Wednesday, July 26, 2017

ကမ္ဘာ့ တက်တူး အများဆုံး အမျိုးသမီး


ကမ္ဘာပေါ်မှာ တက်တူး အများဆုံး အမျိုးသမီး အဖြစ် စံချိန် တင်ထားနိုင် သူကတော့ အမေရိကန် နိုင်ငံသူ ဂျူလီယာ ဂျီးနပ်စ် ဖြစ်ပြီး အခုအချိန်မှာ အသက် ၅၇ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ ဂျီးနပ်စ် ဟာ သူ့ခန္ဓာကိုယ်ရဲ့ ၉၅ ရာခိုင်နူန်းကို တက်တူးများနဲ့ ဖုံးအုပ် ထားသူပါ။
သူမဟာ တက်တူး အများဆုံးကို ပိုင်ဆိုင်တဲ့ အမျိုးသမီး အဖြစ် ဂင်းနစ် မှတ်တမ်းတင် ထားနိုင်သူ ဖြစ်ပြီး အခုအထိ သူ့စံချိန်ကို လိုက်မှီသူ မရှိသေး ပါဘူး။
ဂျီးနပ်စ်ဟာ အရေပြား ရောဂါ တစ်မျိုးကို ခံစားနေ ရသူဖြစ်ပြီး ဒီရောဂါကြောင့် ဖြစ်တဲ့ အမာရွတ်တွေကို ဖုံးကွယ်ဖို့ ခြေထောက်မှာ တက်တူး ထိုးတာကနေ ဒီအနုပညာကို စွဲလမ်း သွားခဲ့ ရတာ ဖြစ်ပါတယ်။
ခြေထောက်ကနေ စလို့ ဝမ်းဗိုက်၊ လက်မောင်းနဲ့ နောက်ကျော တို့မှာ တဖြည်းဖြည်း ရောင်စုံ ပုံတွေ ရေးထိုးခဲ့ပြီး အခု အချိန်မှာတော့ တက်တူး ပုံတွေကို သူ့မျက်နှာပေါ် မှာပါ မြင်တွေ့ ရမှာဖြစ် ပါတယ်။
ဂျီးနပ်စ်ရဲ့ တက် တူးတွေမှာ တောတောင်ရှုခင်းပုံတွေ၊ သူနှစ်သက်တဲ့ ကာတွန်းဇာတ်ကောင်ပုံတွေ၊ တိရစ္ဆာန်ပုံတွေပါဝင်ပြီး တစ်ခုထူးခြားတာက သူဟာ ဒီပုံတွေ အကုန်လုံးကို တက်တူးပညာရှင်တစ်ယောက်တည်းဆီမှာ ရေးထိုးခဲ့ တာဖြစ် ပါတယ်။
Ref: Wiki
Credit:Yangon Media Group

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...