ်ပါသည်။ ပန်းပင် သစ်ပင်ပေါင်း ၂၄ ၀၀၀ စိုက်ပျိုးထားခဲ့ပြီး အနားယူရန် ထိုင်ခုံနေရာများ နှင့် အန္တရာယ်ကင်းရန် အစီအမံများ ထည့်သွင်း တည်ဆောက်ပေးခဲ့ပါသည်။ ညပိုင်းတွင်လည်း မီးရောင်များ ထွန်းညှိကာ လေပေါ်ပျံနေသည့် ကောင်းကင်ဥယျာဉ်ကြီးအလား ထင်မှတ်ရပါသည်။ ထိုကောင်းကင်ဥယျာဉ်လမ်းမကြီးကို Seoullo 7017 ဟု အမည်ပေးထားပါသည်။ ကြည့်လိုက်ကြပါအုံးဗျာ…
ရိုးမြေကျ ချစ်သက်သေများ
ကမ္ဘာ့သမိုင်းတစ်လျောက် အလွန်ချစ်ကြသော စံနမူနာပြ ချစ်သူစုံတွဲများ အများအပြားရှိကြပါတယ်။ မည်သို့ပင် အချစ်ကြီးကြပေမယ့် သေတစ်နေ့ ၊ မွေးတစ်နေ့ စကားနဲ့အညီ သေဆုံးချိန် အနည်းငယ်တော့ ကွာခြားတတ်ကြတာပါပဲ။ အခု နေခရမ်း တင်ပြမယ့် ချစ်သူစုံတွဲများကတော့ သမိုင်းတစ်လျောက် နာမည်ကြီးခဲ့ကြတဲ့ အချစ်သူရဲကောင်းများ မဟုတ်ကြပါဘူး။ ပြောရလျှင် သူတို့ ဘယ်သူမှန်းပင် မသိကြရပါ။ ရှေးဟောင်းသမိုင်းပညာရှင်များ ပြန်လည်တူးဖော်မှုကြောင့် ထွက်ပေါ်တွေ့ရှိလာရတဲ့ တူနှစ်ကိုယ်စုံတွဲ သေပွဲဝင်ခဲ့ရတဲ့ အမည်မသိ ချစ်သူစုံတွဲများ အကြောင်း ဖြစ်ပါတယ်။
(၁) Valdaro ချစ်သူများ
၂၀၀၇ ခုနှစ်တွင် အီတလီနိုင်ငံ ၊ Mantua မြို့တွင် ပုံမှာမြင်ရသည့် အရိုးစု နှစ်ခုကို အတူတကွ တူးဖော်တွေ့ရှိခဲ့ရပါတယ်။ အရိုးစုနှစ်ခုသည် မျက်နှာချင်းဆိုင် ဖတ်လျက်ပုံစံမျိုးဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပညာရှင်များရဲ့ စစ်ဆေးမှုအရ အသက် ၂၀ မကျော်သေးသော လူငယ်စုံတွဲဖြစ်ကြောင်း သိခဲ့ရပါတယ်။ ကိုယ်ခန္ဓာကို ကွေးထားကာ အရပ်အားဖြင့် ၅ ပေ ၂ လက်မခန့်ရှိ ထို လူငယ်စုံတွဲ၏ သက်တမ်းမှာ နှစ်ပေါင်း ၆၀၀၀ ခန့် ရှိနေပါပြီ။
အမျိုးသားဖြစ်သူလည်ပင်းတွင် ကျောက်ဖြင့်ပြုလုပ်ထားသော မြားအပိုင်းအစများ တွေ့ရသလို အမျိုးသမီး အရိုးစုတွင်လည်း ပေါင် နှင့် ဆီးခုံ၌ ကျောက်ဖြင့်ပြုလုပ်ထားသော ဓားကဲ့သို့ အပိုင်းအစများ တွေ့ရပါတယ်။ လွန်ခဲ့သော နှစ် ၆၀၀၀ ခန့်က မည်သည့် အကြောင်းအရာကြောင့် ထိုကဲ့သို့ သေဆုံး မြှုပ်နှံခဲ့ကြကြောင်း မသိကြရပါ။ ဒါပေမယ့် သူတို့ကို တွေ့ရှိရသည့် ပုံစံမှာ ထူးခြားလှသလို တွေ့မြင်ရသူများ အနေဖြင့် လွမ်းဆွတ်ကြေကွဲဖွယ် ခံစားကြရပါတယ်။ ဒါကြောင့်လည်း ဒီအရိုးစုစုံတွဲကို ကျောက်ခေတ် ရိုမီယို နဲ့ ဂျူးလိယက်စုံတွဲ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ယခုအခါ ထိုအရိုးစုစုံတွဲကို Mantua ပြတိုက်တွင် ပြသထားပါတယ်။
လက်ရာမြောက်လှသည့် ပန်းချီပုံများ
ဓာတ်ပုံကို ကြည့်ပြီး ရေးဆွဲထားသည့် ပန်းချီလက်ရာများပါ။ ယှဉ်ပြထားလျှင် ဘယ်ဟာ ဓာတ်ပုံ ဘယ်ဟာ ပန်းချီလဲဆိုတာ ခွဲရခက်လောက်အောင် လက်ရာမြောက်လှပါသည်။ Sophie Edwards ဆိုသည့် ပန်းချီပညာရှင်တစ်ဦး၏ လက်ရာများ ဖြစ်ပါတယ်။
Wednesday, July 26, 2017
ကမ္ဘာ့အကြီးဆုံး ဝင်္ကပါဥယျာဉ်ကြီး
ခြံစည်းရိုးများတွင် စိုက်လေ့ရှိသော အပင်များဖြင့် ယခုနောက်ဆုံး ဂင်းနစ်မှတ်တမ်းတင်ထားသော ဝင်္ကပါဥယျာဉ်ကြီးပါ။ လိပ်ပြာဝင်္ကပါ ဟုအမည်ပေးထားသော ထိုဥယျာဉ်ကြီး၏ အကျယ်အဝန်းမှာ ၃၃၅၆၄.၆၇ စတုရန်းမီတာ (၈.၂၉၄ ဧက) အထိရှိပါသည်။ ဝင်္ကပါလမ်းကြောင်းများ၏ ကွေ့ဝိုက်ထားသော စုစုပေါင်း လမ်းကြောင်း အရှည်မှာ ၅.၂ မိုင် အထိရှိပါသည်။ ထိုဝင်္ကပါဥယျာဉ်ကြီးသည် တရုတ်နိုင်ငံ တွင်တည်ရှိပြီး Ningbo Maze Tourism Development မှ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ Adrian Fisher ဆိုသည့် ပညာရှင်မှ ဒီဇိုင်းထုတ်ပြီး စီမံတည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ဝင်္ကပါလမ်းနှင့် အရက်ဆိုင်
ဆိုင်အဝင်လမ်းကို အဖြောင့်မဖောက်ဘဲ ဝင်္ကပါလမ်းကဲ့သို့ ကွေ့ကောက်ဖောက်ထားသော အိန္ဒိယနိုင်ငံမှ အရက်ဆိုင်တစ်ဆိုင်ပါ။
တမင်ဒီဇိုင်ထွင်ပြီး ထိုကဲ့သို့ ကွေ့ကောက်လမ်းဖောက်ထားခြင်း မဟုတ်ပါ။ အိန္ဒိယနိုင်ငံတွင် အရက်ဆိုင်သည် လမ်းမမှ မီတာ ၅၀၀ အနည်းဆုံး ဝေးရမည့် ဥပဒေထုတ်ပြန်လိုက်သဖြင့် ထိုကဲ့သို့ လမ်းမရှည် ရှည်အောင် ကွေ့ကောက်ဖောက်ထားခြင်းပါ။
ယခုဖောက်ထားသည့်အတိုင်း လမ်းမ မှ ဆိုင်ကိုတိုင်းလျှင် မီတာ ၅၂၀ အထိဝေးပါသည်။
လက်တစ်လုံးခြားလုပ်တာ ဆိုပေမယ့် လာသောက်သူများအနေဖြင့် အပြန်မူးနေချိန်တွင် ရွာလည်နေနိုင်ပါတယ်ဗျာ။
ခွေးလေးများ၏ ကြောက်လန့်နေပုံများ
ခွေးလေးများ၏ ချစ်စဖွယ် ကြောက်လန့်နေကြပုံများပါ။ ကြည့်လိုက်ကြပါအုံးနော်...
တန်ဝက် အလေးချိန်ကို မပြခဲ့သည့် ဗြိတိန်လူသန်ကြီး ကမ္ဘာ့စံချိန်တင်
 ဗြိတိန်နိုင်ငံမှ အလေးမ အားကစား သမား အက်ဒီဟောလ်ဟာ တန်ဝက် အလေးချိန် ရှိတဲ့ အလေးကို မပြ ခဲ့ပြီးနောက် သမိုင်းမှာ မယုံနိုင် လောက်စရာ အံ့ဖွယ် လူသားတဦး ဖြစ်လာ ခဲ့ပါတယ်။
ခုလို အလေးချိန်ကို မ ပြခဲ့တဲ့ အခိုက် အတန့်မှာ ခေါင်းထဲက သွေးကြောတွေ ပေါက်ထွက်တော့ မတတ်ဖြစ်ခဲ့ပြီး သိစိတ်ပျောက် သွားခဲ့ တယ်လို့ သူက ၀န်ခံ လိုက်ပါတယ်။
ခုချိန် မှာတော့ အရပ် အမြင့် ၆ ပေ ၃ လက်မ ရှိတဲ့ အသက် ၂၉ နှစ် အရွယ် အက်ဒီ ဟောလ်ဟာ အလေးချိန် ၅၀၀ ကီလိုဂရမ်လောက်ကို အသာလေး မပြနိုင်တဲ့ အလေးမ ဘုရင် ဖြစ်လာ ခဲ့ပါပြီ။
ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ အချိန် ၂၄ နာရီအတွင်း ၀င်ရောက်ကြည့်ရှုသူ ၃ သန်းနီးပါး ရှိခဲ့ပါတယ်။
ဒါပေမယ့် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူဟာ အဲဒီလို မ ပြခဲ့ပြီးနောက် ဒူးကွေးကျခဲ့ပြီး သိစိတ်ပျောက်သလို ဖြစ်သွားခဲ့တာကို တွေ့ရမှာပါ။
ဘေ့စ်ဘော အားကစား ကို ဘယ်သူ စတင်ခဲ့သလဲ
ဘေ့စ်ဘော အားကစားနဲ့ ပတ်သက် လာရင်တော့ ပြည်တွင်း စစ်မှာ ပါဝင်ခဲ့တဲ့ Abner Doubleday ဆိုတဲ့ ဗိုလ်ချုပ် ကို သိထားဖို့ လိုပါ လိမ့်မယ်။ ၁၈၃၉ ခုနှစ်က နယူးယော့ခ်မြို့ ကူးပါးစ်တောင်း ဆိုတဲ့ မြို့နယ်မှာ ထိုဗိုလ်ချုပ် က ဘေ့စ်ဘောလို့ အမည် တွင်တဲ့ အားကစားကို စတင် တီထွင် ခဲ့ပါတယ်။
အဲဒီနောက် မှာတော့ A.J.Spalding ဆိုတဲ့ မေဂျာလိဂ် ကစားသမား တစ်ဦးနဲ့ သတ္တုတွင်း အင်ဂျင်နီယာ တစ်ယောက် ဖြစ်တဲ့ Abner Graves တို့က ၁၉၃၀ ခုနှစ်မှာ အမျိုးသား ဘေ့စ်ဘော ပြတိုက်ကို စတင် တည်ဆောက် ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း တစ်ကယ်တမ်းမှာတော့ ဘေ့စ်ဘော ရာဇ၀င်ဟာ Doubleday ရဲ့ ရာဇ၀င်ထက် များစွာ ရှုပ်ထွေးနေ ပါသေးတယ်။
ကမ္ဘာ့ တက်တူး အများဆုံး အမျိုးသမီး
ကမ္ဘာပေါ်မှာ တက်တူး အများဆုံး အမျိုးသမီး အဖြစ် စံချိန် တင်ထားနိုင် သူကတော့ အမေရိကန် နိုင်ငံသူ ဂျူလီယာ ဂျီးနပ်စ် ဖြစ်ပြီး အခုအချိန်မှာ အသက် ၅၇ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ ဂျီးနပ်စ် ဟာ သူ့ခန္ဓာကိုယ်ရဲ့ ၉၅ ရာခိုင်နူန်းကို တက်တူးများနဲ့ ဖုံးအုပ် ထားသူပါ။
သူမဟာ တက်တူး အများဆုံးကို ပိုင်ဆိုင်တဲ့ အမျိုးသမီး အဖြစ် ဂင်းနစ် မှတ်တမ်းတင် ထားနိုင်သူ ဖြစ်ပြီး အခုအထိ သူ့စံချိန်ကို လိုက်မှီသူ မရှိသေး ပါဘူး။
ဂျီးနပ်စ်ဟာ အရေပြား ရောဂါ တစ်မျိုးကို ခံစားနေ ရသူဖြစ်ပြီး ဒီရောဂါကြောင့် ဖြစ်တဲ့ အမာရွတ်တွေကို ဖုံးကွယ်ဖို့ ခြေထောက်မှာ တက်တူး ထိုးတာကနေ ဒီအနုပညာကို စွဲလမ်း သွားခဲ့ ရတာ ဖြစ်ပါတယ်။
ခြေထောက်ကနေ စလို့ ဝမ်းဗိုက်၊ လက်မောင်းနဲ့ နောက်ကျော တို့မှာ တဖြည်းဖြည်း ရောင်စုံ ပုံတွေ ရေးထိုးခဲ့ပြီး အခု အချိန်မှာတော့ တက်တူး ပုံတွေကို သူ့မျက်နှာပေါ် မှာပါ မြင်တွေ့ ရမှာဖြစ် ပါတယ်။
ဂျီးနပ်စ်ရဲ့ တက် တူးတွေမှာ တောတောင်ရှုခင်းပုံတွေ၊ သူနှစ်သက်တဲ့ ကာတွန်းဇာတ်ကောင်ပုံတွေ၊ တိရစ္ဆာန်ပုံတွေပါဝင်ပြီး တစ်ခုထူးခြားတာက သူဟာ ဒီပုံတွေ အကုန်လုံးကို တက်တူးပညာရှင်တစ်ယောက်တည်းဆီမှာ ရေးထိုးခဲ့ တာဖြစ် ပါတယ်။
Ref: Wiki
Credit:Yangon Media Group
ကော်မိုရန် မြို့တော်ဝန်အဖြစ် Duke အမည်ရှိ ခွေးက တတိယ အကြိမ် ရွေးချယ်ခံရ
ဝါရှင်တန် ၊ ၂၆-၈-၂၀၁၆
Duke အမည်ရှိ Great Pyrenees အမျိုးအစား ခွေးသည် အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်ရှိ ကော်မိုရန် မြို့တော်ဝန် အဖြစ် တတိယ အကြိမ်မြောက် သက်တမ်း အတွက် ပြန်လည် ရွေးချယ် ခံခဲ့ ရကြောင်း သိရသည်။
Duke သည် မြို့အတွင်း ကျင်းပခဲ့သည့် မြို့တော်ဝန် ရွေးချယ်ပွဲ၌ ဒေသတွင်းရှိ အခြား မြို့တော်ဝန် ကိုယ်စားလှယ်လောင်း ဖြစ်သူ စတိုးဆိုင် ပိုင်ရှင် ရစ်ချက်ဘရုစ် ကိုကျော်ဖြတ်၍ အနိုင် ရရှိခဲ့ခြင်း ဖြစ်ပြီး လူဦးရေ ၁ဝဝဝ ခန့် နေထိုင်သည့် ကော်မိုရန် မြို့တော်ဝန် အဖြစ် ပြန်လည် ရွေးချယ် ခံခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် Duke သည် မြို့တော်ဝန် အဖြစ် တတိယ အကြိမ်မြောက် အနိုင်ရရှိ ခဲ့ပြီးနောက် ခြောက်ကြိမ်မြောက် နှစ်ပတ်လည် Cormorant Daze Festival ပွဲတော်အား ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်သို့ Doke သည် ကြယ်များဖြင့် စီခြယ်ထားသည့် ခွေးလည်ပတ်နှင့် ဦးထုပ်အနက် အသေးတစ်လုံးကို ဝတ်ဆင် တက်ရောက် ခဲ့ကြောင်း သိရသည်။
Credit:pyichitthar.com
အရပ်ဆက်လက်ရှည်နေဆဲ ကမ္ဘာ့စံချိန်တင် အရပ်အရှည်ဆုံး ဆယ်ကျော်သက်
အရပ် အမြင့် ၇ ပေ ၈ လက်မနဲ့ ကမ္ဘာ့ အရပ် အရှည်ဆုံး ဆယ်ကျော်သက် အဖြစ် စံ ချိန်တင် ထားခဲ့တဲ့ ဘရော့ဂ်ဘရောင်းဒ်ဟာ အရပ် ဆက်လက်
မြင့်နေဆဲ ဖြစ်တယ်လို့ မေရာ သတင်း တပုဒ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့က ဖော်ပြ ပါတယ်။
လက်ရှိမှာ အသက် ၁၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘရော့ဂ် ဘရောင်းဒ်ဟာ အမေရိ ကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်မှဖြစ်ပြီး သူ့ရဲ့ အရပ်ရှည်ထွက်နှုန်းဟာ တနှစ်ကို ၆ လက်မ လောက်ရှိနေတာဖြစ်ပါတယ်။
ခုလိုသာ ဆက်ပြီး အရပ်ရှည်လာမယ်ဆိုရင်တော့ လက်ရှိစံချိန်တင် ကမ္ဘာ့အရပ် အမြင့်ဆုံးအမျိုးသား ဆူလ်တန် ကိုဆန်ရဲ့ စံချိန်တင် အရပ်အမြင့် ၈ ပေ ၂ လက်မကို ကျော်သွားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ မိခင်ဖြစ်သူ ဒါချီက “ဘရော့ဂ်ဟာ သူငယ်တန်းလောက်မှာကိုပဲ အရပ်အမြင့် ၅ ပေ ၂ လက်မလောက်ရှိနေပါပြီ”လို့ ပြောပါတယ်။
သင့်ရဲ့ ဆီးအရောင်မှသိရှိနိုင်သော ကျန်းမာရေး အကြောင်း
တစ်ခါတစ်ရံ ဆီးအရောင်ကို ဆရာဝန်တွေ ခန်းမှန်းပြီး ရောဂါကို ခန်းမှန်းကြပါတယ်။ သင့်ရဲ့ ဆီးအရောင် ၊ အနံ့ကနေမှ သင့်ကျန်းမာ
ရေးအခြေအနေကို ခန်းမှန်းနိုင်ပါတယ်။ ဒါကြောင့် ဆီးအရာင်အကြောင်းလေးကို မျှဝေပေးမယ်နော်။
အဖြူရောင်
---------
ကျန်းမာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်သူများဖြစ်ပါတယ်။ ရေဓာတ်ရရှိပြီး ခန္ဓာကိုယ် ကျန်းမာရေး ကောင်းမွန်ပါတယ်။
အဝါရောင်
----------
ကျန်းမာရေး ကောင်းမွန်ပါတယ်။ ဒီလိုဆီးအရောင်ဖြစ်ပါက ကျန်းမာရေးကောင်းမွန်ပြီး အနာရောဂါ ကင်းစင်စေပါတယ်။။
အဝါရောင် အရင့်
----------------
ဒါဆိုရင်တော့ စိုးရိမ်စရာပါပဲ။ ရေဓာတ်လျော့နည်းနေလို့ပါ။ ရေများများသောက်သုံးပေးသင့်ပါတယ်။
တစ်နှစ်တစ်ကြိမ် အသက်သခင်ကျေးဇူးရှင်ဆီ အလည်ပြန်လာသော ပင်ဂွင်းလေး
၂၀၁၁ ခုနှစ်တွင် အသက် ၇၁ နှစ်အရွယ်ရှိ ဘရာဇီးလူမျိုး ငါးဖမ်းသမားအဖိုးအိုကြီးသည် ကမ်းခြေတစ်ခု၌ သေအံဆဲဆဲ ပင်ဂွင်းငှက်လေးတစ်ကောင်ကို တွေ့ရှိခဲ့ပါသည်။
အဖိုးအိုမှ ထိုပင်ဂွင်းငှက်လေးကို အိမ်သို့သယ်ယူလာပြီး ပြုစုပေးခဲ့ကာ Jinjim ဟုအမည် ပေးခဲ့ပါသည်။
Jinjim လေး နေကောင်းပြီးနောက် သူ့နေရပ်ဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
ဒါပေမယ့် ပင်ဂွင်းလေး Jinjim သည် နှစ်စဉ်နှစ်တိုင်း သူ၏အသက်သခင်ကျေးဇူးရှင် အဖိုးအိုရှိရာသို့ ပြန်လည်လာရောက် လည်ပတ်ကာ တွေ့ဆုံလေ့ရှိပါသည်။ Jinjim တစ်ယောက် သူ့နေထိုင်ရာအရပ်မှ အဖိုးအိုရှိရာသို့ 8000 km ဝေးသော ခရီးကို ကူးဖြတ်ကာ နှစ်စဉ်လာရောက်နေခြင်း ဖြစ်ပါသည်။
တိရိစ္ဆာန်လေးပေမယ့် အသက်သခင်ကျေးဇူးရှင်ကို မမေ့မပျောက် သိတတ်ပုံလေးက ချီးကျူးစရာပါ။
Monday, July 24, 2017
ထူးခြားလှပသော ကော်ဖီပန်းချီပုံလေးများ (၄)
ကော်ဖီရည်ကို ပန်းချီဆေးအဖြစ် အသုံးပြုဖန်တီးထားသည့် ပန်းချီပုံများပါ။ Maria A.Aristidou ဆိုသူ အနုပညာရှင်အမျိုးသမီးတစ်ဦး၏ အနုစိတ် လက်ရာမြောက် ဖန်တီးထားမှုများပါ။
ထူးခြားလှပ Body Art ပန်းချီများ (၆)
ဂျပန် အနုပညာရှင်တစ်ဦးဖြစ်တဲ့ Hikaru Cho ရဲ့ သေသပ်ပီပြင်လှသော Body Art ပုံလေးများ ဖြစ်ပါတယ်။
ကမ္ဘာတစ်လွှားမှ လှပဆန်းပြားသော ရေပန်းအလှများ
ကမ္ဘာ့နေရာဒေသ အသီးသီးရှိ လှပသစ်ဆန်းနေသည့် ရေပန်းအလှများကို စုစည်းတင်ပေးပါမည်။ ရေပန်းအလှများကို ကြည့်ပြီး စိတ်ပျော်ရွှင်ကြည်နူးနိုင်ကြပါစေဗျာ...
ဂျပန်နိုင်ငံ အိုဆာကာရှိ တည်ဆောက်ပုံဒီဇိုင်းထူးဆန်းသည့် Nine Floating Fountains ပါ။ လေပေါ်လွင့်မျောနေသလို ရှု့မြင်ရမည် ဖြစ်ပါတယ်။
UAE နိုင်ငံ ဒူဘိုင်းမှာ တည်ရှိသော ရေပန်းကြီးပါ။ ဒီရေပန်းတည်ဆောက်ပြီးချိန်၌ ကမ္ဘာ့အကြီးဆုံးရေပန်းအဖြစ် မှတ်တမ်းအတင်ခံခဲ့ရပါတယ်။
ပင်ဂွင်းငှက်များ သန်းနှင့်ချီရှိနေသော မက်ကွာရီကျွန်း
သြစတြေးလျနိုင်ငံ တောင်ဘက်ပိုင်းရှိ မက်ကွာရီကျွန်းပေါ်တွင် ပင်ဂွင်းငှက်များ နှင့် အခြားသော ပင်လယ်ပျော်ငှက်မျိုးစိတ်များ သန်းနှင့်ချီ တည်ရှိနေပါသည်။ အထူးသဖြင့် ကျွန်းတစ်ခုလုံးတွင် ပင်ဂွင်းငှက်များကို အပြည့်တွေ့မြင်ရမည့် ထူးခြားသည့် ကျွန်းကလေးတစ်ကျွန်း ဖြစ်ပါသည်။
မက်ကွာရီကျွန်းသည် စုစုပေါင်း ဧရိယာ မိုင် ၉၀၀ ခန့်သာရှိပေမယ့် တွေ့ရခဲသော ပင်ဂွင်းမျိုးစိတ် ၄ မျိုးကို တစ်နေရာတည်းတွင် အများအပြား တွေ့ရမည် ဖြစ်ပါသည်။ အထူးသဖြင့် royal penguin မျိုးစိတ် ၈ သိန်းခွဲ ခန့် နှင့် king penguin မျိုးစိတ် ၁ သိန်းခန့်သည် လွတ်လွတ်လပ်လပ် နေထိုင် ကျက်စားနေကြပါသည်။ ထို့ပြင် အခြားသော ပင်ဂွင်းငှက်မျိုးစိတ်များလည်း အများအပြား လာရောက် နေထိုင်တတ်ကြပါသည်။
မက်ကွာရီကျွန်းပေါ်တွင် ပင်ဂွင်းငှက်များစွာ နှင့်အတူ ပင်လယ်ဖျံကြီးများလည်း အတူတကွ နေထိုင်ကြပါသည်။ ထို့အပြင် ပင်လယ်ဇင်ယော်ငှက် မျိုးစိတ်အများအပြားလည်း ထိုကျွန်းပေါ်တွင် နေထိုင်ကြပါသည်။ ထို့ပြင် ကျွန်းပေါ်တွင် ယုံများ ၊ ကြွက်မဲများ ၊ ကြောင် များနှင့်အတူ အခြားသော  တိရိစ္ဆာန်များလည်း နေထိုင်ကြပါသည်။
သြစတြေးလျနိုင်ငံ နှင့် နယူးဇီလန်နိုင်ငံ မှ ငှက်မျိုးစိတ် အများအပြားသည်လည်း ထိုကျွန်းပေါ်သို့ ရောက်ရှိနေထိုင်တတ်ကြပါသည်။ ထိုကျွန်းပေါ်တွင် ပင်ဂွင်းငှက်များ လေးသန်းခန့် အထိ လာရောက်နေထိုင် တတ်ကြကြောင်း ဆိုကြပါသည်။
စပိန်နိုင်ငံ မှ ခရမ်းချဉ်သီးတိုက်ပွဲတော်
သူငယ်ချင်းတို့အတွက် ဒီတစ်ခါ ပျော်စရာကောင်းတဲ့ ပွဲတော်တစ်ခုအကြောင်း တင်ပြပေးပါအုံးမယ်။ ဒါကတော့ စပိန်နိုင်ငံ အရှေ့ပိုင်းရှိ Buñol မြို့လေးမှ နှစ်စဉ်ကျင်းပလေ့ရှိသော ခရမ်းချဉ်သီးများနဲ့ ပစ်ပေါက်ဆော့ကစားတဲ့ ပွဲတော်အကြောင်းပါ။
Buñol မြို့လေးမှာ ထိုကဲ့သို့ ပွဲတော်ကို ၁၉၄၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တယ်လို့ ဆိုကြပါတယ်။ ရှေးနှစ်များမှာ ကလေးငယ်များ စတင်ဆော့ကစားခဲ့ကြတယ်ဟု ဆိုကြပြီး နောက်ပိုင်းနှစ်များကျမှ မြို့နေလူထုမှပါ တပျော်တပါး ပါဝင်ဆင်နွဲခဲ့ကြတာပါ။
ယခုအခါမှာတော့ မြို့၏ အထင်ကရပွဲတော်တစ်ခုအဖြစ်ရော ၊ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာပွဲတော်အနေဖြင့်ပါ မြို့ခံလူထုအပြင် နိုင်ငံတစ်ဝန်းက ပြည်သူတွေရော ၊ ကမ္ဘာလှည့် ခရီးသည်များပါ တကူးတကလာရောက် ဆင်နွဲလေ့ ရှိကြပါတယ်။
Tuesday, July 11, 2017
သတ္တုများကို ဆွဲငင်နိုင်သည့် အံ့ဖွယ် သံလိုက်လူသား ကလေးငယ်
အသက် ၅ နှစ် အရွယ်သာ ရှိသေးတဲ့ ကလေးငယ် တဦးရဲ့ ခန္ဓာကိုယ်ဟာ သတ္တု ပစ္စည်းတွေ ကို ဆွဲငင်နိုင်စွမ်း ရှိတဲ့ အဖြစ် အပျက်ဟာ ဆရာဝန်တွေကို စိတ်ရှုပ်ထွေး ဝေခွဲ မရအောင် ဖြစ်စေ ခဲ့ပါတယ်။
ကလေးငယ် အာမဲန်ဒဲလ်လစ်ဟာ နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင် X-Men ထဲက ဇာတ်ကောင် သံမဏိလူသားတဦးလို ဖြစ်နေခဲ့ပြီး ဒီစွမ်းရည်တွေကို သူ့မိဘတွေ သတိပြုမိခဲ့ချိန်မှာတော့ မှင်တက်အံ့သြသွားခဲ့ကြတာပါ။
မေရာသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဓား၊ ကတ်ကြေး စတဲ့ သတ္တု ကိရိယာပစ္စည်းတွေကို သူ့ဆီ ဆွဲငင်နိုင်ခဲ့တာကို တွေ့ရမှာပါ။
သူ့ရဲ့ ရင်ဘတ်မှာ ဒင်္ဂါးပြား ၁၃ ပြား အပါအဝင် ဇွန်း ၃ ချောင်း၊ ခက်ရင်းတချောင်းတို့ကို ဆွဲငင်ကပ်ထားခဲ့ကာ နောက်ကျောဘက်တွေထိ ဆွဲငင်နိုင်စွမ်း ရှိနေတာပါ။
အာမဲန်ရဲ့ မိဘတွေဟာ တနေ့ အိမ်မှာ တီဗွီကြည့်နေရင်း ကလေးငယ်ရဲ့ ခန္ဓာကိုယ်ဟာ သတ္တုပစ္စည်းတွေကို ဆွဲငင်နိုင်တဲ့ အစွမ်းသတ္တိရှိနေတာကို ရုတ်တရက် သိခဲ့ရတာလို့ ဆိုပါတယ်။
အိမ်ဖော်နဲ့ဖောက်ပြန်တဲ့ ခင်ပွန်းသည် အကြောင်းကို အိမ်ရှင်မဆီမှာ ဖော်ထုတ်ခဲ့တဲ့ ကြက်တူရွေး
ကြက်တူရွေး ကဲ့သို့ လူစကား မတောက် တခေါက် ပြောတတ်တဲ့ အိမ်မွေး တိရစ္ဆာန် တွေဟာ တစ်ခါတလေ ရာဇ၀တ်မှု တွေကို ဖော်ထုတ် ရာမှာ လိမ္မာ ပါးနပ် ကြပါတယ်။
ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ပေမယ့် တစ်ချို့သောကိစ္စရပ်တွေမှာတော့ ၎င်း အိမ်မွေးတိရစ္ဆာန်တွေရဲ့ အကူအညီဟာ လူတွေ ကူညီနိုင်တာထက် ထိရောက်တတ်ပါတယ်။
အခုလည်း အိမ်မွေးကြက်တူရွေး တစ်ကောင်ဟာ အိမ်ဖော်နဲ့ ဖောက်ပြန်တဲ့ ခင်ပွန်းသည် အကြောင်းကို ဖောက်သည်ပြန်ချ ခဲ့ပါတယ်။ ဒီလို ပြုလုပ်ခဲ့တဲ့ အတွက် အိမ်ရှင် အိမ်ထောင်သည် ယောက်ျားဟာ ဇနီးနဲ့ ကွာရှင်း ရမလို၊ ထောင်ဒဏ် ကျခံရမလို အထိကို ဖြစ်ခဲ့တဲ့ အဖြစ် အပျက်ပါ။
အဲဒီ မိသားစုရဲ့နာမည်တွေကို ဖော်ပြ မထားပေမယ့် ဒီသတင်းကို ကြက်တူရွေးက အိမ်ရှင်မရှေ့မှာ စာရွတ် သလို တတွတ်တွတ် ရွတ်ဆို ခဲ့ပါတယ်။
တရုတ်တွင် ကမ္ဘာ့အကြီးဆုံး အသည်းပုံ သဘာဝမြေကျွံ ဂလိုင်ပေါက်ကြီး တွေ့ရှိ
တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ရှန်ဇီခရိုင် အတွင်းရှိ ဟန်ဇွန်းမြို့မှာ ကမ္ဘာ့ အကြီးဆုံး သဘာဝ ဂလိုင်ပေါက် အစု အဝေးကို ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ ဒီဇင်ဘာ ၉ ရက်နေ့ စီစီတီဗွီ သတင်းမှာ ဖော်ပြ ထားပါတယ်။
ဒီသဘာဝမြေကျွံဂလိုင်ပေါက်ကြီးတွေရဲ့ စုစုပေါင်း အရေအတွက်က ၄၉ ခုရှိပြီး ကမ္ဘာ့အကြီးဆုံး သဘာဝမြေကျွံဂလိုင်ပေါက် အရေအတွက်လည်း ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။
ဒီသဘာဝဂလိုင်ပေါက်ကြီး ၄၉ ခုထဲက အံ့သြစရာအကောင်းဆုံးတစ်ခုကတော့ ၁၃၀ မီတာကျော် အနက်ရှိတဲ့ အသည်းပုံဂလိုင်ပေါက်ကြီးပါ။ ဒီဂလိုင်ပေါက်ကြီးကို တီရန်ဇူရန်လို့ အမည်ပေးထားပြီး ဂလိုင်ပေါက်ထဲကို ကျောက်ခဲပစ်ချမယ်ဆိုရင် ၇ စက္ကန့်ကြာတဲ့အခါမှ ဂလိုင်ရဲ့အောက်ခြေကို ကျောက်ခဲထိတဲ့ အသံကြားရတယ်လို့ ဆိုထားပါတယ်။
မြေပြင်အထက်မှ လေယာဉ်အနိမ့်ပျံသန်းပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုရုပ်သံမှာ ဂလိုင်ပေါက်ကို အသည်း ပုံစံတွေ့မြင် ရမှာပါ။
ဒီလိုရှားပါးလှတဲ့ သဘာဝပထဝီ ပုံပန်းသွင်ပြင်မျိုးဟာ နှစ်ပေါင်း ၅ သိန်းလောက်ကြာမှ ဖြစ်ပေါ်လာတာလို့လည်း သိရပါတယ်။ ဒီရှားပါးလှတဲ့ သဘာဝ အသည်းပုံမြေကျွံ ဂလိုင်ပေါက်ကို ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။
Credit :  ဒီဗွီဘီ
တောနက်ထဲမှာ သားရိုင်းတိရစ္ဆာန်တွေနဲ့ အတူတူ ကြီးပြင်းခဲ့တဲ့ ကောင်မလေး
Tippi Degre လို့ အမည်ရတဲ့ Mowgli ကလေး မလေးဟာ တောရိုင်း တိရစ္ဆာန်တွေနဲ့ နေ့စဉ် အချိန်ကုန်ကာ ကစားလိုက်၊ သွားလိုက် စားလိုက် လုပ်နေ ခဲ့ပါတယ်။
Tippi ရဲ့ သတင်းကို ကြားသိပြီး ကင်မရာ ဆရာတွေက သူမနဲ့ ဘော်ဒါ အပေါင်းအသင်း တွေရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင် ခဲ့ပါတယ်။
အသက် ၆ နှစ် အရွယ် Tippi ဟာ Abu လို့ အမည်ရတဲ့ ဆင်ကြီးကို အကိုလို ပေါင်းသင်း နေထိုင် ပါတယ်။
ဆောက်လုပ်ရေး လောကမှ အလွဲများ (၅)
ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....
သေကြောင်းကြံတဲ့ လျောစီးစင်ပါလား...
အထဲမှာ လူရှိသလားဆိုတာ မေးစရာမလိုတော့ဘူးပေါ့... :P
အိမ်တွင်းအလှမွေးငါးကန် ဒီဇိုင်းအလန်းများ
ဒီတစ်ခါ သူငယ်ချင်းတို့အတွက် အိမ်အတွင်းအလှဆင် ငါးမွေးကန် ဒီဇိုင်းဆန်းဆန်းလေးများကို တင်ပြပေးပါမယ်။ ခေတ်မှီပြီး လှပဆန်းသစ်နေတာ တွေ့မြင်ရမှာပါ။
Related Posts Plugin for WordPress, Blogger...